သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဒေသတွင်းမှာ တရုတ်နိုင်ငံလုပ် Zeekr လျှပ်စစ်ကားတွေ ရောင်းချမည်


တရုတ်နိုင်ငံ Chengdu မြို့က Zeekr ကားစက်ရုံ (ဧြပီ ၁၃၊ ၂၀၂၃)
တရုတ်နိုင်ငံ Chengdu မြို့က Zeekr ကားစက်ရုံ (ဧြပီ ၁၃၊ ၂၀၂၃)

တရုတ် ကားထုတ်လုပ်ရေး Geely စီးပွားရေးလုပ်ငန်းစုပိုင် Zeekr လျှပ်စစ်ကား ကုမ္ပဏီက မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လုပ်ငန်းခွဲတခု တည်ထောင်ပြီး မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေကို လျှပ်စစ်ကားတွေ ဖြန့်ဖြူး ရောင်းချဖို့ ပြင်နေပါတယ်။ ဒေသတွင်း လျှပ်စစ်ကား ဖြန့်ဖြူးသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ဒီနှစ် ပထမနှစ်ဝက် အတွင်းမှာပဲ ထုတ်လုပ်မှုတွေ စတင်ဖို့ စီစဥ်နေတယ်လို့ ကုမ္ပဏီ ပြောခွင့်ရက ပြောပါတယ်။

Geely လုပ်ငန်းစုရဲ့ Zeekr လျှပ်စစ်ကားတွေကို ဒေသတွင်း မြန်မာ၊ လာအို နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဖြန့်ဖြူး ရောင်းချသွားဖို့အတွက် သဘောတူစာချုပ်တွေ လက်မှတ် ရေးထိုးထားပြီးပြီ ဖြစ်ကြောင်းနဲ့ ဒီနိုင်ငံတွေမှာတော့ ဒီနှစ် ဒုတိယ သုံးလပတ်အတွင်း စတင် ရောင်းချမယ့်အကြောင်း Zeekr လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ ပြောခွင့်ရ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အသုံးပြုနေတဲ့ လျှပ်စစ်ကား အများစုက တရုတ်နိုင်ငံက တင်သွင်းတာ ဖြစ်ပြီး တွင်တွင်ကျယ်ကျယ် သုံးနိုင်တာမျိုးတော့ မရှိသေးပါဘူး။ လောင်စာဆီ ပြတ်လပ်မှု အခက်အခဲတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း လျှပ်စစ်ကားတွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ လျှပ်စစ်ကား ရောင်းချတဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ပြည်တွင်းမှာ လိုင်စင်ရထားတဲ့ လျှပ်စစ်ကား တနှစ်အတွင်း အစီးရေ ၂,၆၀၀ ကျော် ရှိတဲ့အကြောင်း ဌာနဆိုင်ရာ ထုတ်ပြန်ချက်တချို့မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG