သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ အပြောင်းအလဲကို နောက်တက်မယ့်သမ္မတသစ် Emmerson Mnangagwa က လုပ်နိုင်ပါ့မလားဆိုတာ လူအများအပြားက မေးခွန်းထုတ်နေကြပါတယ်။

Crocodile ဆိုပြီး လူတွေခေါ်ကြတဲ့ Mnangagwa ကို လူတော်တယောက်ဖြစ်ပြီး ညှာတာ ထောက်ထားမှုမရှိတဲ့ နိုင်ငံရေးသမား တဦးအဖြစ် မြင်ကြပါတယ်။ ဒီမိုကရေစီ ခေတ်သစ်ကာလ စတင်တာကို ကိုယ်တိုင် ကြုံတွေ့နေကြရပါပြီလို့ အသက် ၇၅ နှစ်အရွယ် Mnangagwa က ဗုဒ္ဓဟူးနေ့မှာ နိုင်ငံကိုပြန်ရောက်တဲ့အချိန် ပြောခဲ့ပါတယ်။ သမ္မတဟောင်း ရောဘတ် မူဂါဘီက လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာ သူ့ကို ရာထူးကထုတ်ပစ်လိုက်ပြီးတဲ့နောက် အဆုံးမှာ မူဂါဘီကိုယ်တိုင် ရာထူးက ဆင်းပေးခဲ့ရတာပါ။

Mnangagwa က နိုင်ငံပြန်ရောက်ပြီး ပထမဆုံးပြောတဲ့မိန့်ခွန်းကို သူ့ရဲ့ အာဏာရ ZNU-PF ပါတီဌာနချုပ်အပြင်ဘက်မှာ ဒေသ သုံး Shona ဘာသာစကားနဲ့ပြောခဲ့သလို သူ့ပါတီကို ချီးမြှောက်ပြောဆိုခဲ့တဲ့အတွက် အားလုံးပါဝင်အောင် လုပ်သွားမယ်ဆိုတဲ့ သူ့ရဲ့စကားအပေါ် ဇင်ဘာဘွေနိုင်ငံသားတွေက သံသယရှိကြပါတယ်။

လူ ၆ သောင်းဆန့် အားကစားကွင်းကြီးထဲမှာ ဒီကနေ့ကျင်းပမယ့် Mnangagwa ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို သူတို့ကိုမဖိတ်သေး ဘူးလို့ အတိုက်အခံ MDC-T ပါတီက ကြာသပတေးနေ့မှာပြောပါတယ်။ MDC ပါတီဟာ မူဂါဘီကိုဖယ်ရှားရေး ကြိုးပမ်းချက်မှာ ပူးပေါင်းပါဝင်ခဲ့ပြီး လွှတ်တော် မူဂါဘီကိုအရေးယူဖို့ လွှတ်တော်ကဆုံးဖြတ်တာကို ထောက်ခံခဲ့ပါတယ်။

Mnangagwa ဒုတိယသမ္မတအဖြစ်ကနေ အထုတ်ခံရပြီး တိုင်းပြည်ကနေ ထွက်ပြေးသွားပြီးတဲ့နောက် အခုလိုအာဏာရလာတာ မှာ ဇင်ဘာဘွေစစ်တပ်ကြောင့် အဓိကဖြစ်ပြီး Mnangagwa ဟာ စစ်ဘက်ပေါ် ဆက်ပြီး မှီခိုနေရမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဇင်ဘာဘွေသမ္မတသစ် အပြောင်းအလဲဖေါ်ဆောင်နိုင်ပါ့မလား
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG