Yanghee Lee ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသွား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီလီ ဟာ ဇန်န၀ါရီလ ၂၀ရက် စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ယန်ဟီလီဟာ ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီးတွေ၊ အသိုင်းအ၀ိုင်းခေါင်းဆောင်တွေနဲ့ လည်း အဲဒီစခန်းမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။