ရုရှားရွေးကောက်ပွဲ သိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွေမှာပါ ပြုလုပ်မည်

A woman and a serviceman leave a voting area at a polling station during Russia-organized elections in Donetsk, capital of Ukraine's mostly Russian-occupied Donetsk region, Sept. 10, 2023.

ရုရှားက လာမယ့် သမ္မတရွေးကောက်ပွဲမှာ ယူကရိန်းထံက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုပါ ထည့်သွင်းပြုလုပ်မယ့်အစီ စဉ်ကို ယူကရိန်းအစိုးရက စနေနေ့မှာ အပြင်းအထန် ကန့်ကွက်ရှုံချလိုက်ပါတယ်။

ဒါဟာ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဒီရွေးကောက်ပွဲကို ကြီးကြပ်ဖို့ နိုင်ငံတကာ လေ့လာသူတွေ စေလွှတ်မယ်ဆိုရင်လည်း ရာဇဝတ်မှုမြောက်လိမ့်မယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရုရှားက တရားမဝင် သိမ်းယူခဲ့တဲ့ ယူကရိန်းနယ်မြေ ၄ ခုဖြစ်တဲ့ ဒုန်ညက်၊ လူဟန့်၊ ဇီပိုရီရီးရှားနဲ့ ခါဆန်ဒေသတွေကို ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ထည့်သွင်း ကျင်းပဖို့ သတ်မှတ်လိုက်တာပါ။

ဒီဒေသ ၄ ခုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရုရှားက သူ့ပိုင်နက်အဖြစ် ထည့်သွင်းခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ကျင်းပဖို့ ကြာသပတေးနေ့တုန်းက ရုရှားလွှတ်တော်က သတ်မှတ်ခဲ့တာပါ။

ရုရှားမှာ အတိုက်အခံတွေကို နှိမ်နင်းထားပြီး ရုရှားက ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိဘူးလို့ အတိုက်အခံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြင်ပါတယ်။ အခုလို ယူကရိန်းနယ်မြေတွေကို ရွေးကောက်ပွဲထဲ ထည့်သွင်းတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းရှုံချကြဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို ဒဏ်ခတ် အရေးယူဖို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

SEE ALSO:

ရုရှားရွေးကောက်ပွဲ သိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွေမှာပါ ပြုလုပ်မည်

Your browser doesn’t support HTML5

ရုရှားရွေးကောက်ပွဲ သိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွေမှာပါ ပြုလုပ်မည်