လေလံတင်မည့်ကမ္ဘာ့စံချိန်တင် အကြီးဆုံး မိုးကုတ်နီလာလုံးချော New York မှာပြသ

မိုးကုတ်နီလာလုံးချော

ဂင်းနစ်ကမ္ဘာ့စံချိန်တင်မယ့် နီလာလုံးချောပါဝင်တဲ့ လည်ဆွဲတကုံးကို နယူးယောက်မြို့က ခရစ်တီးလေလံရုံမှာ ပြသထားပါပြီ။ အောက်တိုဘာ ၂၉ရက်နေ့ကနေ ၃၁ရက်နေ့အထိ နယူးယောက်မြို့က ရော့ကက်ဖဲလားဌာချုပ်မှာပြသထား မှာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ကျရင်တော့ ဒီကမ္ဘာ့အကြီးဆုံးနီလာကို ဟောင်ကောင်မှာကြမ်းခင်းဈေး မသတ်မှတ်ပဲ လေလံတင်ရောင်းချမှာဖြစ်ပါတယ်။

ဒီနီလာကို ၁၉၉၀ခုနှစ်နှောင်းပိုင်းတွေမှာ တွေ့ရှိခဲ့ပြီး အရိုင်းတုံးအနေနဲ့ Carat ၃၉၇.၀၉၅ ရှိပြီး သွေးပြီးနောက်ပိုင်း Carat ၃၉၆.၈၀ ရှိပါတယ်။ မြန်မာနိုင်ငံ ထင်ရှားတဲ့ မိုးကုတ်မြို့ရဲ့ ကျောက်တွင်း တွေက ထွက်တဲ့ကျောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ The Ultimate Mogok Blue Treasure မိုးကုတ်ရဲ့အပြာရောင်အထွဋ် အမြတ်ရတနာလို့ အမည်ပေးခဲ့ပါတယ်။

ဒီနီလာလုံးချောကို နာမည်ရ Etcetera ကျောက် မျက်ရတနာဆိုင်က လည်စွဲအဖြစ်ဖန်တီးရာမှာ နီလာလုံးချောကြီးကို နီလာနဲ့ စိန်အသေးတွေနဲ့ ထပ်ပြီးကွပ်ထားတာပါ။ ဟောင်ကောင်မှာ လေလံမတင်မီ နယူးယောက်ကတဆင့် ဂျီနီဗာ၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့တွေမှာလည်း ပြသသွားမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

လေလံတင်မည့်ကမ္ဘာ့စံချိန်တင် အကြီးဆုံး မိုးကုတ်နီလာလုံးချော New York မှာပြသ