ဒေါ်နယ်ထရမ့်ကို ဒုတိယအကြိမ် လုပ်ကြံဖို့ ကြိုးစားမှု

Your browser doesn’t support HTML5

အမေရိကန် သမ္မတဟောင်း Donald Trump အနေနဲ့ ဘေးကင်းလုံခြုံပါတယ် ၂ လအတွင်း ဒုတိယအကြိမ်မြောက် လုပ်ကြံဖို့ ကြိုးစားခံရအပြီး မှာ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ လုပ်ကြံဖို့ ကြိုးစားမှုအပြီး သံသယတရားခံကို ရဲက ဖမ်းဆီးထားပြီးတဲ့နောက် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးဌာန FBI က ဦးဆောင်စစ်ဆေးနေပါတယ်။