စစ်ကောင်စီကိုပြန်တိုက်တဲ့ ကရင်နီ BGF တပ်ဖွဲ့များ

Your browser doesn’t support HTML5

 စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တခြား လက်နက်ကိုင်အင်အားစုတွေနဲ့ ပေါင်းစည်းပြီး ပထမဆုံး ပြန်လည်တိုက်ခိုက်တဲ့ BGF နယ်ခြားစောင့်တပ်ကတော့ ကရင်နီပြည်လို့လည်းခေါ်တဲ့ ကယားပြည်နယ်က နယ်ခြားစောင့် တပ် အမှတ် ၁၀၀၄ နဲ့ ၁၀၀၅ ဖြစ်ပါတယ်။

စစ်ကောင်စီကိုပြန်တိုက်တဲ့ ကရင်နီ BGF တပ်ဖွဲ့များ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တခြား လက်နက်ကိုင်အင်အားစုတွေနဲ့ ပေါင်းစည်းပြီး ပထမဆုံး ပြန်လည်တိုက်ခိုက်တဲ့ BGF နယ်ခြားစောင့်တပ်ကတော့ ကရင်နီပြည်လို့လည်းခေါ်တဲ့ ကယားပြည်နယ်က နယ်ခြားစောင့် တပ် အမှတ် ၁၀၀၄ နဲ့ ၁၀၀၅ ဖြစ်ပါတယ်။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) လက်အောက်ခံ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) ၇၈၂၆ တပ်မဟာမှူး ဆီမိုးနယ်ကို ဘော်လခဲ ရွာသစ်အနီးက BGF ၁၀၀၅ ဌာနချုပ် တပ်စခန်း မှာ ကိုအောင်အောင်က သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ ဘာကြောင့် ပူးပေါင်း လက်တွဲတိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို အရင် BGF တပ်အမှတ် ၁၀၀၅ တပ်မှူး တာဝန်ယူခဲ့ဘူးသူ တပ်မဟာမှူး ဆီမိုးနယ်က ရှင်းပြထားပါတယ်။