ဖိအားပေးမူဝါဒ ထရမ့်ပြောင်းလဲဖို့ အီရန်တောင်းဆို 

(FILES) မဟာဗျူဟာရေးရာကိုင်တွယ်နေတဲ့ အီရန် ဒုသမ္မတ Mohammad Javad Zarif ( January 26, 2021)

အီရန်အပေါ် အကြီးမားဆုံး ဖိအားပေးနေတဲ့ မူဝါဒကို ပြောင်းလဲပေးဖို့ အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို အီရန်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ထရမ့်ကို လုပ်ကြံဖို့ ကြံစည်မှုမှာ အီရန်ပါဝင် ပတ်သက်နေကြာင်း အမေရိကန်က စွပ်စွဲခဲ့တဲ့နောက်မှာ အီရန် မဟာဗျူဟာရေးရာ ကိုင်တွယ်တဲ့ ဒုသမ္မတ Mohammad Javad Zarif က အခုလို ပွင့်ပွင့်လင်းလင်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမသက်တမ်းအတွင်း အီရန်အပေါ် အကြီးမားဆုံး ဖိအားပေးတဲ့ မူဝါဒကို ပြန်စဉ်းစားဖို့ တောင်းဆိုလိုက်တာ ဖြစ်ပြီး ထရမ့်အနေနဲ့ အရင်က သူ့ရဲ့ မှားယွင်းတဲ့ မူဝါဒတွေအတိုင်း ဆက်မလုပ်ဘူးဆိုတာကို ပြရမှာဖြစ်ကြောင်း Zarif က သတင်းထောက်တွေကို ပြောပါတယ်။

SEE ALSO: ဒဏ်ခတ်အရေးယူပြီး ဖိအားမပေးကြဖို့ အီရန်တောင်းဆို


ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှုမှာ အီရန်ပတ်သက်မှုရှိကြောင်း အမေရိကန်ဘက်က စွပ်စွဲမှုဟာ လုံးဝ အခြေအမြစ်မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အီရန်နဲ့ အမေရိကန်ကြား ၁၉၇၉ အီရန်-အစ္စလန်မစ် တော်လှန်ရေး ဖြစ်ပွါးချိန်ကစပြီး သံတမန်ရေး ဆက်ဆံမှု အဆင်မပြေဖြစ်ခဲ့တာပါ။

အရင်က အီရန်နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ Zarif ဟာ ၂၀၁၅ မှာ အီရန် နျူကလီယားဆိုင်ရာအတွက် အနောက်အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်အောင် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်ကနေ ၂၀၁၈ မှာ အမေရိကန်သမ္မတ ထရမ့်လက်ထက်က နှုတ်ထွက်ခဲ့ပြီး၊ နောက်ပိုင်းမှာ အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အီရန်ဘက်ကလည်း အဲဒီအချိန်ကစပြီး ယူရေနီယမ် သန့်စင်မှုတွေ တိုးလုပ်လာတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက အမေရိကန် အရွေးကောက်ခံ သမ္မတအနေနဲ့ အီရန်အပေါ် မူဝါဒပြင်ဖို့ ပြောကြားခဲ့သလို ထရမ့်ကလည်း အင်္ဂါနေ့တုန်းက အီရန် ထိခိုက်အောင် သူလုပ်ဆောင်မှာ မဟုတ်ကြောင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။

Your browser doesn’t support HTML5

ဖိအားပေးမူဝါဒ ထရမ့်ပြောင်းလဲဖို့ အီရန်တောင်းဆို