သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV/AIDS ဂေဟာ တာဝန်ယူ ကူညီသူ ကိုရာဇာ လွတ်မြောက်


ကိုရာဇာလွတ်မြောက်လာပြီးနောက်တွေ့ရစဉ် (ဇူလိုင် ၉၊ ၂၀၂၄)
ကိုရာဇာလွတ်မြောက်လာပြီးနောက်တွေ့ရစဉ် (ဇူလိုင် ၉၊ ၂၀၂၄)

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဝေဒနာရှင် ၁၀၀ နီးပါးကို တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုရာဇာ ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ငွေကြေးခဝါချမှုဥပဒေတွေနဲ့ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(ဂ) နဲ့ ကိုရာဇာကို ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုရာဇာဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး HIV ဝေဒနာရှင်တွေအတွက် တစိုက်မတ်မတ် အလုပ်လုပ်နေသူတစ်ဦးဖြစ်ပါတယ်။

Forum

XS
SM
MD
LG