လူကြိုက်များဗိုလ်ကြီးကိုရီးယားရုပ်ရှင် မြောက်ကိုရီးယားမကျေနပ်

Your browser doesn’t support HTML5

တောင်ကိုရီးယားအစိုးရဟာ ရုပ်ရှင်တွေ ရုပ်မြင်သံကြားဇာတ်လမ်းတွေရိုက်ကူးပြီး မြောက်ကိုရီးယားအစိုးရမကောင်းကြောင်း ဝါဒလိုက်ဖြန့်နေပါတယ်လို့ မြောက်ကိုးရီးယားအစိုးရသတင်းမီဒီယာမှာ မတ်လ ၄ ရက်နေ့က စွပ်စွဲသွားပါတယ်။ သူတို့က မြောက်ကိုရီးယားနဲ့ပတ်သတ်ပြီး လုံးဝအခြေအမြစ်မရှိတဲ့အလိမ်အညာတွေ နဲ့ ဇာတ်လမ်းဆင် ရုပ်ရှင်ကားတွေရိုက်ပြီး ဝါဒဖြန့်နေကြတယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ website မှာ ရေးထားတာပါ။ ဘယ်ရုပ်ရှင်လဲလို့ အတိအကျရေးမထားပေမယ့် Netflix အွန်လိုင်းရုပ်သံကပြတဲ့ Crash Landing on You ရုပ်သံဇာတ်လမ်းနဲ့ Ashfall ဆိုတဲ့ ရုပ်ရှင်ကားတွေကို ပြောတာဖြစ်မယ်လို့ တောင်ကိုရီးယား Yonhap သတင်းက ပြောပါတယ်။