သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ ရွေးကောက်ပွဲ လက်ရှိသမ္မတ Emmerson Mnangagwa အနိုင်ရ


လက်ရှိသမ္မတ Emmerson Mnangagwa
လက်ရှိသမ္မတ Emmerson Mnangagwa

ဇင်ဘာဘွေ နိုင်ငံမှာ လက်ရှိသမ္မတ Emmerson Mnangagwa ရွေးကောက်ပွဲမှာ အနိုင်ရရှိတယ်လို့ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ဇင်ဘာဘွေ နိုင်ငံက နယ်မြေ ၁၀ ခုစလုံးမှာ Mnangagwa က မဲအရေအတွက် အားလုံးရဲ့ ၅၀.၈ % ရရှိပြီး အတိုက်အခံ ခေါင်းဆောင် Nelson Chamisa က မဲအားလုံးရဲ့ ၄၄.၃ % ရရှိခဲ့တယ်လု့ိ ဆိုပါတယ်။

ဒီရလဒ်ကို ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကန့်ကွက်နေကြတဲ့ အတိုက်အခံ အဖွဲ့ဝင် တွေကို ရဲတွေက ဖယ်ရှားခဲ့ကြပါတယ်။ အတိုက်အခံ MDC ကတော့ အခု မဲရေတွက်မှုကို မခိုင်မာဘူးလို့ ယူဆပြီး ငြင်းဆန်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် Nelson Chamisa က ဒီသမ္မတ ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ သတင်းထောက်တွေကို ပြောနေခဲ့တာ ဖြစ်ပြီး အာဏာရ Zanu PF ပါတီက မဲမသမာမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ZEC လို့ခေါ်တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မသမာမှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မဲမသမာမှု ရှိတယ်လို့ စွပ်စွဲပြီး Harare မြို့တော်မှာ ဆန္ဒပြနေတဲ့ အတိုက်အခံတွေကို အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုကြောင့် လူပေါင်း ၆ ယောက် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဇင်ဘာဘွေ ရွေးကောက်ပွဲ လက်ရှိသမ္မတ Emmerson Mnangagwa အနိုင်ရ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG