သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COP26 ညီလာခံ အၿပီးသတ္သေဘာတူညီခ်က္ မရေသး


Glasgow ၿမိဳ႕မွာ က်င္းပေနတဲ့ COP26 ဥတုရာသီ ေျပာင္းလဲမႈဆုိင္ရာ ညီလာခံျမင္ကြင္း။ (ႏုိဝင္ဘာ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

ယူေကႏုိင္ငံ Glasgow ၿမိဳ႕မွာ က်င္းပေနတဲ့ COP26 ဥတုရာသီ ေျပာင္းလဲမႈဆုိင္ရာ ညီလာခံကို ကနဦးအစီအစဥ္အတုိင္း ေသာၾကာေန႔မွာ အဆုံးမသတ္ႏုိင္ဘဲ ဒီကေန႔ စေနေန႔ထိ ဆက္ၿပီး က်င္းပေနပါတယ္။

ေက်ာက္မီးေသြး ထုတ္လုပ္ အသုံးျပဳမႈနဲ႔ ပတ္သက္လို႔ သေဘာတူညီခ်က္ မရေသးတဲ့အတြက္ ခုလို ရက္တိုးေဆြးေႏြးၾကရတာပါ။

သက္ဆုိင္တဲ့ႏုိင္ငံအားလံုးရဲ႕ အျမင္ေတြကို နားေထာင္ၿပီး ဟန္ခ်က္ညီညီနဲ႔ စုေပါင္းေဆာင္ရြက္ႏိုင္ေအာင္ လုပ္ကုိင္ေနပါတယ္လို႔ COP26 ညီလာခံဥကၠ႒ Alok Sharman ရဲ႕ ေၾကညာခ်က္ကို ညီလာခံ အင္တာနက္စာမ်က္ႏွာမွာ ေသာၾကာေန႔ညက ေဖာ္ျပထားပါတယ္။ သေဘာတူညီခ်က္မူၾကမ္း ထြက္တာနဲ႔ ထုတ္ျပန္ေပးမယ္လို႔လည္း ေၾကညာခ်က္မွာ ေျပာထားပါတယ္။

ကမၻာႀကီး ပူေႏြးလာေနတာကို ဝုိင္းဝန္းေျဖရွင္းတဲ့အေနနဲ႔ စက္မႈထြန္းကားစ ကာလက ရွိခဲ့တဲ့ အပူခ်ိန္ထက္ ၁ ဒသမ ၅ ဒီဂရီ ဆဲလ္ဆီးယပ္စ္ထိ ေက်ာ္မလာေအာင္ ထိန္းထားႏိုင္ေရး ႏုိင္ငံေပါင္း ၁၉၇ ႏုိင္ငံက ကုိယ္စားလွယ္ေတြ ေဆြးေႏြးေနၾကတာပါ။

ဥတုရာသီေျပာင္းလဲမႈ ကပ္ေဘးႀကီးကို ေရွာင္လႊဲႏုိင္ေရး အဲဒီအပူခ်ိန္ထက္ ေက်ာ္မလာေအာင္ ထိန္းထားမွ ျဖစ္မယ္ဆိုၿပီး ၂၀၁၅ ခုႏွစ္က ျပင္သစ္မွာ ႏုိင္ငံစုံ သေဘာတူညီခဲ့ၾကတာ ျဖစ္ပါတယ္။ ေသာၾကာေန႔မနက္က ထုတ္ျပန္တဲ့ သေဘာတူညီခ်က္ ဒုတိယမူၾကမ္းမွာေတာ့ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ဒီဆယ္စုႏွစ္မွာတင္ အျမန္ဆုံးေလွ်ာ့ခ်ဖို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ဥတုရာသီ ေျပာင္းလဲမႈနဲ႔ ပိုၿပီး ႀကဳံေတြ႔ေနရတဲ့ ဆင္းရဲတဲ့ တုိင္းျပည္ေတြကို ခ်မ္းသာတဲ့ တုိင္းျပည္ေတြက ေငြေၾကးေထာက္ပံ့ကူညီဖို႔၊ အဲဒီတုိင္းျပည္ေတြက စီးပြားေရးလုပ္ငန္းေတြမွာ ကာဗြန္ဒို္င္ေအာက္ဆုိဒ္ဓာတ္ေငြ႔ ထုတ္လုပ္မႈ က်သြားေအာင္ ဝုိင္းကူဖို႔လည္း မူၾကမ္းမွာ ေဖာ္ျပပါရွိပါတယ္။

ဖန္လုံအိမ္ဓာတ္ေငြ႔ကို ခ်မ္းသာတဲ့ တုိင္းျပည္ေတြက အဓိက ထုတ္လႊတ္ေနတာ ျဖစ္ေပမယ့္ အဲဒီဒဏ္ကို ဆင္းရဲတဲ့ တုိင္းျပည္ေတြက ပိုၿပီးခံစားေနရတာ ျဖစ္ပါတယ္။

ဥတုရာသီ ေျပာင္းလဲမႈနဲ႔ သဟဇာတျဖစ္ေအာင္ လုပ္ကုိင္ေရး လက္ရွိေပးေနတဲ့ အကူအညီေတြက မလုံေလာက္တဲ့အတြက္ ၂၀၂၅ ခုႏွစ္အေရာက္မွာ အနည္းဆုံး ႏွစ္ဆတိုးေပးဖုိ႔လည္း ခ်မ္းသာတဲ့ တုိင္းျပည္ေတြကို မူၾကမ္းမွာ တုိက္တြန္းထားပါတယ္။

ေလာေလာဆယ္မွာေတာ့ အေမရိကန္နဲ႔ တ႐ုတ္တို႔က ဒီဆယ္စုႏွစ္အတြင္း ဖန္လုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး ပိုလုပ္ဖို႔ ႏွစ္ႏိုင္ငံ သေေဘာတူလိုက္သလို ႏုိင္ငံေပါင္း ၁၀၀ ေက်ာ္တို႔ကလည္း ၂၀၃၀ ျပည့္ႏွစ္အေရာက္မွာ သစ္ေတာျပဳန္းတီးမႈ အဆုံးသတ္ဖို႔၊ ဒီဆယ္စုႏွစ္ကုန္မွာ မီသိန္းဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ၃၀ ရာခုိင္ႏႈန္းထိ ေလွ်ာ့ခ်ဖို႔ သေဘာတူညီထားပါတယ္။

COP26 ညီလာခံ အၿပီးသတ္သေဘာတူညီခ်က္ မရေသး
please wait

No media source currently available

0:00 0:01:45 0:00
တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

COP26 ညီလာခံ အပြီးသတ်သဘောတူညီချက် မရသေး

ယူကေနိုင်ငံ Glasgow မြို့မှာ ကျင်းပနေတဲ့ COP26 ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို ကနဦးအစီအစဉ်အတိုင်း သောကြာနေ့မှာ အဆုံးမသတ်နိုင်ဘဲ ဒီကနေ့ စနေနေ့ထိ ဆက်ပြီး ကျင်းပနေပါတယ်။

ကျောက်မီးသွေး ထုတ်လုပ် အသုံးပြုမှုနဲ့ ပတ်သက်လို့ သဘောတူညီချက် မရသေးတဲ့အတွက် ခုလို ရက်တိုးဆွေးနွေးကြရတာပါ။

သက်ဆိုင်တဲ့နိုင်ငံအားလုံးရဲ့ အမြင်တွေကို နားထောင်ပြီး ဟန်ချက်ညီညီနဲ့ စုပေါင်းဆောင်ရွက်နိုင်အောင် လုပ်ကိုင်နေပါတယ်လို့ COP26 ညီလာခံဥက္ကဋ္ဌ Alok Sharman ရဲ့ ကြေညာချက်ကို ညီလာခံ အင်တာနက်စာမျက်နှာမှာ သောကြာနေ့ညက ဖော်ပြထားပါတယ်။ သဘောတူညီချက်မူကြမ်း ထွက်တာနဲ့ ထုတ်ပြန်ပေးမယ်လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။

ကမ္ဘာကြီး ပူနွေးလာနေတာကို ဝိုင်းဝန်းဖြေရှင်းတဲ့အနေနဲ့ စက်မှုထွန်းကားစ ကာလက ရှိခဲ့တဲ့ အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထိ ကျော်မလာအောင် ထိန်းထားနိုင်ရေး နိုင်ငံပေါင်း ၁၉၇ နိုင်ငံက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာပါ။

ဥတုရာသီပြောင်းလဲမှု ကပ်ဘေးကြီးကို ရှောင်လွှဲနိုင်ရေး အဲဒီအပူချိန်ထက် ကျော်မလာအောင် ထိန်းထားမှ ဖြစ်မယ်ဆိုပြီး ၂၀၁၅ ခုနှစ်က ပြင်သစ်မှာ နိုင်ငံစုံ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ သောကြာနေ့မနက်က ထုတ်ပြန်တဲ့ သဘောတူညီချက် ဒုတိယမူကြမ်းမှာတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဒီဆယ်စုနှစ်မှာတင် အမြန်ဆုံးလျှော့ချဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဥတုရာသီ ပြောင်းလဲမှုနဲ့ ပိုပြီး ကြုံတွေ့နေရတဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေကို ချမ်းသာတဲ့ တိုင်းပြည်တွေက ငွေကြေးထောက်ပံ့ကူညီဖို့၊ အဲဒီတိုင်းပြည်တွေက စီးပွားရေးလုပ်ငန်းတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လုပ်မှု ကျသွားအောင် ဝိုင်းကူဖို့လည်း မူကြမ်းမှာ ဖော်ပြပါရှိပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ကို ချမ်းသာတဲ့ တိုင်းပြည်တွေက အဓိက ထုတ်လွှတ်နေတာ ဖြစ်ပေမယ့် အဲဒီဒဏ်ကို ဆင်းရဲတဲ့ တိုင်းပြည်တွေက ပိုပြီးခံစားနေရတာ ဖြစ်ပါတယ်။

ဥတုရာသီ ပြောင်းလဲမှုနဲ့ သဟဇာတဖြစ်အောင် လုပ်ကိုင်ရေး လက်ရှိပေးနေတဲ့ အကူအညီတွေက မလုံလောက်တဲ့အတွက် ၂၀၂၅ ခုနှစ်အရောက်မှာ အနည်းဆုံး နှစ်ဆတိုးပေးဖို့လည်း ချမ်းသာတဲ့ တိုင်းပြည်တွေကို မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်နဲ့ တရုတ်တို့က ဒီဆယ်စုနှစ်အတွင်း ဖန်လုအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ပိုလုပ်ဖို့ နှစ်နိုင်ငံ သေဘောတူလိုက်သလို နိုင်ငံပေါင်း ၁၀၀ ကျော်တို့ကလည်း ၂၀၃၀ ပြည့်နှစ်အရောက်မှာ သစ်တောပြုန်းတီးမှု အဆုံးသတ်ဖို့၊ ဒီဆယ်စုနှစ်ကုန်မှာ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၃၀ ရာခိုင်နှုန်းထိ လျှော့ချဖို့ သဘောတူညီထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG