အမေရိကန်ငွေကြေးဈေးကွက် ပြန်ကောင်းဖို့ အားယူ
Your browser doesn’t support HTML5
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းဆိုရင် အဆိုးဆုံးအထိ ထိုးကျသွားခဲ့တဲ့ အမေရိကန်ငွေကြေးဈေးကွက်တွေဟာ မနေ့ အင်္ဂါနေ့ကတော့ ပြန်ကောင်းဖို့ အားယူလာပါတယ်။ တရုတ်နဲ့ ဖြစ်နေတဲ့ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာအငြင်းပွားမှုတွေမှာ အမေရိကန်ဖက်က အသာစီးရထားပါတယ်လို့တော့ သမတ Trump ရဲ့ အကြီးတန်းစီးပွားရေးအကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။ အမေရိကန်စိုက်ပျိုးရေးထွက်ကုန်တွေကို မဝယ်တော့ဘူးဆိုပြီး တရုတ်ဖက်က ကြေညာလိုက်တဲ့နောက်၊ အမေရိကန်ဖက်ကလည်း အခုလို တုံ့ပြန်လာတာပါ။ ဗွီအိုအေ သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။