သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ယာဉ်အန္တရာယ်ကင်းရေး တိုယိုတာ ကုမ္ပဏီ ကူညီဖြေရှင်းမည်


ရန်ကုန်မြို့ကြီးရဲ့ လမ်းမတွေပေါ်မှာ ကားအစင်းရေ သိပ်များလာတာနဲ့ အမျှ လမ်းကြောပိတ်ဆို့မှု အခြေနေကလည်း တနေ့တခြား ဆိုးဝါးလာပါတယ်။ကားဟောင်းတွေ တင်သွင်းခွင့် ပေးလိုက်တဲ့ နောက်ပိုင်း လမ်းကြောပိတ်ဆို့မှု အခြေနေပိုဆိုးလာတဲ့အတွက် တိုယိုတာ မော်တော်ကား ကုမ္ပဏီက လမ်းအန္တရာယ် ပညာပေးမှုတွေနဲ့ ချက်ချင်းပဲ စတင်အကူညီပေးတော့မှာ ဖြစ်ပါတယ်။

ဂျပန်က ကားကုမ္ပဏီကြီးဖြစ်တဲ့ တိုယိုတာဟာ မြန်မာ့ကြက်ခြေနီအဖွဲ့၊ လမ်းလုံခြုံစိတ်ချရမှုဆိုင်ရာ နိုင်ငံတကာ မိတ်ဆွေများအဖွဲ့ တို့နဲ့ အတူပူးတွဲပြီး ၂၀၁၈ ပထမနှစ်ဝက်မှာ ရန်ကုန်က ကျောင်းတွေမှာ စမ်းသပ်စီမံကိန်းကို စတင်တော့မှာ ဖြစ်ပါတယ်။ ကျောင်းတွေတဝိုက်က ယာဉ်အသွားအလာတွေကို လေ့လာမှု လုပ်မှာ ဖြစ်ပြီး ကားတွေမောင်းတဲ့ နှုန်းထားနဲ့ ကျောင်းသားငယ်တွေ ဘယ်လိုပုံစံနဲ့ လမ်းဖြတ်ကူးတယ် ဆိုတာ အပါအဝင် လေ့လာတဲ့ စီမံကိန်းကို စတင်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ ယာဉ်သွားလာမှု လမ်းကြောဆိုင်ရာ အချက်အလက် တွေကို ရယူမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့က မူလတန်း ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေအတွက် ပညာပေးစာစောင်တွေကို ထုတ်ဝေမှာ ဖြစ်သလို ရေရှည် အတွက် လမ်းလုံခြုံရေးဆိုင်ရာ အသိရှိစေဖို့ မိဘ အုပ်ထိမ်းသူတွေကိုပါ လက်တွေ့ သင်တန်းတွေ ပေးမှာ ဖြစ်ပါတယ်။

ရဲ မှတ်တမ်းဝင်တဲ့ ကားမတော်တဆဖြစ်မှုကြောင့် သေဆုံးရသူဟာ ၂၀၁၆ မှာ ၄၉၀၀ လောက်အထိ ရှိနေတယ်လို့ ပြည်တွင်းသတင်း တွေမှာ ဖေါ်ပြပေမယ့် ရဲ မှတ်တမ်းမဝင်ပဲ သေဆုံးရသူအများအပြား ရှိနေတာ ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တနှစ်ထဲမှာကို ၈၈၀၀ ကနေ ၁၃၀၀၀ လောက်အထိ ရှိမယ်လို့ ကုလသမဂ္ဂရဲ့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းထားတာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး စီးပွါးရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာနဲ့ အတူ ကားဟောင်းတင်သွင်းမှု ကန့်သတ်ချက်တွေ လျှော့ချပေး ခဲ့တာကြောင့် ရန်ကုန်မှာ ကားစင်းရေက တိုးလာခဲ့တာဖြစ်ပါတယ်။ ဒီအနေထားမှာ ကားဟောင်း တင်သွင်းမှု အပါအဝင် မြန်မာ့ကားဈေးကွက်မှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်ဖို့ တိုယိုတာ ကုမ္ပဏီက စဉ်းစားလာတာပါ။

မြန်မာနိုင်ငံမှာ လမ်းဖြတ်ကူးသူတွေကို ဦးစားပေးရမယ် ဆိုတဲ့ အသိ လူထုမှာ မရှိသလို၊ မီးပွိင့်တွေကောင်းကောင်း မရှိတာ၊ လမ်းတွေမှာ လမ်းစည်းကမ်း ဆိုင်းဘုတ်တွေ သေသေချာချာ မတပ်ဆင်ထားတာတွေ ကြောင့် ကားစင်းရေ ရုတ်တရက် တိုးမြင့်လာပြီး ကားမောင်းသူ အများစုကလည်း အန္တရာယ်ကြီးတဲ့ လမ်းကြောင်း ပြောင်းတာတွေ လုပ်လေ့ရှိတာကြောင့် မတော်တဆ ဖြစ်မှုတွေ တိုးလာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG