AIRASIA လေကြောင်း မြန်မာနဲ့ တွဲဖက်လုပ်ကိုင်မည့်အစီအစဉ် ဖျက်သိမ်း

AirAsia ကုမ္ပဏီအကြီးအကဲ Tony Fernandes

AirAsia လေကြောင်းလိုင်းက မြန်မာနိုင်ငံက လေကြောင်းကုမ္ပဏီတခုနဲ့ပေါင်းပြီး ပြည်တွင်းမှာ လေကြောင်းလိုင်းတခုတည်ထောင်ဖို့ ဆွေးနွေးမှုတွေ ရပ်သွားပြီလို့ AirAsia ကုမ္ပဏီအကြီးအကဲ Tony Fernandes ကပြောကြားလိုက်ပါတယ်။

AirAsia ဟာ အာရှနိုင်ငံက မြို့တွေကြား ဈေးနှုန်း သက်သက်သာသာနဲ့ ပျံသန်းပြေးဆွဲနေတဲ့ မလေးရှားအခြေစိုက် လေကြောင်းလိုင်းတခုဖြစ်ပါတယ်။ မြန်မာလေကြောင်းလိုင်းတခုနဲ့ ပူးပေါင်းပြေးဆွဲဖို့ ဖြစ်နိုင်ခြေ ဆွေးနွေးနေတယ်လို့ Tony Fernandes က မတ်လတုန်းက ပြောကြားခဲ့တာပါ။ ဘယ်လေကြောင်းကုမ္ပဏီနဲ့လည်းဆိုတာ အဲဒီတုန်းက သူက ထုတ်မပြောခဲ့သလို အင်္ဂါနေ့ကလည်း ပြောဖို့ငြင်းဆိုခဲ့ပါတယ်။

ဆွေးနွေးညှိနှိုင်းမှုတွေ ရပ်ထားလိုက်ပြီး။ လောလောဆယ် မြန်မာနိုင်ငံမှာ လေကြောင်းလိုင်း ပူးပေါင်းပြေးဆွဲဖို့ကိစ္စကို မလုပ်သေးဘူးလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလုပ်တဲ့ AirAsia ပွဲမှာ Tony Fernandes ကပြောကြားခဲ့တာဖြစ်ပါတယ်။ တချိန်ချိန်မှာတော့ ဒီကိစ္စကို ပြန်လုပ်ကောင်း လုပ်နိုင်ပေမဲ့ အခုအချိန်မှာတော့ မြန်မာနိုင်ငံထဲမှာ လေကြောင်းလိုင်း မလုပ်သေးဘူးလို့ ဆုံးဖြတ်ထားတယ်လို့ သူကပြောပါတယ်။ Vietnam ကုမ္ပဏီနဲ့ ဖက်စပ်ပြေးဆွဲမယ့် AirAsiaVietnam လေကြောင်းခရီးစဉ်တွေကိုတော့ အခုနှစ်ကုန် ၂၀၁၉ နှစ်ဆန်းပိုင်းလောက်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း AirAsia ကုမ္ပဏီအကြီးအကဲက ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

AIRASIA