ယူကရိန်းစစ် ရပ်စဲရေး ရုရှားကိုဖိအားပေးဖို့ တရုတ်ကို G 7 တိုက်တွန်း
တရုတ်အနေနဲ့ ရုရှားကို စစ်ရေး အကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး ယူကရိန်းကနေ ရုရှားတပ်တွေ ပြန်ရုပ်သိမ်းအောင် ဖိအားပေးဖို့ G 7 ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေက ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းဝေးမှာ စနေနေ့က တိုက်တွန်းလိုက်ကြပါတယ်။
ဒါ့အပြင် တရုတ်ရဲ့ စစ်ရေးနဲ့ စီးပွါးရေး လုံခြုံမှုဆိုင်ရာ ခြိမ်းခြောက်မှုအတွက်လည်း G 7 ခေါင်းဆောင်တွေက တိုးပြီး ဝေဖန်ခဲ့ကြတာပါ။ တရုတ်ဟာ တောင်တရုတ်ပင်လယ်ပြင် ဒေသတွင်းမှာ စစ်ရေးနဲ့ စီးပွါးရေး အကြပ်ကိုင်နေသလို စီးပွါးရေးကြွယ်ဝမှုနဲ့ ဒီမိုကရေစီ ထုံးတမ်းဓလေ့တွေ၊ သံတမန်တွေရဲ့ လုံခြုံရေးတွေ လျော့ပါးစေဖို့ ရည်ရွယ်တဲ့ ကြားဝင်ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
SEE ALSO: ယူကရိန်းသမ္မတ G 7 ခေါင်းဆောင်တွေနဲ့ တွေ့ဆုံG 7 ခေါင်းဆောင်တွေဟာ ရုရှားရဲ့ တရားမဝင် စစ်ပွဲဆင်နွှဲမှုကို ခုခံတွန်းလှန်နေရတဲ့ ယူကရိန်းအတွက် စစ်ကာလဘယ်လောက် ကြာကြာ ထောက်ပံ့ကူညီဖို့လည်း ထပ်မံ ကတိပေးခဲ့ပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့ ပါဝင်တဲ့ G 7 အဖွဲ့အနေနဲ့ တရုတ်ကို ထိခိုက်စေဖို့ ရည်ရွယ်လုပ်ဆောင်တာ မဟုတ်သလို တရုတ်ရဲ့ စီးပွါးရေးတိုးတက်မှုနဲ့ ဖွံ့ဖြိုးမှု ပျက်စီးစေဖို့လည်း မရည်ရွယ်ကြောင်း G7 ခေါင်းဆောင်တွေက ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ ဥတုရာသီဆိုင်ရာမှာရော၊ အားနည်းတဲ့နိုင်ငံတွေက ကြွေးမြီပြဿနာ ဖြေရှင်းဖို့အပြင် ကမ္ဘာ့ကျန်းမာရေးနဲ့ စီးပွါးရေးဆိုင်ရာ ကျယ်ပြန့်တဲ့အမြင်နဲ့ ဆောင်ရွက်မှု တွေမှာပါ G 7 နဲ့ ထိတွေ့ဆောင်ရွက်ဖို့လည်း G 7 ခေါင်းဆောင်တွေက ဖိတ်ခေါ်ခဲ့တာပါ။
Your browser doesn’t support HTML5