[[Zawgyi/Unicode]]
တ႐ုတ္မွာအခုျဖစ္ေနတဲ့ ကိုဗစ္ကူးစက္မႈ၊ ေသဆုံးမႈေတြအပါအဝင္ အခ်က္အလက္ေတြကို ျပည့္ျပည့္စုံစုံေပးဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO က ဗုဒၶဟူးေန႔မွာ ထပ္မံေျပာလိုက္ပါတယ္။
“တ႐ုတ္မွာကိုဗစ္ေၾကာင့္ေသဆုံးရမႈနဲ႔ပတ္သက္ၿပီး အျပည့္အဝေဖၚျပျခင္းမရွိဘူးလို႔ WHO အေနနဲ႔ ယုံၾကည္ေနဆဲျဖစ္တယ္။” လို႔ WHO ရဲ႕အေရးေပၚတုံ႔ျပန္ေဆာင္႐ြက္ေရးဌာနအႀကီးအကဲ Dr. Michael Ryan က ဗုဒၶဟူးေန႔တုန္းက ဂ်နီဗာမွာျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့လထဲက တ႐ုတ္မွာ ကိုဗစ္ကူးဆက္မႈေတြျပန္လည္ျဖစ္ပြားေနၿပီး တ႐ုတ္စိုးရရဲ႕ တရားဝင္စာရင္းေတြမွာ ကိုဗစ္ေၾကာင့္ေသဆုံးရသူ ၃၇ ဦးပဲရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။ WHO ကေတာ့ တ႐ုတ္အစိုးရကထုတ္ျပန္တဲ့ ကိန္းဂဏန္းနဲ႔အခ်က္အလက္ေတြဟာ တကယ္ျဖစ္ေနတဲ့အတိုင္းအတာကို အမွန္အတိုင္း ေဖၚျပႏိုင္ျခင္းမရွိဘူးလို႔ေျပာေနပါတယ္။
တ႐ုတ္တာဝန္ရွိသူေတြကေတာ့ ဒါကိုလက္မခံဘဲ “အခုအခ်ိန္မွာ ေသဆုံးသူတိုင္း ဘာေၾကာင့္ေသရတယ္ဆိုတာကို လိုက္ၾကည့္ေနဖို႔လိုမယ္မထင္ဘူး။” လို႔ တ႐ုတ္အစိုးရရဲ႕ ကူးစက္ေရာဂါကာကြယ္ေရးဌာနက ကြၽမ္းက်င္သူမ်ားအဖြဲ႔ အႀကီးအကဲ Liang Wannian က ဗုဒၶဟူးေန႔မွာ သတင္းေထာက္ေတြကိုေျပာခဲ့ပါတယ္။
အခုအခါကူးစက္ျမန္ အိုမီခ႐ြန္ မ်ိဳးကြဲစိပ္ XBB.1.5 ျပန႔္ပြားေနၿပီး ၃၈ ႏိုင္ငံမွာေတြ႔ရေၾကာင္းနဲ႔ အေမရိကန္အစိုးရကေတာ့ အခ်က္အလက္ေတြအကုန္ေပးတယ္လို႔ WHO ရဲ႕ကိုဗစ္နည္းပညာတာဝန္ရွိသူအမ်ိဳးသမီး Maria Van Kerkhove ကေျပာပါတယ္။
=========================
[[Unicode]]
ကိုဗစ်ကြောင့် သေဆုံးမှုတွေနဲ့ အချက်အလက်တွေပေးဖို့ တရုတ်ကို WHO တိုက်တွန်း
တရုတ်မှာအခုဖြစ်နေတဲ့ ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုတွေအပါအဝင် အချက်အလက်တွေကို ပြည့်ပြည့်စုံစုံပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဗုဒ္ဓဟူးနေ့မှာ ထပ်မံပြောလိုက်ပါတယ်။
“တရုတ်မှာကိုဗစ်ကြောင့်သေဆုံးရမှုနဲ့ပတ်သက်ပြီး အပြည့်အဝဖေါ်ပြခြင်းမရှိဘူးလို့ WHO အနေနဲ့ ယုံကြည်နေဆဲဖြစ်တယ်။” လို့ WHO ရဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာနအကြီးအကဲ Dr. Michael Ryan က ဗုဒ္ဓဟူးနေ့တုန်းက ဂျနီဗာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လထဲက တရုတ်မှာ ကိုဗစ်ကူးဆက်မှုတွေပြန်လည်ဖြစ်ပွားနေပြီး တရုတ်စိုးရရဲ့ တရားဝင်စာရင်းတွေမှာ ကိုဗစ်ကြောင့်သေဆုံးရသူ ၃၇ ဦးပဲရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ WHO ကတော့ တရုတ်အစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့အချက်အလက်တွေဟာ တကယ်ဖြစ်နေတဲ့အတိုင်းအတာကို အမှန်အတိုင်း ဖေါ်ပြနိုင်ခြင်းမရှိဘူးလို့ပြောနေပါတယ်။
တရုတ်တာဝန်ရှိသူတွေကတော့ ဒါကိုလက်မခံဘဲ “အခုအချိန်မှာ သေဆုံးသူတိုင်း ဘာကြောင့်သေရတယ်ဆိုတာကို လိုက်ကြည့်နေဖို့လိုမယ်မထင်ဘူး။” လို့ တရုတ်အစိုးရရဲ့ ကူးစက်ရောဂါကာကွယ်ရေးဌာနက ကျွမ်းကျင်သူများအဖွဲ့ အကြီးအကဲ Liang Wannian က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
အခုအခါကူးစက်မြန် အိုမီခရွန် မျိုးကွဲစိပ် XBB.1.5 ပြန့်ပွားနေပြီး ၃၈ နိုင်ငံမှာတွေ့ရကြောင်းနဲ့ အမေရိကန်အစိုးရကတော့ အချက်အလက်တွေအကုန်ပေးတယ်လို့ WHO ရဲ့ကိုဗစ်နည်းပညာတာဝန်ရှိသူအမျိုးသမီး Maria Van Kerkhove ကပြောပါတယ်။