သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္းဝ အကသင္တန္းေက်ာင္း


မႏၲေလးၿမိဳ႕ အင္းဝအကသင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီး ဦးေက်ာ္ဝင္း
အင္းဝ အကသင္တန္းေက်ာင္း
please wait

No media source currently available

0:00 0:11:10 0:00
တိုက္႐ိုက္ လင့္ခ္

ZawGyi/Unicode

မႏၲေလးၿမိဳ႕က အင္းဝအကသင္တန္းေက်ာင္းဆိုတာ ဝါရင့္သဘင္ပညာရွင္ႀကီးေတြက ေက်းလက္ေဒသက ဆိုကေရးတီး ဝါသနာရွင္လူငယ္ေလးေတြအတြက္ ျမန္မာ့႐ိုးရာ သဘင္ပညာကို ေရွးမူမပ်က္ လက္ဆင့္ကမ္းသင္ၾကားေပးေနတဲ့ အႏုပညာေက်ာင္း ျဖစ္ပါတယ္။ မႏၲေလးၿမိဳ႕က အင္းဝအကသင္တန္းေက်ာင္းကို ေဒၚခင္စိုးဝင္းနဲ႔ အတူ ေလ့လာၾကရေအာင္ပါ။

ေမး ။ ။ မႏၲေလးၿမိဳ ႔မွာရိွတဲ့ အင္းဝအကသင္တန္းေက်ာင္းေလးမွာ ဆိုကေရးတီး အႏုပညာေတြကို သင္ၾကားပို႔ခ်ေပးေနတဲ့ ဝါရင့္အႏုပညာရွင္ႀကီး မန္းၿမိဳ ႔ပန္တ်ာဦးေက်ာ္ဝင္းကေတာ့ ေရွ ႔မႈမပ်က္တဲ့ဟန္နဲ႔ သင္တန္းေပးေနတယ္လို႔ အခုလိုေျပာဆုိပါတယ္။

ေျဖ ။ ။ ေရွ ႔ေဟာင္းရဲ ႔ ရိုးရာယဥ္ေက်းမႈ ဘယ္လိုထိန္းသိမ္းရမလဲဆိုတာကို နံပတ္တစ္ ဘဘတုိ႔ သင္ေပးပါတယ္။ သင္တဲ့အခါၾကေတာ့ ျမန္မာ့ဇာတ္သဘင္မွာ ရိုးရာအသံ (၈) မ်ဳိး ရိွတယ္။ အဲဒါေတြက ရတု၊ ရကန္၊ အဲ၊ အန္၊ လူးတား၊ ေတးထပ္၊ သျဖန္း၊ ေဘာလယ္ - အဲဒါ ပင္မအေျခခံထားတာပါ။ ဘဘတုိ႔က ကေလးေတြကို ေရာက္ေရာက္ခ်င္းပဲ အသံ (၈) မ်ဳိးကို ဦးစြာသင္တယ္။ သင္ေပးတဲ့အခါၾကေတာ့ ဘာေတးေတြ သင္သလဲဆုိေတာ့ အဆိုပညာ၊ အကပညာ - အဲဒီအကပညာကို ခ်ဳပ္တာက ဘာလဲဆိုေတာ့ စည္းဝါး။ အဲဒီေတာ့ ျမန္မာ့ရဲ ႔ ရိုးရာဂီတမွာ စည္းဝါး ဘယ္ႏွစ္မ်ဳိး ရိွသလဲဆိုတာကို သင္ေပးတယ္။
ေမး ။ ။ ျမန္မာအကဆိုတာ ေျခနဲ႔ခါး၊ ေခါင္းနဲ႔ကိုယ္၊ ဟန္အေနအထား အခ်ဳိးက်က် ေလ့က်င့္ၾကရၿပီး၊ ဂႏၶဝင္ေျမာက္ ဆရာႀကီးေရႊေဒါင္းညိဳ နဲ႔ ဆရာမႀကီးၾသဘာေသာင္းတို႔ရဲ ႔ စံေတြအရ သင္ၾကားေပးေနတာလို႔ မန္းၿမိဳ ႔ပန္တ်ာဦးေက်ာ္ဝင္း က ရွင္းျပပါတယ္။
ေျဖ ။ ။ အေမေသာင္းရဲ ႔ ကကြက္ေတြက ဆရာႀကီးေရႊေဒါင္းညိဳက အေမေသာင္းရဲ ႔ ကကြက္ထဲမွာ .. “ဘယ္ေျခ၊ ညာလက္၊ ျမင္းကြက္ကို ပံုစံယူရတာ .. သြားတဲ့အခါမွာ ေဟာ့ဒီလို လွမ္းကာ ..လွမ္းကာ …လွမ္းကာ … လွမ္းကာလာ .. ဆင္မယဥ္သာ ေျခကိုလွမ္းလို႔” .. အဲဒီ ဆင္မယဥ္သာေျခကိုလွမ္းတဲ့ အေမေသာင္းရဲ ႔ လက္ေတြက တကယ့္အရုပ္လက္ကေလးေတြ။ အရုပ္ႀကိဳးကေလး တံေတာင္ဆစ္ကေလးဆြဲၿပီး ေနာက္ဆုတ္လိုက္တာကို အခုထိ မ်က္စိထဲက မထြက္ဘူး။ အဲဒီေနာက္လာတဲ့ စာသားေလးက “ေဟာဒီလိုလာခါ ေရွ ႔ကိုတိုးလို႔ တမ်ဳိးဟန္ ထုိင္ရတာ” ..

