တနင်္သာရီတိုင်းတွင်း စစ်ရေး အခြေအနေ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မာရမ်းအုပ်စုက ရှမ်းကိုးရွာ၊ ခမောက်ငယ်ကျေးရွာနဲ့ ချောင်းဝ ရွာတွေဘက်မှာ နေအိမ်တွေကို စကစ တပ်တွေက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ (Photo: ဒေသခံ)

“အင်အား အများအပြားနဲ့ ၂၄ ရက်နေ့ကတည်းက ကင်းလှည့်နေတာ ခမောက်ငယ်ကျေးရွာက မာရမ်းဒေသမှာရှိ တယ်။ အဲဒီမှာ နယ်မြေကင်းလှည့်တာတွေ လုပ်နေတယ်၊ လုံခြုံရေး စစ်ဆေးတာတွေ လုပ်နေတယ် ၂၄ ရက်နေ့ကတည်းက အင်အားအများအပြားနဲ့ စစ်ဆေးတာတွေ လုပ်နေ"

စကစ တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မာရမ်းအုပ်စုက ရှမ်းကိုးရွာ၊ ခမောက်ငယ်ကျေးရွာနဲ့ ချောင်းဝ ရွာတွေဘက်မှာ နေအိမ်တွေကို စကစ တပ်တွေက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါအပြင် ချောင်းဝရွာအနီး အရပ်သား ၅ ဦးကိုလည်း စစ်ကောင်စီ စစ်ကြောင်းက ဩဂုတ်လ ၂၉ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“အင်အား အများအပြားနဲ့ ၂၄ ရက်နေ့ကတည်းက ကင်းလှည့်နေတာ ခမောက်ငယ်ကျေးရွာက မာရမ်းဒေသမှာရှိ တယ်။ အဲဒီမှာ နယ်မြေကင်းလှည့်တာတွေ လုပ်နေတယ်၊ လုံခြုံရေး စစ်ဆေးတာတွေ လုပ်နေတယ် ၂၄ ရက်နေ့ကတည်းက အင်အားအများအပြားနဲ့ စစ်ဆေးတာတွေ လုပ်နေတာ ၂၉ ရက်နေ့ကျတော့ သူတို့က ခမောက်ငယ်ရွာ အနီးမှာ မီးသွေးဖောင်တွေ အိမ်တွေ မီးရှို့သွားတယ်၊ ရွာသားတွေကိုလည်း ဖမ်းဆီးသွားတာပါ။ ”

ဇူလိုင်လ ၁၇ ရက်နေ့တုန်းကလည်း မာရမ်းအုပ်စုမှာ စကစတပ်တွေက မီးရှို့ခဲ့လို့ နေအိမ် ၁၅ လုံးလောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ အေးချမ်းသာရွာ စာသင်ကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုတော့ ကော်သူလေး အာမီက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူ မီးသွေးဖုတ်တဲ့ လူငယ် ၅ ဦးဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး၊ သူတို့ကို PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲ ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ ကော့သောင်းဒေသတွင်း စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

တနင်္သာရီတိုင်းတွင်း စစ်ရေး အခြေအနေ