ကရင် စစ်ဘေးဒုက္ခသည်တွေနဲ့ အကူအညီ

Your browser doesn’t support HTML5

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ဘက်ခြမ်းက ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ထိုင်းရောက် မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ NGO တချို့ကပဲ အဓိက အကူအညီပေးနေကြောင်း စခန်းတာ၀န်ခံက ဗွီအိုအေကိုပြောပါတယ်။  

ကရင် စစ်ဘေးဒုက္ခသည်တွေနဲ့ အကူအညီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ဘက်ခြမ်းက ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ထိုင်းရောက် မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ NGO တချို့ကပဲ အဓိက အကူအညီပေးနေကြောင်း စခန်းတာ၀န်ခံက ဗွီအိုအေကိုပြောပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေဟာ အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ KNU တပ်မဟာ (၆)ထိန်းချုပ်ထားတဲ့နယ်မြေက ဒုက္ခသည် ၅,၀၀၀ နီးပါးရှိနေတဲ့ ပလော့တပို့ စစ်ဘေးဒုက္ခသည်စခန်းအခြေအနေကို ထိုင်း-မြန်မာနယ်စပ်တနေရာက သွားရောက်ရိုက်ကူးထားတဲ့ မအင်ကြင်းနိုင်က ပြောပြမှာပါ။