သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COP26 ရာသီဥတု ညီလာခံမွာ ျမန္မာ့သစ္ေတာထိန္းသိမ္းေရး မွတ္တမ္း႐ုပ္ရွင္ ျပသ


ကရင္ျပည္နယ္အတြင္းက သစ္ေတာျပဳန္းတီးေနတဲ့ ျမင္ကြင္းတခု။

(Zawgyi / Unicode)

စေကာ့တလန္ Glasgow မွာ က်င္းပေနတဲ့ ကုလသမဂၢ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ညီလာခံ COP26 မွာ ျမန္မာႏိုင္ငံ တိုင္းရင္းသားေဒသေတြက ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအေၾကာင္း မွတ္တမ္း႐ုပ္ရွင္ ျပသသြားခဲ့ပါတယ္။

အရင္စစ္အစိုးရ လက္ထက္မွာ သစ္ေတာျပဳန္းတီးမႈေတြ အႀကီးအက်ယ္ ႀကံဳခဲ့ရတဲ့ အေျခအေနနဲ႔ သစ္ေတာထိန္းသိမ္းေရးလို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းရာမွာ ေဒသခံ တိုင္းရင္းသားေတြရဲ႕ အခန္းက႑ကိုလည္း အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG) ရဲ႕ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာတူးေခါင္က မွတ္တမ္း႐ုပ္ရွင္မွာ ထည့္သြင္း ေျပာဆိုခဲ့တာပါ။

“ဌာေနတုိင္းရင္းသားေတြရဲ႕ လုပ္ပုံကုိင္ပုံ အားလုံးက သဘာဝကုိ ျဖဳန္းတီးတာမရွိဘူး။ သူတုိ႔က တေန႔ဆီ အဲဒီလိုမ်ဳိး Sustainable ျဖစ္တာေပါ့။ ေရရွည္တည္တံ့ေနတဲ့ ပတ္ဝန္းက်င္ ထိန္းသိမ္းၿပီးေတာ့ လုပ္ကုိင္ စားေသာက္ၾကတယ္။”

ရာသီဥတုဆိုင္ရာ ညီလာခံမွာ ေသာၾကာေန႔က ျပသခဲ့တဲ့ မွတ္တမ္း႐ုပ္ရွင္မွာပဲ ကရင္ျပည္နယ္ အပါအဝင္ တိုင္းရင္းသား နယ္ေျမေတြမွာ ေဒသခံေတြဟာ နိစၥဓူဝ ေတာေတာင္ေတြကို မွီခိုအားထားေနရတဲ့ အေျခအေနကိုလည္း ကရင္တိုင္းရင္းသား ပတ္ဝန္းက်င္ထိန္းသိမ္းေရး လႈပ္ရွားသူ ေစာေပၚလ္စိန္ထြားကလည္း ေျပာၾကားသြားပါတယ္။

COP26 ရာသီဥတုဆိုင္ရာ ညီလာခံမွာေတာ့ သစ္ေတာဆုံး႐ႈံးမႈနဲ႔ ေျမယာပ်က္စီးမႈေတြကို ၂၀၃၀ ျပည့္ႏွစ္ ေနာက္ဆုံးထား ရပ္တန႔္ႏိုင္ဖို႔ ကမၻာ့ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္က ေခါင္းေဆာင္ေတြ ကတိျပဳခဲ့ၾကတာပါ။ လူငယ္တက္ႂကြလႈပ္ရွားသူေတြကေတာ့ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈေတြကို ကာကြယ္ႏိ္ုင္ေအာင္ ဒီထက္ပို ေဆာင္ရြက္ၾကဖို႔လည္း ညီလာခံကာလအတြင္း တိုက္တြန္း လႈံ႔ေဆာ္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

COP26 ရာသီဥတု ညီလာခံမှာ မြန်မာ့သစ်တောထိန်းသိမ်းရေး မှတ်တမ်းရုပ်ရှင် ပြသ

စကော့တလန် Glasgow မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP26 မှာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း မှတ်တမ်းရုပ်ရှင် ပြသသွားခဲ့ပါတယ်။

အရင်စစ်အစိုးရ လက်ထက်မှာ သစ်တောပြုန်းတီးမှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ အခြေအနေနဲ့ သစ်တောထိန်းသိမ်းရေးလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင်က မှတ်တမ်းရုပ်ရှင်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

“ဌာနေတိုင်းရင်းသားတွေရဲ့ လုပ်ပုံကိုင်ပုံ အားလုံးက သဘာဝကို ဖြုန်းတီးတာမရှိဘူး။ သူတို့က တနေ့ဆီ အဲဒီလိုမျိုး Sustainable ဖြစ်တာပေါ့။ ရေရှည်တည်တံ့နေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းပြီးတော့ လုပ်ကိုင် စားသောက်ကြတယ်။”

ရာသီဥတုဆိုင်ရာ ညီလာခံမှာ သောကြာနေ့က ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာပဲ ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသား နယ်မြေတွေမှာ ဒေသခံတွေဟာ နိစ္စဓူဝ တောတောင်တွေကို မှီခိုအားထားနေရတဲ့ အခြေအနေကိုလည်း ကရင်တိုင်းရင်းသား ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ စောပေါ်လ်စိန်ထွားကလည်း ပြောကြားသွားပါတယ်။

COP26 ရာသီဥတုဆိုင်ရာ ညီလာခံမှာတော့ သစ်တောဆုံးရှုံးမှုနဲ့ မြေယာပျက်စီးမှုတွေကို ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား ရပ်တန့်နိုင်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ ကတိပြုခဲ့ကြတာပါ။ လူငယ်တက်ကြွလှုပ်ရှားသူတွေကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်နိုင်အောင် ဒီထက်ပို ဆောင်ရွက်ကြဖို့လည်း ညီလာခံကာလအတွင်း တိုက်တွန်း လှုံ့ဆော်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG