သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေနိုင်ငံမှာ Emmerson Mnangagwa သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို


ဇင်ဘာဘွေနိုင်ငံမှာ Emmerson Mnangagwa က သမ္မတသစ် အဖြစ်နဲ့ ဒီကနေ့ သောကြာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆို။ ( နိုဝင်ဘာ ၂၄-၂၀၁၇)
ဇင်ဘာဘွေနိုင်ငံမှာ Emmerson Mnangagwa က သမ္မတသစ် အဖြစ်နဲ့ ဒီကနေ့ သောကြာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆို။ ( နိုဝင်ဘာ ၂၄-၂၀၁၇)

ဇင်ဘာဘွေနိုင်ငံမှာတော့ Emmerson Mnangagwa က သမ္မတသစ်အဖြစ်နဲ့ ဒီကနေ့ သောကြာနေ့မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီး၊ ရောဘတ်မူဂါဘီရဲ့ ၃၇ နှစ်ကြာ အာဏာရှင်စနစ်လည်း အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ Mr. Mnangagwa ဟာ Harare မြို့တော်မှာရှိတဲ့ လူ ၆ သောင်းဆန့်တဲ့ အမျိုးသားအားကစားကွင်း သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တာဖြစ်ပြီး ဇင်ဘာဘွေနိုင်ငံသားတွေကသူ့ကို ထောက်ခံအားပေးခဲ့ကြပါတယ်။

“ဇင်ဘာဘွေနိုင်ငံနဲ့ ဇင်ဘာဘွေပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ကျနော်အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင် စောင့်ရှောက်ပေးတော်မူပါလို့” သမ္မတသစ် Manangagwa က ပြောကြားလိုက်ပါတယ်။

မိကျောင်းလို့နာမည်ကြီးတဲ့ သမ္မတ Mnangagwa ဟာ ဇင်ဘာဘွေစစ်တပ်နဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ဇင်ဘာဘွေသမ္မတ အဖြစ်နဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲကတခုကတော့ - မူဂါဘီအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုနီးပါးအတွင်း ကျဆင်းသွားတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကိုပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။

သမ္မတဟောင်း မူဂါဘီ နဲ့ သူ့ရဲ့ ဇနီးတို့ကိုတော့ တရားစွဲဆိုခြင်းကနေ ကင်းလွတ်ခွင့်ပေး လိုက်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၅ ရက်နေ့က မစ္စတာ မူဂါဘီက Mnangagwa ကို ရာထူးကနေ ဖြုတ်ချပြီး၊ အသက် ၅၂ နှစ်အရွယ် သူရဲ့ ဇနီးကို သူ့နေရာမှာဆက်ခံဖို့ ပြောကြားလိုက်ပြီးနောက်မှာ ဇင်ဘာဘွေစစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG