သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကို အယုံအကြည်မရှိအဆို တောင်အာဖရိကလွှတ်တော် ပြင်ဆင်


တောင်အာဖရိက သမ္မတ Jacob Zuma နုတ်ထွက်ရေးအတွက် တောင်းဆိုဆန္ဒပြ
တောင်အာဖရိက သမ္မတ Jacob Zuma နုတ်ထွက်ရေးအတွက် တောင်းဆိုဆန္ဒပြ

တောင်အာဖရိက သမ္မတ Jacob Zuma အနေနဲ့ ရာထူးက ချက်ချင်း မထွက်ဘူးဆိုရင် မနက်ဖြန် ကြာသပတေးနေ့မှာ လွှတ်တော်မှာ အယုံအကြည်မရှိ အဆို မဲခွဲမယ်လို့ အာဏာရ ပါတီက ပြောဆိုလိုက်ပါတယ်။

အာဏာရ ANC ပါတီရဲ့ ဘဏ္ဍာရေးမှူး Paul Mashatile က ဒီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာပါ။ ရာထူးက ဆင်းပေးဖို့ ပါတီက တောင်းဆိုထားတာကို သမ္မတ ဇူးမား လိုက်နာလုပ်ဆောင် မလားဆိုတာကို ဒီကနေ့ ကြေညာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ သမ္မတ ဇူးမားဘက်က ကြေညာချက်ထုတ်ဖို့ အချိန် သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး သမ္မတရုံးက ငြင်းဆိုကြောင်း သတင်းတွေ ထွက်လာပြီးနောက်မှာ တောင်အာဖရိက အနေနဲ့ ထပ်ပြီး မစောင့်နိုင်တော့ဘူးလို့ အာဏာရပါတီရဲ့ ဘဏ္ဍာရေးမှူးက သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

စီးပွားရေး တိုးတက်မှု နှေးကွေးမှု၊ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး သမ္မတ သက်တမ်း ၉ နှစ်ရှိပြီ ဖြစ်တဲ့ အသက် ၇၅ နှစ် အရွယ် ခေါင်းဆောင် ဇူးမားကို ရာထူးက ဖယ်ရှားဖို့ အာဏာရပါတီ ခေါင်းဆောင်တွေက ဒီသတင်းပတ် အစောပိုင်းမှာ ဆုံးဖြတ်ခဲ့တာပါ။ အဂတိလိုက်စားမှု စွပ်စွဲချက်တွေထဲမှာတော့ သမ္မတက သူ့ရဲ့ ပုဂ္ဂလိကပိုင် အိမ်ယာ ပြုပြင်မွမ်းမံဖို့ အတွက် ပြည်သူပိုင် ပိုက်ဆံ ဒေါ်လာ သန်း ၂၀ သုံးခဲ့တယ်ဆိုတဲ့ စွဲချက်တွေလည်း ပါဝင်ပါတယ်။ သမ္မတ ဇူးမား အနေနဲ့ ရာထူးက ဆင်းပေးဖို့ အခြေခံ ဥပဒေ အရ လိုက်နာစရာတော့ မလိုအပ်သလို ပါတီဘက်က စေ့စပ်ညှိနှိုင်း ဖိအားပေးမှုတွေကိုလည်း သီတင်းတပတ်ကျော်ကြာ ခုခံထားတာ ဖြစ်ပါတယ်။

သမ္မတကို အယုံအကြည်မရှိအဆို တောင်အာဖရိကလွှတ်တော် ပြင်ဆင်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG