ဓာတ်ပုံသတင်း "၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ"

ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ပစ်စဘတ်မြို့၊ မန်ချက်စတာကျောင်းမှာ မဲဆန္ဒရှင်တဦး မဲပေးနေတာဖြစ်ပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

ပထမဆုံးအကြိမ် မဲပေးခွင့်ရတဲ့ ဟင်နရီရှုးစ် (အသက် ၁၈ နှစ်) က ဝစ်ကွန်ဆင်ပြည်နယ်၊ ဆူပီးရီးယားမြို့၊ ‌
ဘေးလင်းစ်ပါ့ခ် လူထုအခြေပြုကွန်မြူနတီစင်တာမှာ မဲပေးနေတာ ဖြစ်ပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

မိန်းပြည်နယ် ဒုတိယခရိုင် လူးဝစ်စတန်မြို့က လွန်းဂလီမူလတန်းကျောင်းမှာ မဲဆန္ဒရှင်တွေ မဲပေးနေတာပါ။  (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရာလီမြို့မှာရှိတဲ့ မဲရုံတခုအပြင်ဘက် မြင်ကွင်းဖြစ်ပါတယ်။ မဲဆွယ်ဆိုင်းဘုတ်တွေအပြည့် ဖြစ်နေတာပါ။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

မီချီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်စ်မြို့၊ ဖိန့်လူသရန် ဘုရားကျောင်းအပြင်ဘက်မှာ လှုပ်ရှားသွားလာရအခက်အခဲရှိတဲ့ မဲဆန္ဒရှင် မေရီမီလာ မဲပေးဖို့အတွက် ရွေးကောက်ပွဲဝန်ထမ်း အိုဝင် အိုကီဖီနဲ့ ဘရန်ဒန် ရစ်ခေါ့ဖ်တို့ မဲရုံအပြင်ဘက်မှာပဲ ကူညီပေးခဲ့ပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ အရှေ့ခြမ်းမဲရုံတရုံမှာ မဲပေးဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို နိုဝင်ဘာလ ၅ ရက် ရွေးကောက်ပွဲနေ့က တွေ့ရတာပါ။

နယူးယောက်မြို့ မစ်ကီမန်တဲလ်ကျောင်းမှာ အမေဖြစ်တဲ့ အယ်လက်စစ် တေလာ မဲပေးတော့ အသက် ၂ နှစ်သမီး ဗက်စတာ အေဗာရီက အမေနဲ့တူတူ မဲကူပေးခဲ့တာပါ။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

နယူးယောက်မြို့ ဘရွန့်စ်ခရိုင် တရားရုံးချုပ် မဲရုံမှာလည်း  မဲဆန္ဒရှင်တွေ မဲလာပေးခဲ့ကြပါတယ်။  (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

ရွေးကောက်ပွဲနေ့က နယူးယောက်မြို့၊ ဘရွန့်စ်ခရိုင် တရားရုံးချုပ်မှာ ရွေးကောက်ပွဲအကူ လုပ်အားပေးတွေ မဲစာရွက်တွေ စစ်ဆေးနေကြတာဖြစ်ပါတယ်။  (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

အလက်ဘားမားပြည်နယ်၊ ဘာမင်ဟမ်မြို့ ဘရုခ်ဟီးလ်စ်ဘုရားကျောင်း မဲရုံမှာ မဲဆန္ဒရှင်တွေ မိုးထဲလေထဲတန်းစီစောင့်ပြီး မဲပေးခဲ့ကြပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

ရီပတ်ဘလီကန်ပါတီ ဒုသမ္မတလောင်း အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်ဟာ သားသမီးတွေနဲ့အတူ စင်စီနာတီမြို့ St. Anthony of Padua Maronite ကက်သလစ်ဘုရားကျောင်းမှာ မဲပေးဖို့ ရောက်လာခဲ့ပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

ဖလော်ရီဒါပြည်နယ် ပမ်းဘိချ်မြို့ မန်ဒယ်အပန်းဖြေစင်တာမှာရှိတဲ့ မဲရုံအပြင်ဘက်မှာတော့  ရီပါဘလစ်ကန်သမ္မတလောင်းဖြစ်သူ၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပုံတူ အရုပ်ကလေးကိုင်ထားတဲ့ သမ္မတထရမ့် ထောက်ခံသူတဦးကို တွေ့ရပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

ပင်ဆီလ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့နယ်စပ်မှာရှိတဲ့ မဲရေတွက်ရုံမှာ စာတိုက်ကနေ ပေးလာတဲ့ မဲလက်မှတ်တွေကို ရွေးကောက်ပွဲဝန်ထမ်းတွေ နိုဝင်ဘာ ၅ ရွေးကောက်ပွဲနေ့မှာ စစ်ဆေးရေတွက်နေကြတာပါ။ 

မစ္စစ်ဆစ်ပီပြည်နယ် North Jackson မြောက်ဂျက်ဆင်မြို့မှာ မနက်စောစော မဲရုံစတင်ဖွင့်လှစ်ချိန်မတိုင်မီလေးမှာပဲ မဲရုံဝန်ထမ်းများ ကတိသစ္စာဆိုခဲ့ကြပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

ပင်ဆီလ်ဗေးနီးယားပြည်နယ် စကရန်တန်မြို့က မဲဆန္ဒရှင်တွေကတော့ အထက်တန်းကျောင်းမဲရုံမှာ မဲပေးဖို့ မိုးမလင်းခင်ကတည်းက လာတန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)

အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ မက်ဒီဆင်ဘုရားကျောင်းမဲရုံမှာလည်း မဲဆန္ဒရှင်တွေ  မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေခဲ့တာပါ။ (နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄)