(Zawgyi / Unicode)
ကမၻာႀကီး ပူေႏြးလာမႈကို ထိန္းခ်ဳပ္ေရး ရည္မွန္းခ်က္ကို ဆက္လက္ထိန္းသိမ္းထားဖို႔ ႏိုင္ငံေပါင္း ၂၀၀ အေခ်အတင္ ေဆြးေႏြးၿပီး စေနေန႔က သေဘာတူခဲ့ၾကေပမယ့္ ေက်ာက္မီးေသြး အသုံးျပဳမႈနဲ႔ ပတ္သက္လို႔ေတာ့ ေနာက္ဆုံးအခ်ိန္က်မွ ေလွ်ာ့ခ်သတ္မွတ္လိုက္ပါတယ္။
ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈမွာ တခုတည္းေသာ အဓိက အရင္းအျမစ္ျဖစ္တဲ့ ေက်ာက္မီးေသြးစြမ္းအင္ ရပ္ဆိုင္းေရးအစား ေလွ်ာ့ခ်ေရး ဆိုတာနဲ႔ အစားထိုးဖို႔ အိႏၵိယရဲ႕ အဆိုျပဳခ်က္အရ ေျပာင္းလဲလိုက္တာကို အႀကီးအက်ယ္ စိတ္ပ်က္ရေၾကာင္း ကၽြန္းႏိုင္ငံငယ္ေတြ အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားက ေျပာဆိုၾကပါတယ္။
စေကာ့တလန္ Glasgow မွာ သီတင္း ၂ ပတ္ၾကာ က်င္းပတဲ့ ကုလသမဂၢ ရာသီဥတုဆိုင္ရာ ညီလာခံ ေနာက္ဆံုးေန႔ အေစာပိုင္းမွာ သေဘာတူညီခ်က္တခု ျမန္ျမန္ဆန္ဆန္ ထြက္ေပၚမလာတဲ့ ကိစၥကို ႏိုင္ငံေတြ မေက်မနပ္ ျဖစ္ခဲ႔ၾကေပမယ့္လည္း ဘာသေဘာတူညီခ်က္မွ မရတာထက္စာရင္ေတာ့ အခု သေဘာတူညီခ်က္က ေကာင္းပါတယ္လို႔ ေျပာၾကပါတယ္။
ေက်ာက္မီးေသြးနဲ႔ ပတ္သက္ၿပီး အသံုးအႏႈန္းကို ေနာက္ဆံုး အခ်ိန္ကပ္ၿပီး ေျပာင္းလဲလိုက္တာက စည္းမ်ဥ္းစည္းကမ္းနဲ႔ မကိုက္ညီဘူးဆိုၿပီး ဆြစ္ဇာလန္နဲ႔ မကၠဆီကိုက ကိုယ္စားလွယ္ေတြက ေျပာဆိုၾကပါတယ္။ ဒါေပမယ့္လည္း ဒီနည္းလမ္းကလြဲလို႔ ေရြးခ်ယ္စရာလည္း မရွိဘူးလို႔ ေျပာပါတယ္။
ဒီလို ေျပာင္းလဲလိုက္တာေၾကာင့္ စက္မႈေခတ္မတိုင္ခင္ ကာလက အပူခ်ိန္ထက္ ၁ ဒသမ ၅ ဒီဂရီ ဆဲလ္ဆီးယပ္စ္ အထိပဲ ကမၻာႀကီး ပူေႏြးမႈကို ထိန္းထားေရးဆိုတဲ့ ႏိုင္ငံတကာရဲ႕ ရည္မွန္းခ်က္ကို ျပည့္မီဖို႔ ပိုၿပီး ခက္ခဲသြားေစမယ္လို႔ ဆြစ္ဇာလန္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ဝန္ႀကီးက ေျပာပါတယ္။
အိႏၵိယရဲ႕ ေတာင္းဆိုခ်က္ဟာ ရာသီဥတုဆိုင္ရာ အၿပီးသတ္ သေဘာတူညီခ်က္ကို အားေလ်ာ့သြားေစတယ္လို႔ ႏိုင္ငံအမ်ားအျပားနဲ႔ ရာသီဥတုအေရး လႈပ္ရွား ေဆာင္ရြက္သူေတြက ေထာက္ျပၾကပါတယ္။
ဒီသေဘာတူညီခ်က္ကို အျပဳသေဘာ ႐ႈျမင္သူေတြလည္း ရွိပါတယ္။ အေမရိကန္ရဲ႕ ရာသီဥတုအေရးဆိုင္ရာ အထူးကိုယ္စားလွယ္ John Kerry ကေတာ့ ျပႆနာတခ်ိဳ႕ ရွိေပမယ့္လည္း ၿခံဳၾကည့္ရင္ေတာ့ သိပ္ေကာင္းတဲ့ သေဘာတူညီခ်က္ ျဖစ္ပါတယ္လို႔ AP သတင္းေအဂ်င္စီကို ေျပာပါတယ္။
---------------------
(Unicode)
COP26 ရာသီဥတု ညီလာခံမှာ ကျောက်မီးသွေး သုံးစွဲမှု လျှော့ချဖို့ သဘောတူ
ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ရေး ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ နိုင်ငံပေါင်း ၂၀၀ အချေအတင် ဆွေးနွေးပြီး စနေနေ့က သဘောတူခဲ့ကြပေမယ့် ကျောက်မီးသွေး အသုံးပြုမှုနဲ့ ပတ်သက်လို့တော့ နောက်ဆုံးအချိန်ကျမှ လျှော့ချသတ်မှတ်လိုက်ပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ တခုတည်းသော အဓိက အရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေးစွမ်းအင် ရပ်ဆိုင်းရေးအစား လျှော့ချရေး ဆိုတာနဲ့ အစားထိုးဖို့ အိန္ဒိယရဲ့ အဆိုပြုချက်အရ ပြောင်းလဲလိုက်တာကို အကြီးအကျယ် စိတ်ပျက်ရကြောင်း ကျွန်းနိုင်ငံငယ်တွေ အပါအဝင် နိုင်ငံအတော်များများက ပြောဆိုကြပါတယ်။
စကော့တလန် Glasgow မှာ သီတင်း ၂ ပတ်ကြာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ အစောပိုင်းမှာ သဘောတူညီချက်တခု မြန်မြန်ဆန်ဆန် ထွက်ပေါ်မလာတဲ့ ကိစ္စကို နိုင်ငံတွေ မကျေမနပ် ဖြစ်ခဲ့ကြပေမယ့်လည်း ဘာသဘောတူညီချက်မှ မရတာထက်စာရင်တော့ အခု သဘောတူညီချက်က ကောင်းပါတယ်လို့ ပြောကြပါတယ်။
ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး အသုံးအနှုန်းကို နောက်ဆုံး အချိန်ကပ်ပြီး ပြောင်းလဲလိုက်တာက စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးဆိုပြီး ဆွစ်ဇာလန်နဲ့ မက္ကဆီကိုက ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းကလွဲလို့ ရွေးချယ်စရာလည်း မရှိဘူးလို့ ပြောပါတယ်။
ဒီလို ပြောင်းလဲလိုက်တာကြောင့် စက်မှုခေတ်မတိုင်ခင် ကာလက အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိပဲ ကမ္ဘာကြီး ပူနွေးမှုကို ထိန်းထားရေးဆိုတဲ့ နိုင်ငံတကာရဲ့ ရည်မှန်းချက်ကို ပြည့်မီဖို့ ပိုပြီး ခက်ခဲသွားစေမယ်လို့ ဆွစ်ဇာလန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးက ပြောပါတယ်။
အိန္ဒိယရဲ့ တောင်းဆိုချက်ဟာ ရာသီဥတုဆိုင်ရာ အပြီးသတ် သဘောတူညီချက်ကို အားလျော့သွားစေတယ်လို့ နိုင်ငံအများအပြားနဲ့ ရာသီဥတုအရေး လှုပ်ရှား ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။
ဒီသဘောတူညီချက်ကို အပြုသဘော ရှုမြင်သူတွေလည်း ရှိပါတယ်။ အမေရိကန်ရဲ့ ရာသီဥတုအရေးဆိုင်ရာ အထူးကိုယ်စားလှယ် John Kerry ကတော့ ပြဿနာတချို့ ရှိပေမယ့်လည်း ခြုံကြည့်ရင်တော့ သိပ်ကောင်းတဲ့ သဘောတူညီချက် ဖြစ်ပါတယ်လို့ AP သတင်းအေဂျင်စီကို ပြောပါတယ်။