RCSS ရဲ့ ရှမ်းပြည်အမျိုးသားနေ့အခမ်းအနား EAO ခေါင်းဆောင်တချို့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တက်

Your browser doesn’t support HTML5

ဒီကနေ့ကျရောက်တဲ့ ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ်မှာ ကျင်းပခဲ့ပြီး အခမ်းအနားကို စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီးအပါအဝင် ဒုတိုင်းမှူး ၂ဦး ဦးဆောင်တက်ရောက်ခဲ့သလို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ၆ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ပါတယ်။