သမ္မတဟောင်းထရမ့်ရဲ့ အကြံပေး အရာရှိဟောင်း ပြစ်မှုထင်ရှားကြောင်း တရားရုံးဆုံးဖြတ်

Ansyen stratej Lamezonblanch, Steve Bannon fe yon poz anvan li kite tribinal federal la Vandredi 22 Jiye, 2022, nan Washington.

သမတဟောင် ဒေါ်နယ်ထရန့် ရဲ့ အရေးပါတဲ့ အကြံပေး အရာရှိဟောင်း နဲ့ အိမ်ဖြူတော် တာဝန်ရှိသူ အကြီးအကဲ တဦးဖြစ်ခဲ့တဲ့ Steve Bannon ကို လွှတ်တော်အပေါ် မထီမဲ့မြင်ပြုမှုနဲ့ အပြစ်ရှိကြောင်း တရားရုံး က သောကြာနေ့က အမိန့်ချမှတ်လိုက်ပါတယ်။ 

သမ္မတဟောင်းထရမ့်ရဲ့ အကြံပေး အရာရှိဟောင်း ပြစ်မှုထင်ရှားကြောင်း တရားရုံးဆုံးဖြတ်

{{Zawgyi/Unicode}}
သမတဟောင် ဒေါ်နယ်ထရန့် ရဲ့ အရေးပါတဲ့ အကြံပေး အရာရှိဟောင်း နဲ့ အိမ်ဖြူတော် တာဝန်ရှိသူ အကြီးအကဲ တဦးဖြစ်ခဲ့တဲ့ Steve Bannon ကို လွှတ်တော်အပေါ် မထီမဲ့မြင်ပြုမှုနဲ့ အပြစ်ရှိကြောင်း တရားရုံး က သောကြာနေ့က အမိန့်ချမှတ်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဇန္ဒဝါရီလ လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့မှုနဲ့ ပတ်သက်ပြီး လွှတ်တော်စုံစမ်းရေး ကော်မရှင်က လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်တာကို မလာရောက်ဘဲ လစ်လျူ့ရှုခဲ့သလို၊ တင်ပြဖို့ တောင်းခံတဲ့ အထောက်အထားတွေကိုလည်း မပေးဘဲထားခဲ့တဲ့အတွက် အခုလို အပြစ်ရှိကြောင်း ချမှတ်လိုက်တာဖြစ်တယ်။

ဒီစွဲဆိုချက် ၂ ခုလုံးမှာ တခုစီအတွက် ပြစ်ဒဏ်ကတော့ ထောင်ဒဏ် ရက် ၃၀ ကနေ တနှစ်အထိကျခံရနိုင်ပြီး၊ ဒဏ်ငွေဒေါ်လာ ၁၀၀ ကနေ ၁ သိန်းအထိပေးဆောင်ရနိုင်ပါတယ်။

ဒီဆုံဖြတ်ချက်ကို အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ဦးပါ တရားသူကြီးအဖွဲ့က စီရင်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သမ္မတ နစ်ဆင် လက်ထက် Watergate အရေးတော်ပုံကိစ္စ စီရင်ချက်အပြီး၊ ဒါဟာ ပထမဆုံးအကြိမ် လွှတ်တော်ကို မထီမဲ့မြင်ပြုမှုနဲ့ တရားစွဲဆိုမှုအနိုင်ရတာ ဖြစ်ပါတယ်။

ဒီလိုတရားစွဲဆိုမှုအနိုင်ရတာဟာ ဒီမိုကရက်တွေရဲ့ အဓိက အောင်ပွဲလို့ မြင်သူတွေရှိသလို၊ တရားစွဲဆိုခဲ့ရသူဘက်ကတော့ ဒါဟာ ဒီမိုကရက်တွေက Steve Bannon ကို နိုင်ငံရေးအရ ပစ်မှတ်ထားပြီး သက်သက်လုပ်တာလို့ ပြောဆိုပါတယ်။

ဒီလွှတ်တော် စီးနင်းမှုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်တရားရေးဌာနက တရားလိုလုပ်ပြီး တရားစွဲဆိုတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတဟောင်းထရမ့်ရဲ့ အကြံပေး အရာရှိဟောင်း ပြစ်မှုထင်ရှားကြောင်း တရားရုံးဆုံးဖြတ်

...............................


{{Zawgyi/Unicode}}




