သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေပးအယူလုပ္ ရယူခဲ့ရတဲ့ COP26 သေဘာတူညီခ်က္


Glasgow ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ COP26 ကုလသမဂၢ ရာသီဥတုဆိုင္ရာ ညီလာခံ။

(Zawgyi / Unicode)

ၿဗိတိန္ႏိုင္ငံ Glasgow ၿမိဳ႕မွာ ၂ ပတ္ၾကာ က်င္းပျပဳလုပ္ခဲ့တဲ့ COP26 ကုလသမဂၢ ရာသီဥတုဆိုင္ရာ ညီလာခံအတြင္း ရာသီဥတု ေျပာင္းလဲမႈကို တိုက္ဖ်က္ဖို႔ကိစၥနဲ႔ ပတ္သက္ၿပီး အရွိန္ျမႇင့္ လုပ္ေဆာင္ၾကဖို႔အတြက္ ႏိုင္ငံေပါင္း ၂၀၀ နီးပါးက သေဘာတူညီခ်က္အသစ္ ခ်မွတ္ႏိုင္ခဲ့တဲ့အေပၚမွာ ကမၻာ့ေခါင္းေဆာင္ေတြက ႀကိဳဆို ဂုဏ္ျပဳလိုက္ပါတယ္။

ဒီညီလာခံအတြင္း တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ေတြဟာ ကမၻာလုံးဆိုင္ရာ အပူခ်ိန္ကို စက္မႈေခတ္မတိုင္ခင္ ရွိခဲ့တဲ့အတိုင္း ၁ ဒသမ ၅ ဒီဂရီ စင္တီဂရိတ္ထက္ မေက်ာ္ဘဲ ထားရွိဖို႔ ဆက္ၿပီးေတာ့ လုပ္ေဆာင္ၾကဖို႔နဲ႔ ေက်ာက္မီးေသြးစြမ္းအင္ အသုံးျပဳမႈ ေလွ်ာ့ခ်သြားဖို႔ သေဘာတူခဲ့ၾကပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ အခုလို သေဘာတူညီမႈ ရတဲ့အတြက္ ညီလာခံကို တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ေတြကို ခ်ီးက်ဴးလိုက္ပါတယ္။ ဒါ့အျပင္ ညီလာခံအတြက္ အေမရိကန္ရဲ႕ အထူးကိုယ္စားလွယ္ John Kerry ကလည္း ညီလာခံအတြင္း ေက်ာက္မီးေသြးစြမ္းအင္ ေလွ်ာ့ခ်ဖို႔ကိစၥကို ထည့္သြင္းခဲ့တာဟာ အေရးပါတဲ့အခ်က္ ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဒါေပမယ့္လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေတာ့ သတိထားၿပီး ႀကိဳဆိုခဲ့ပါတယ္။

“ဒါက အေပးအယူလုပ္ၿပီး ရရွိခဲ့တဲ့ သေဘာတူညီခ်က္ ျဖစ္ပါတယ္။ ဒီသေဘာတူညီခ်က္က ဒီကေန႔ ကမၻာႀကီးထဲက အက်ိဳးစီးပြားေတြ၊ သတ္မွတ္ခ်က္ေတြ၊ ကဲြလဲြတာေတြနဲ႔ ႏုိင္ငံေရးဆႏၵေတြကို ထင္ဟပ္ေနပါတယ္။ ဒီထဲမွာ အေရးပါတဲ့ ေျခလွမ္းေတြကို လွမ္းႏိုင္ခဲ့ေပမယ့္ တခ်ိဳ႕ အႀကီးအက်ယ္ ကြဲလြဲေနတာေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ေတာ့ ႏုိင္ငံေရးအရ အားလုံးက ဝိုင္းဝန္းလုပ္ေဆာင္လိုတဲ့ ဆႏၵ မရွိဘူးလို႔” အတြင္းေရးမွဴးခ်ဳပ္ Guterres က ေျပာလိုက္ပါတယ္။

ဒါေပမယ့္ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈမွာ အဓိက အရင္းအျမစ္ျဖစ္တဲ့ ေက်ာက္မီးေသြးစြမ္းအင္ ရပ္ဆိုင္းေရးအစား ေလွ်ာ့ခ်ေရးဆိုတာနဲ႔ အစားထိုးဖို႔ အိႏၵိယရဲ႕ အဆိုျပဳခ်က္အရ ေျပာင္းလဲလိုက္တာကို အႀကီးအက်ယ္ စိတ္ပ်က္ရေၾကာင္း ကၽြန္းႏိုင္ငံငယ္ေတြ အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားက ေျပာဆိုၾကပါတယ္။

အေပးအယူလုပ္ ရယူခဲ့ရတဲ့ COP26 သေဘာတူညီခ်က္
please wait

No media source currently available

0:00 0:01:50 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အပေးအယူလုပ် ရယူခဲ့ရတဲ့ COP26 သဘောတူညီချက်

ဗြိတိန်နိုင်ငံ Glasgow မြို့မှာ ၂ ပတ်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ COP26 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံအတွင်း ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အရှိန်မြှင့် လုပ်ဆောင်ကြဖို့အတွက် နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူညီချက်အသစ် ချမှတ်နိုင်ခဲ့တဲ့အပေါ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်။

ဒီညီလာခံအတွင်း တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ အပူချိန်ကို စက်မှုခေတ်မတိုင်ခင် ရှိခဲ့တဲ့အတိုင်း ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် မကျော်ဘဲ ထားရှိဖို့ ဆက်ပြီးတော့ လုပ်ဆောင်ကြဖို့နဲ့ ကျောက်မီးသွေးစွမ်းအင် အသုံးပြုမှု လျှော့ချသွားဖို့ သဘောတူခဲ့ကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ အခုလို သဘောတူညီမှု ရတဲ့အတွက် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် ညီလာခံအတွက် အမေရိကန်ရဲ့ အထူးကိုယ်စားလှယ် John Kerry ကလည်း ညီလာခံအတွင်း ကျောက်မီးသွေးစွမ်းအင် လျှော့ချဖို့ကိစ္စကို ထည့်သွင်းခဲ့တာဟာ အရေးပါတဲ့အချက် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ သတိထားပြီး ကြိုဆိုခဲ့ပါတယ်။

“ဒါက အပေးအယူလုပ်ပြီး ရရှိခဲ့တဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ ဒီသဘောတူညီချက်က ဒီကနေ့ ကမ္ဘာကြီးထဲက အကျိုးစီးပွားတွေ၊ သတ်မှတ်ချက်တွေ၊ ကွဲလွဲတာတွေနဲ့ နိုင်ငံရေးဆန္ဒတွေကို ထင်ဟပ်နေပါတယ်။ ဒီထဲမှာ အရေးပါတဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ခဲ့ပေမယ့် တချို့ အကြီးအကျယ် ကွဲလွဲနေတာတွေကို ကျော်လွှားနိုင်ဖို့အတွက်တော့ နိုင်ငံရေးအရ အားလုံးက ဝိုင်းဝန်းလုပ်ဆောင်လိုတဲ့ ဆန္ဒ မရှိဘူးလို့” အတွင်းရေးမှူးချုပ် Guterres က ပြောလိုက်ပါတယ်။

ဒါပေမယ့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ အဓိက အရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေးစွမ်းအင် ရပ်ဆိုင်းရေးအစား လျှော့ချရေးဆိုတာနဲ့ အစားထိုးဖို့ အိန္ဒိယရဲ့ အဆိုပြုချက်အရ ပြောင်းလဲလိုက်တာကို အကြီးအကျယ် စိတ်ပျက်ရကြောင်း ကျွန်းနိုင်ငံငယ်တွေ အပါအဝင် နိုင်ငံအတော်များများက ပြောဆိုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG