သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်ပွဲတော် ရန်ကုန်မြို့မှာဆင်နွှဲ

1/18
ဒီကနေ့ဟာဖြင့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ခရစ္စမတ်စ်နေ့ဖြစ်တာနဲ့အညီ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာ ဝင်တွေလိုပဲ ရန်ကုန်မြို့က ခရစ်ယာန်ဘာသာဝင်တွေသာမက တခြားဘာသာဝင်တွေလည်း ဒီပွဲတော်ကို ဆင်နွှဲကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
2/18

3/18

4/18

5/18

6/18

7/18

8/18

9/18

10/18

11/18

12/18

13/18

14/18

15/18

16/18

17/18

18/18

Previous slide
Next slide

ဒီကနေ့ဟာဖြင့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ခရစ္စမတ်နေ့ဖြစ်တာနဲ့အညီ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာ ဝင်တွေလိုပဲ ရန်ကုန်မြို့က ခရစ်ယာန်ဘာသာဝင်တွေသာမက တခြားဘာသာဝင်တွေလည်း ဒီပွဲတော်ကို ဆင်နွှဲကြပါတယ်။ ဒီ ခရစ္စမတ်စ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် သက်သက်သာမဟုတ်ဘဲ လူသားအားလုံးအတွက် ပျော်ရွှင်စရာ ပွဲတော် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရန်ကုန်မြို့မှာ ခရစ္စမတ်စ်ပွဲတော်ကို ဘယ်လိုဆင်နွှဲကြသလဲဆိုတာနဲ့ ခရစ္စမတ်စ် ဆုတောင်းစကားတွေကို ကိုယ်တိုင် သွားရောက် ရိုက်ကူး မေးမြန်းခဲ့တဲ့ ကိုထက်အောင်ခန့်က တင်ဆက်ထားပါတယ်။

ခရစ်တော်လို့ အဓိပ္ပါယ်ရတဲ့ Christ နဲ့ ပြန်လည်ပေါင်းစည်းခြင်းလို့ခေါ်တဲ့ Mass တို့ကို ပေါင်းစပ် ခေါ်ဝေါ်တဲ့ ခရစ်စမတ်စ်နေ့ဟာ သခင်ယေရှုမွေးဖွားတဲ့နေ့ဖြစ်တဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တရက်ဖြစ်တာနဲ့အညီ တမ္ဘာလုံးမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေပျော်ရွှင် ဆင်နွှဲကြတဲ့နေ့ဖြစ်ပါတယ်။ အလားတူ ရန်ကုန်မြို့မှာလည်း မြို့ပြခရစ်စမတ်စ်ပွဲတော် ကျင်းပ ပြီး သီဆိုဖျော်တာတွေ၊ စတုဒီသာ ကျွေးမွေးတာတွေ ပြုလုပ်ကြပါတယ်။

ရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်ကို ဗိုလ်ချုပ်လမ်းတလျောက် မြို့တော် ခန်းမရှေ့နဲ့ သခင်မြ ပန်းခြံ တို့မှာ မီးအလှရောင်စုံထွန်းပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပကြတာပါ။ ဒီဇင်ဘာ ၂၃ ရက်ကနေ ဒီဇင်ဘာ ၂၅ ရက်အထိ ရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်ကို ကျင်းပလာတာ ဒီနှစ်ကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ခရစ်စမတ်ပွဲတော်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေအတွက်တင်မဟုတ်ဘဲ လူသားအားလုံးအတွက် ဖြစ်တယ်လို့ ခရစ်ယာန် ဘုန်းတော်ကြီးတပါးဖြစ်သူ ဆရာတော် ဦးတိုးတိုးကမိန့်ပါတယ်။

"ခရစ်စမတ်ပွဲဆိုတာက ခရစ်ယာန်တွေ သီးသန့်ဆင်နွှဲတဲ့ ဘာသာရေးပွဲမဟုတ်ပါဘူး။ လူတွေ အားလုံး ပျော်ရွှင်ဖို့ရန်အတွက် ကယ်တင်ရှင် သူငယ်တော် ကြွဆင်းလာတဲ့ အချိန်အခါဖြစ်ပါတယ်။ ရည်ရွယ်ချက်က လူသားတွေအားလုံးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဒီအချိန်အခါမှာလည်း ရန်ကုန် မှာရှိတဲ့ အသင်းတော်တွေအားလုံးက စုပေါင်းပြီးတော့ အခုလိုဗိုလ်ချုပ်လမ်းတလျောက်မှာ ပျော်ပျော် ရွှင်ရွှင်မီးတွေထွန်း အခုလို ဖြေဖျော်ဧည့်ခံ စတုဒီတာတွေ ကျွေးတာဟာ ရည်ရွယ်ချက်က တကယ့်ကိုပဲ ပန်းတိုင်ရောက်တဲ့အထိပေါ့နော် ဘာသာပေါင်းစုံတွေက ပါဝင်ကြတယ်။ လှူတဲ့သူတွေ ကလည်း ဘာသာပေါင်းစုံပါပဲ သူတို့တွေ ပေးလှူကြတယ်။ ဒီစုပေါင်းပြီးတော့ အလှူပွဲဟာ လူသားတွေ အားလုံးပျော်ရွှင်ဖို့အတွက် ရည်ရွယ်ချက်က ပြည့်မြောက်ပါတယ်။ ဒါကြောင့် သခင်ယေရှုရဲ့ ရည်ရွယ် ချက်ဖြစ်တဲ့ လူသားတွေအားလုံး ပျော်ရွှင်ဖို့ဆိုတာ တကယ်ပဲရည်ရွယ်ချက် အထမြောက်တယ်လို့ပဲ ပြောနိုင်ပါတယ်။"

ဒီရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်ကိုတော့ ရန်ကုန်တိုင်းအစိုးရနဲ့ ခရစ်ယာန် အသင်းတော်တွေ အားလုံး စုပေါင်းပြီး ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။

မြို့ပြတွေမှာ ခရစ်စမတ်ပွဲတော်ကို အခုလိုပျော်ရွှင်စွာကျင်းပနေပေမယ့် စစ်မက်ဖြစ်ပွားရာနေရာတွေမှာက ခရစ်ယာန် ဘာသာဝင်တွေကတော့ အခုလို မကျင်းပနိုင်ကြပါဘူး။ ဒီလို စစ်ဖြစ်ပွားရာ ဒေသတွေက ခရစ်ယာန် ဘာသာဝင်တွေလည်း အပျော်တွေ ကူးစက်ပြီး ဆရာတော်တွေက ဆုတောင်းမေတ္တာ ပို့သပေးနေတယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးဇော်ဇော်မျိုးသိန်းက ပြောပါတယ်။

“စစ်ဖြစ်ပွားနေတဲ့ နေရာတွေက လူတွေက ခရစ်စမတ်ပွဲတော်ကို အခုလို ပျော်ရွှင်စွာ ကျင်းပ နိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။ ဒါပေမယ့် သူတို့တွေအတွက် ခရစ်ယာန် ဂိုဏ်းအသီးသီးက နေလည်း အမြဲတမ်း စုတောင်းမေတ္တာပို့သနေပါတယ်။ ဆုတောင်းအဖွဲ့တွေလည်း ရှိပါတယ်။ကျွန်တော်တို့ စီးတီးခရစ်စမတ်ပွဲကဟာတွေကို တချို့က အင်တာနက်ကနေပြီးတော့ Live လွှင့်ပေးတယ် ကျွန်တော်တို့Page ကလည်း တင်ပေးတဲ့အတွက် သူတို့တွေလည်း ကြည့်ရှူပြီး အပျော်တွေ ကူးစက် ခံစားလို့ရပါတယ်ခင်ဗျာ။”

ကချင်ဒေသအပြင် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက လူသားတွေအတွက်ကိုလည်း ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်တဲ့ ဦးစောခူက အခုလိုဆုတောင်းပေးပါတယ်။

“ကျွန်တော်တို့ ခရစ်တော်မွေးနေ့မှာ အချိန်အခါသမယမှာ ကျွန်တော်တို့ ခရစ်ယာန်တွေ အတွက်သာ မကဘဲ အခြားခြားသော ဘာသာဝင်များ အားလုံးနဲ့ ကမ္ဘာပေါ်မှာ ရှိသော သူများအားလုံးအတွက်သော်လည်းကောင်း ကျွန်တော်တို့ အထူးသဖြင့်ပေါ့ ကျွန်တော်တို့ဒီ မြန်မာပြည်မှာ မငြိမ်းချမ်းတဲ့ ဒေသတွေရှိပါတယ်။ စစ်မက်ရေးရာ ဖြစ်ပွား နေတဲ့ ဒေသတွေ ရှိကောင်းရှိမယ်။ ရခိုင်အရေးအခင်းအပါအဝင် ကချင်ပြည်နှယ်အရေးခင်း တခြားဒေသတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ဒီမှာရှိတဲ့ ညီအကိုမောင်နှမ တယောက်ဆီတိုင်း ကို ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်း ချစ်ခင်မေတ္တာနဲ့ ကျေးဇူးတရားတော်ဟာ သူတို့အပေါ်မှာလည်း ဆုတောင်းပေးပါတယ်။”

ပွဲတော်ကို လာရောက်လည်ပတ်သူ တဦးဖြစ်တဲ့ ခရစ်ယာန်ဘာသာဝင် မဇွန်ပွင့်က နောက်နှစ်တွေမှာလည်း အလားတူ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ မျှော်လင့်ထားပါတယ်။

“အခုဆိုရင် ခရစ်စမတ်က အရင်ကထက်လည်းပိုစည်လာတယ်ပေါ့နော်။ အရင်ကဒီလိုပွဲတွေ သိပ်မလုပ်ခင်ကလေ ခရစ်စမတ်ဆို ဒီလောက်ထိမစည်ဘူးလေ အခုဆို ခရစ်စမတ်ဆို ပိုပြီး စည်ကားလာတယ်။ ဘုရားကျောင်းရှေ့မှာ လုပ်နေတဲ့ စီးတီးခရစ်စမတ်ဆိုရင်လည်း ဒီနှစ်ဆို ပိုပြီးစည်လာတယ်လို့ထင်တယ်။ နောက်နှစ်တွေမှာ ဒီထက်ပိုပြီးတော့ ခရစ်စမတ်ပွဲတော်တွေ လုပ်ပေးနိုင်ပါစေ။ နောက်နှစ်မှာလည်း ဒီထက်စည်ကားတဲ့ ခရစ်စမတ်ဖြစ်ပါစေလို့ ညီမက မျှော်လင့်တယ်ရှင့်”

ဒီရန်ကုန်မြို့ပြ ခရစ်မတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်တွေအပြင် တခြားဘာသာဝင်တွေပါ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြပါတယ်။ မြို့ပြခရစ်စမတ်ပွဲဟာ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံ ကို ပထမဆုံး အကြိမ် သမိုင်းဝင်ခရီး လာရောက်ပြီးနောက်ပိုင်း အကြီးကျယ်ဆုံး ကျင်းပတဲ့ ပွဲတပွဲဖြစ်ပါတယ်။

သုံးရက်ကြာ ရန်ကုန်မြို့ပြ ခရစ်စမတ်ပွဲတော်ကို နေ့စဉ် ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ပျော်ရွှင် ဆင်နွှဲကြတာပါ။ ကျွေးမွေး လှူဒါန်းတဲ့နေရာတွေမှာ အရင်နှစ်တွေကလို လူတွေ စုပြုံ တိုးဝှေ့တာမျိုးမဖြစ်ရအောင် ကြိုတင်စီစဉ်ထားတယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။

ပွဲတော်ပိတ်ပွဲအခမ်းအနားကိုတော့ စိန်မေရီဘုရားကျောင်းမှာ ဒီကနေ့ည ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

ခရစ္စမတ်ပွဲတော် ရန်ကုန်မြို့မှာဆင်နွှဲ
please wait

No media source currently available

0:00 0:05:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG