(Zawgyi / Unicode)
ကမ္ဘာ့ပရိသတ် သန်းပေါင်းများစွာကြည့်ရှု့အားပေးကြတဲ့ America's Got Talent ၂၀၂၀ ပြည့်နှစ်ပြိုင်ပွဲမှာ မြန်မာလူငယ် အနုပညာ အဖွဲ့အနေနဲ့ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Junior Creative အဖွဲ့ဟာ the Champions Season 2 ကွာတားဖိုင်နယ်လ်ထိ ရောက်ခဲ့တာပါ။
Junior Creative မြန်မာလူငယ်အဖွဲ့ အပါအဝင် ကမ္ဘာတဝှမ်းက အကောင်းဆုံး အနုပညာအဖွဲ့ပေါင်း ၄၀ ကျော်ကို ဖိတ်ခေါ်ပြီး အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျ်လိစ်မြို့က Pasadena Civic Auditorium မှာ ယှဉ်ပြိုင် ပြသခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ရုပ်သံရော၊ ဆိုရှယ်မီဒီယာတွေကနေ the Champions Season 2 ကို ထုတ်လွှင့်ပြသရာမှာ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ကလေးတွေရဲ့ အခြေအနေကို Junior Creative အဖွဲ့က သရုပ်ဖေါ်ပြသတဲ့အပေါ် လူအများ နှစ်ခြိုက်အားပေးခဲ့ကြပါတယ်။ အခုလို ပြိုင်ပွဲအတွေ့အကြုံတွေကို အဖွဲ့ မန်နေဂျာဖြစ်တဲ့ ကိုကျော်စည်သူထွန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။
ဖြေ။ ။ ပြိုင်ပွဲအတွက် ကျနော်တို့ကို Producer တွေက ရွေးချယ်ပြီးတော့ Semifinal မတိုင်ခင်မှာ Judge တွေအရှေ့မှာ Live performance လုပ်ရတာပေါ့။ အရှေ့မှာတော့ Producer တွေနဲ့အများကြီး performance ကိုပြင်ဆင်ထားရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေလုပ်ချင်တဲ့ Idea နဲ့ သူတို့ပြလို့ရတဲ့ အနေအထားတွေနဲ့ အချင်းချင်း ညှိယူကြရတာပေါ့။ တပတ်ကို အဖွဲ့ ၁၀ ဖွဲ့ပေါ့ ၊ ၁၀ ဖွဲ့ထဲကမှ Golden buzzer တယောက်ရပြီးသွားရင် နောက်ထပ်ကျန်တဲ့ ၉ ယောက်ပေ့ါ။ အဲဒီ ၉ ယောက်ထဲမှာမှ Super Fan ဆိုတဲ့ အမေရိကန်မှာ ရှိတဲ့ Fan တွေရဲ့ Vote ကတော့ ၂ ဖွဲ့ပြန်ရွေးပြီးတော့မှ နောက်တဖွဲ့က ဒိုင်တွေက ရွေးပေးရတဲ့အဖွဲ့ပေါ့ အဲလိုမျိုး ဒီ System လေးပါပဲ။
မေး။ ။ အဲဒီတော့ ပြိုင်ပွဲအဆင့်ဆင့်ဝင်ခဲ့ရတဲ့ အခြေအနေကရော ဘယ်လောက်အထိ ကြာခဲ့သလဲ။
ဖြေ ။ ကျနော်တို့ကို ၂၀၁၉ မေလောက်ကနေ ကမ်းလှမ်းတယ်။ အဲဒီကတည်းကနေစပြီးတော့ ပြင်နေရတာပေါ့ တောက်လျောက် Performance အတွက် ။ နောက်ဆုံး Final အထိကို အကုန်လုံး ကြိုပြီးပြင်သွားရတယ်ပေါ့။
မေး။ ။ အားလုံးအဖွဲ့ဝင် ဘယ်နှစ်ယောက်လောက် ယှဉ်ပြိုင်ခဲ့ပြီးတော့ အဲဒီအတွက် ယှဉ်ပြိုင်ရတဲ့အတွေ့အကြုံပေ့ါနော် ကျမတို့လည်းကြည့်ရတယ် မြန်မာလူငယ်တွေအတွက် အရမ်းဂုဏ်ယူရတယ်။ မျက်ရည်ကျပြီးတော့ တကယ်လည်းစိတ်လှုပ်ရှားစရာလည်းတွေ့ခဲ့ရတယ်။ ဆိုတော့ အဲဒီလို ပြိုင်ပွဲဝင်ခဲ့ရတဲ့ အခြေအနေ နောက်ပြီး နာမည်ကြီး Judge တွေက ကိုယ့်တင်ဆက်မှုကို မှတ်ချက်ပေးတဲ့ စကားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုခံစားရသလဲ။
ဖြေ ။ ။ အဓိက ပေးချင်တဲ့ Message ကိုလည်း တကမ္ဘာလုံးက သိခွင့်ရသွားတယ်ပေါ့။ Message က စစ်ပွဲ ပဋိပက္ခတွေအကြားမှာ အပြစ်မဲ့တဲ့ ကလေးငယ်တွေ tribute လုပ်တဲ့ Performance လေးတခုပေါ့။ အဲဒါကို ကျနော်တို့ ချပြခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်။ မြန်မာပြည်က အဖွဲ့အနေနဲ့ကတော့ America's Got Talent စင်ပေါ်မှာ မြန်မာနိုင်ငံကနေ ပထမဦးဆုံးသွားရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ နောက် မြန်မာပြည်မှာ အားပေးတဲ့ သူတွေရှိတော့လည်း အရမ်းဝမ်းသာတယ်ပေါ့နော်။ မြန်မာပြည်သာမက ဒီနေ့ဆိုရင် တကမ္ဘာလုံးက Social Media တွေမှာပါ အားပေးတဲ့စကားတွေရေးတာတွေ့တယ် အဲဒါကြောင့် အရမ်းဝမ်းသာတယ်။ ကျေနပ်တယ်ပေါ့။ တကယ် Performance အတွက်ပြင်ဆင်ခဲ့ရတဲ့အတွက် ကျေနပ်တယ်လို့ ယူဆပါတယ်။ နောက်ပြီးတော့ ဒိုင်တွေကလည်း ကောင်းတဲ့ feedback တွေပေးတယ်။ အထူးသဖြင့် Simon ပေါ့ သူက ပုံမှန်အရမ်းကျပ်တဲ့ ဒိုင်တယောက်ပေါ့။ ဒါပေမယ့် ကျနော်တို့ Performance ကို သူ့အနေနဲ့ အရမ်းကြိုက်တယ်ပေါ့ မတ်တပ်ရပ် လက်ခုတ်တီးတယ်ဆိုတော့ two thumbs up လည်းပေးတယ်ဆိုတော့ တော်တော်ကျေနပ်မိတယ်ပေါ့။ နောက်ဆက်လုပ်သွားမယ့် အဖွဲ့ Performance တွေအတွက် အရမ်းအားဖြစ်စေပါတယ်။
မေး။ ။ အဲဒီတော့ Junior Creative မှာ အသက်အရွယ်တွေအားလုံးဘယ်လောက်လောက် ၊ အငယ်ဆုံးကနေ အကြီးဆုံး ဘယ်လောက်အထိ ရှိကြသလဲ။
ဖြေ ။ ။ Junior Creative မှာ အငယ်ဆုံးကတော့ ၁၆ နှစ်ပါ။ အကြီးဆုံးကတော့ ၂၄ နှစ် အဖွဲ့ဝင်ကတော့ ၁၅ ယောက်ရှိပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ စစ်ဒုက္ခပေါ့နော် ၊ ပဋိပက္ခကို ရင်ဆိုင်နေရတဲ့ အခြေအနေကို တင်ပြဖို့ စိတ်ကူးရယ် ၊ နောက်ပြီးတော့ ဒါမျိုးကို တင်ဆက်နိုင်ဖို့ ဘယ်လို ဖန်တီးခဲ့ရသလဲ။
ဖြေ ။ ။ ဒီ Performance ကတော့ မြန်မာ နိုင်ငံ တခုတည်းမဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေအကုန်လုံး ကလေးငယ်တွေ အကုန်လုံးကို ကိုယ်စားပြုတယ်ပေါ့။ story လေးက ဘယ်လို inspire ရသွားသလဲဆိုတော့ True story လေးတခုပေါ့ ကျနော်တို့ Volunteer လုပ်တဲ့ခရီးစဉ်တခု research လုပ်တဲ့ ခရီးစဉ်တခုမှာ တကယ် ပဋိပက္ခတွေကြားထဲမှာ နေခဲ့ရတဲ့ လူငယ်တွေဆီကနေပြီးတော့ ကြားလာတဲ့ စကားသံတွေ ခံစားချက်တွေကို ပေါင်းစပ်ပြီးတော့ လုပ်ခဲ့တဲ့ Performance လေးပါ။ ဒါက မြန်မာနိုင်ငံတခုတည်းကို ပြချင်တာမဟုတ်ဘူးပေါ့ တကမ္ဘာလုံးမှာရှိတဲ့ အကြောင်းအရာတွေအကုန်လုံးကို ကိုယ်စားပြုချင်တာပေါ့။
မေး။ ။ မြန်မာနိုင်ငံမှာရော အဲလိုမျိုး အနုပညာဖန်တီးမှုတွေ လူငယ်တွေအတွက် အခွင့်အလမ်းတွေရော ဘယ်လောက်အထိ ရှိနေသလဲရှင့်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာက အနုပညာဖန်တီးခွင့်အနေနဲ့ကတော့ ကျနော်တို့အနေနဲ့ ပြောဆိုနိုင်တဲ့နေရာမှာ မရှိပေမယ့် ပံ့ပိုးမူကောင်းကောင်းမရဘူး ၊ ပံ့ပိုးမှုဆိုတာက ငွေကြေးအားဖြင့်ရော motivation အားဖြင့်ရော ကောင်းကောင်းမွန်မွန်မရတဲ့ လူငယ်တွေအတွက်ဆိုရင် တော်တော်လေးခက်ခဲတယ်။ Performance တွေဘာတွေ ပြင်ဆင်ရင်လည်း ဒီအဖွဲ့ဆိုရင် shadow dance ကရတယ်။ shadow dance ဆိုတာ မြန်မာနိုင်ငံမှာ ကျနော်တို့အနေနဲ့ တခုတည်းသော shadow dance အဖွဲ့ပေါ့။ အဲဒါကြောင့် တချို့ material သုံးတဲ့ ပစ္စည်းတွေ ၊ နောက်ပြီး တချို့ technique တွေဆိုရင် ကိုယ့်ဟာကိုယ် online ကနေ တခြားနိုင်ငံက shadow dance အဖွဲ့တွေဆီကနေ လေ့လာရတဲ့ ၊ တချို့ပစ္စည်းတွေဆိုရင်လည်း ခက်ခက်ခဲခဲ ရှာထားရတယ်။ ဒီနိုင်ငံမှာက မရှိသေးတာ ၊ မပြဖူးသေးတာကို လုပ်ရတဲ့အတွက် အရမ်း ရင်းရတယ်။ အနုပညာမှာမှ မဟုတ်ပါဘူး၊ တခြား ဘယ်လိုကဏ္ဍမျိုးမဆို လုပ်နေတဲ့ လူငယ်တွေက တခုခုကို စမ်းလုပ်မယ်ဆိုရင် အခက်အခဲ အများကြီးရှိပါတယ်။
မေး။ ။ Junior Creative အဖွဲ့အနေနဲ့ရော ဘာဆက်လုပ်ဖို့ ရှိသလဲရှင့်။
ဖြေ ။ ။ Junior Creative အဖွဲ့အနေနဲ့ ရှေ့ဆက်ပေါ့ အကက shadow dance ပဲလုပ်တာမဟုတ်ပဲနဲ့ urban choreography တွေလည်း လုပ်တော့ ၂ ခုစလုံးကို မျှမျှတတလေး လုပ်သွားဖို့ ရှိပါတယ်။ တခြား International ပွဲတွေဆိုရင်လည်း အခု America's Got Talent တောင်ပြိုင်ပြီးသွားပြီဆိုတော့ International ပြိုင်ပွဲတွေရှိရင်လည်း ဝင်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း အကနဲ့ ပတ်သက်ပြီးတော့ တခြားအကဝါသနာပါတဲ့ လူငယ်တွေကို ပြန်ပြီးတော့ Knowledge sharing၊ experience sharing နဲ့ workshop လေးတွေလုပ်ပြီးတော့ အများကြီး ကူညီပံ့ပိုးပေးသွားဖို့ ရှိပါတယ်။
Junior Creative အဖွဲ့ရဲ့ မန်နေဂျာဖြစ်တဲ့ ကိုကျော်စည်သူထွတ်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာပါ။
Your browser doesn’t support HTML5
....................
(Unicode)