ေမး ။ ။ အကနဲ႔အဆို နည္းျပဆရာမႀကီး ပန္တ်ာေဒၚေမျမတ္ၾကည္ကလည္း ဂီတနဲ႔ သဘင္ပညာကို အေျခခံသင္ရိုးေတြနဲ႔ မ်ဳိးဆက္သစ္လူငယ္ေတြကို ဆိုကေရးတီးပညာ လက္ဆင့္ကမ္းေပးေနတယ္လုိ႔ ဆိုပါတယ္။

ေျဖ ။ ။ အေမတတ္ခဲ့တဲ့၊ သင္ခဲ့ရတဲ့ အႏုပညာ အဆို၊ အငို၊ အေျပာ၊ အဲဒါေတြကို အေမတုိ႔က လက္ဆင့္ကမ္းအေမြအျဖစ္ ျပန္ၿပီးေတာ့ ျဖန္႔ေဝရမယ္။ အခု ဒီဘက္ေခတ္ပိုင္းမွာက အဆို၊ အငို၊ အေျပာေတြက ေတာ္ေတာ္ေလးကို ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနတဲ့အခ်ိန္မွာ အေမတုိ႔က ဒီမ်ဳိးဆက္သစ္ေတြကို ျပန္ၿပီးေတာ့ သူတုိ႔ရဲ ႔အပိုင္းက ဒီဥစၥာကို ျပန္ၿပီးေတာ့ လုပ္စားခ်င္ရင္လုပ္စား၊ လုပ္မထားရင္ သူတုိ႔တတ္ထားရမယ္။ အမ်ားနဲ႔ေတြ႔တဲ့အခါမွာ ဒီဟာက ေဟာ့ဒီလိုေျပာတယ္။ ဒါက ဒီလုိဆိုတယ္။ ဒါက ဒီလိုငိုတယ္။ ဒီေတးထပ္က ဒီလိုဆိုရတယ္။ ဒီရတုက ဒီလိုဆိုရတယ္ဆိုတာေတြကို သူတုိ႔ရဲ ႔ ရင္ထဲမွာ ျပန္ၿပီးေတာ့ ျဖန္႔ေဝႏုိင္တယ္ဆိုရင္ အေမတုိ႔က သင္ရႀကိဳးနပ္ပါတယ္။

ေမး ။ ။ ဒီလိုမ်ဳိးဆက္သစ္ေတြကို သင္ၾကားေပးရတဲ့ေနရာမွာ အခက္အခဲ စိတ္ေခၚမႈေတြနဲ႔ ႀကံဳရတယ္လို႔ ဆရာမႀကီးက ရင္ဖြင့္ေျပာဆိုပါတယ္။

ေျဖ ။ ။ အကဆုိတာက ေျခဆစ္လက္ဆစ္၊ ေျခခ်ဳိးလက္ခ်ဳိး သင္ေပးလို႔ရတယ္။ အသံမွာၾကေတာ့ နည္းနည္းေလး အခက္အခဲေတြ႔တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အသံပါရမီၾကေတာ့ ျပည့္တဲ့လူၾကေတာ့ တအားျပည့္တယ္။ အသံပါရမီနည္းေနတဲ့ လူၾကေတာ့ သင္ရတာၾကေတာ့ နည္းနည္းပါးပါးေတာ့ အခက္ေတြ႔တယ္။ ဒါေပမဲ့ ရေအာင္သင္တယ္။ ဒီေန႔မရရင္ မနက္ျဖန္ သူတုိ႔ရရမယ္။ မနက္ျဖန္မရရင္ ေနာက္ရက္ကို ရရမယ္ဆိုတဲ့စိတ္နဲ႔ သင္ေပးပါတယ္။ ေရွ ႔လူထက္ ေနာက္လူက ေတာ္ရမယ္။ ဆရာထက္ တပည့္ကေတာ္ရမယ္။ မိဘထက္ သားသမီးက ေတာ္ရမယ္ဆိုတဲ့ အစိတ္အပိုင္းေလးေတြ ရိွေနေတာ့ အေမတို႔က ဒီအႏုပညာကို အေမတို႔ရဲ ႔ ျမန္မာ့ရိုးရာ၊ လူမ်ဳိးတိုင္း လူမ်ဳိးတိုင္းဟာ ရိုးရာဆုိတာ ရိွၾကတယ္။ အဲဒီေတာ့ တျခားလူမ်ဳိးေတြကလဲ သူတုိ႔ရိုးရာကို ထိန္းသိမ္းသလို၊ အေမတို႔ဘက္က ျမန္မာ့ရိုးရာကိုလည္း ထိန္းသိမ္းရမယ္ဆိုတဲ့ ျမန္မာ့အႏုပညာ - ေစာေစာက ဘဘေျပာသြားသလို၊ ေက်းလက္ဂီတ၊ ျမန္မာ့ဂီတ၊ မဟာဂီတ သီခ်င္းမ်ဳိးေတြ ေပ်ာက္ပ်က္မသြားရေအာင္ အေမတို႔က ထိန္းသိမ္းသလို၊ က်န္တဲ့မ်ဳိးဆက္သစ္ေတြလည္း ထိန္းသိမ္းႏိုင္ပါေစလို႔ပဲ အေမက ဆႏၵျပဳပါတယ္။

ေမး ။ ။ ကေလးသူငယ္ေတြရဲ ႔ အခြင့္အေရး ျမွင့္တင္ေပးထိုက္တာေတြကအစ ေက်ာင္းအုပ္ခ်ဳပ္ေရးအဆံုး တာဝန္ယူေပးေနတဲ့ ေက်ာင္းအုပ္ဆရာမေလး ေဒၚေဌးေဌးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

ေျဖ ။ ။ ေနာက္ပိုင္းမွာ သူတုိ႔ကို လုပ္ေပးခ်င္တာေလးေတြ ရိွတယ္။ စေကးပိုင္း Sexual Education, Child Production ပိုင္းနဲ႔ ကေလးေတြအတြက္ Child Rights သူတုိ႔ကိုယ္သူတုိ႔ ကာကြယ္တတ္ေအာင္၊ သူတို႔ရဲ ႔ အခြင့္အေရးေတြကို နားလည္တတ္ေအာင္ ဒါမ်ဳိးေတြကို လုပ္ေပးခ်င္တာရိွတယ္။ ၿပီးေနာက္ Self-awareness ေလးေတြပါ။ အခုေလာေလာဆယ္ လုပ္ေပးႏုိင္သေလာက္ လုပ္ေပးထားတာေတြကေတာ့ Publicity & Privacy ဘယ္လိုမ်ဳိး ေနထိုင္က်င့္သံုးရမလဲ။ ဘယ္လိုမ်ဳိး အခ်က္အလက္ေတြကို လိုက္နာရမယ္ဆိုတာေတြကို အဲဒါမ်ဳိးေလာက္ေတာ့ လုပ္ေပးထားပါတယ္။ လုပ္ေပးခ်င္တာေတြကေတာ့ အမ်ားႀကီးပါ။ ဒီေက်ာင္းကို ကိုယ္ကိုယ္တိုင္ ေက်ာင္းအုပ္လုပ္ၿပီး ဒီကေလးေတြကိုၾကည့္ၿပီးေတာ့ ေတာ္ေတာ္ခက္တယ္ - သူတုိ႔ေတြ တကယ္ကို Talent ရိွလို႔သာလ်ွင္ လုပ္ႏုိင္တယ္။

တကယ္လဲစိတ္ဝင္စားလို႔ - သူတုိ႔ေတြကို တကယ္ကိုခ်ီးက်ဴးတယ္။ အရမ္းလည္းဂုဏ္ယူတယ္။ အဲဒီလိုမ်ဳိး ျမန္မာအကကို အနယ္နယ္အရပ္ရပ္မွာရိွတဲ့ ကေလးငယ္ေတြ စိတ္ဝင္စားတယ္ဆိုရင္ ႀကိဳဆိုပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ညီမလို ျမန္မာအက ကလြယ္တယ္။ သႀကၤန္အကေလာက္ပဲ ထင္ထားတာဆုိေတာ့ အဲဒီေလာက္က လြယ္တယ္လို႔ ထင္ထားတာဆုိေတာ့ တကယ္တမ္း ႏိႈက္ႏိႈက္ခၽြတ္ခၽြတ္ ေလ့လာၾကည့္ပါ။ ျမန္မာအကက အရမ္းကို သူ႔နည္းသူ႔စနစ္နဲ႔ ရိွတယ္။ အဲဒါေတြကို ထဲထဲဝင္ဝင္သိေအာင္ ျမန္မာလူမ်ဳိးေတြ လာေရာက္ၿပီးေလ့လာၾကပါလို႔ ေျပာခ်င္ပါတယ္။
ေမး ။ ။ အင္းဝအကသင္တန္းေက်ာင္းရဲ ႔ မန္ေနဂ်ာ ကိုေအာင္ေက်ာ္ထြန္းကေတာ့ ေခတ္ေျပာင္းလာတာနဲ႔အမွ် မိဘေတြကလည္း သားသမီးေတြကို အႏုပညာနဲ႔ အသက္ေမြးဝမ္းေက်ာင္းၾကမွာကို ဘဝင္မက်တာေတြလဲ ရိွေနတာမုိ႔ ဆိုကေရးတီး ဝါသနာရွင္ေတြ ရွာရတာ ခက္ခဲလာတယ္လို႔ ဆိုပါတယ္။

ေျဖ ။ ။ အဓိက စိတ္ဝင္စားမႈရိွတဲ့ ေက်ာင္းသားေတြ ရွာရတာ အခက္အခဲေတြ ရိွပါတယ္။ ဒီႏွစ္မွာ ေက်ာင္းသား (၁၃) ေယာက္ ရိွပါတယ္။ အမ်ားဆံုး (၁၃) ေယာက္မွာဆိုရင္ (၁၂) ေယာက္က နယ္ကေက်ာင္းသားေတြ။ က်ေနာ္တို႔က နယ္ေတြကိုလိုက္ၿပီးေတာ့ ေက်ာင္းသားရွာရတယ္။ ေက်ာင္းသားရွာရတဲ့ေနရာမွာ တခ်ဳိ ႔ကေလးေတြက ဝါသနာပါတယ္။ ဒါေပမဲ့ တခ်ဳိ ႔မိဘေတြက သားသမီးေတြကို အႏုပညာနဲ႔ အသက္ေမြးဝမ္းေက်ာင္းတာကို မလုပ္ေစခ်င္ၾကဘူး။ တခ်ဳိ ႔ကေလးေတြဆိုရင္ ေက်ာင္းကိုေရာက္လာတယ္။ မိဘေတြမသိဘဲနဲ႔ ခိုးၿပီးလာၾကတယ္။ အဲဒီလူေတြကို ျပန္လႊတ္ရတာေတြလည္း ရိွပါတယ္။ အဓိကေတာ့ ေက်ာင္းသားရွာတဲ့ေနရာမွာ ရိုးရိုးေက်ာင္းသားရွာတာနဲ႔ မတူဘူး။ အႏုပညာ ပါရမီ ရိွမရိွကို က်ေနာ္တို႔ စစ္ရပါတယ္။ တခ်ဳိ ႔ေက်ာင္းသားေတြ လာၾကတယ္။ သူတုိ႔ကို စစ္ၾကည့္တဲ့အခါမွာ အသံက မကိုက္ဘူး။ အကမွာလည္း စည္းခ်က္ဝါးက် မရိွဘူး။ အဲဒီအခါၾကေတာ့ ပါရမီ မရိွတဲ့ကေလးဆို သင္လို႔မရဘူး။ အဲဒီလိုမ်ဳိး ကေလးေတြလည္း ရိွပါတယ္။ အဓိကၿခံဳၿပီးေျပာရရင္ေတာ့ ေက်ာင္းသားရွာရတဲ့ အခက္အခဲပါ။

ေမး ။ ။ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ ႔ကေန သင္တန္းေက်ာင္း လာတက္တဲ့ ေမာင္ျမတ္သူေအာင္ကေတာ့ … Facebook မွာ ဒီေက်ာင္းရဲ ႔ ေၾကာ္ျငာကိုေတြ႔ၿပီးေတာ့ ဇာတ္မင္းသားအျဖစ္ ကိုယ္တိုင္သရုပ္ေဆာင္ၿပီးေတာ့ ဧည့္ခံေဖ်ာ္ေျဖခ်င္ပါတယ္။
ေျဖ ။ ။ ျမန္မာအကကို ဘာေၾကာင့္ ႀကိဳက္ရသလဲဆိုရင္ က်ေနာ္တို႔ငယ္ငယ္တုန္းဆိုရင္ ရြာမွာဇာတ္ပြဲေတြ လာကၾကတယ္။ ဇာတ္ပြဲေတြ ၾကည့္တာမ်ားေတာ့ စင္ေပၚမွာ ပရိတ္သတ္ေတြကို ေဖ်ာ္ေျဖေနရတဲ့ အရသာကို ကိုယ္တိုင္ကိုယ္ႀကိဳက္ၿပီးေတာ့ ကိုယ္တိုင္ကိုယ္က် ေဖ်ာ္ေျဖခ်င္တယ္။ အဲဒါကတခ်က္။ ေနာက္ထပ္ ျမန္မာအကဆိုတာ … ျမန္မာလူမ်ဳိးလည္း ျဖစ္ေနတယ္။ ျမန္မာ့အေမြးအနစ္ကိုလဲ ကမာၻကသိေအာင္ ျပခ်င္ေနတဲ့သေဘာေၾကာင့္ ျမန္မာအကကို ဝါသနာပါတာပါ။ မိဘက သေဘာတူသလားဆိုေတာ့ ငယ္ငယ္ကတည္းက ခြင့္ေတာင္းခဲ့တယ္။ မိဘေတြက ခြင့္မျပဳဘူး - (၇) တန္းေက်ာင္းထြက္ၿပီး အသက္ (၁၈) ေလာက္ရမွ ဒီကိုလာဖို႔ ခြင့္ျပဳတယ္။ ေျပာတာေတာ့ ခဏခဏပါ ျမန္မာအကကို ဝါသနာပါၿပီးေတာ့ တက္ခ်င္တဲ့အေမ။ အေမကေတာ့ မတတ္နဲ႔ ဘာညာေပါ့ -- မခြဲခြါခ်င္တာလဲ ပါတယ္။ အဲဒီလိုနဲ႔ ခြင့္မျပဳဘူး ျဖစ္ခဲ့တယ္။ တက္ခ်င္တယ္ဆိုရင္ အင္တာဗ်ဴးသြားေျဖ။ ေျဖလို႔ေအာင္ရင္ အေမလိုက္ပို႔ေပးမယ္ဆိုေတာ့ အင္တာဗ်ဴးေျဖတယ္၊ ေအာင္ေတာ့ အေမ လုိက္ပို႔ေပးတယ္။

ေမး ။ ။ ကခ်င္ျပည္နယ္ ပူတာအုိၿမိဳ ႔ကေန အင္းဝအကသင္တန္းေက်ာင္းကို လာတက္သူကေတာ့ ဝါသနာရွင္ မျဖဴျဖဴေဝ ျဖစ္ပါတယ္။

ေျဖ ။ ။ ေသြးက အဲဒီလိုပဲ ပါလာတာ။ အေဖက အတီးေတြဘာေတြ လိုက္တယ္။ ႏုိင္ငံေက်ာင္ ျဖစ္ခ်င္တယ္။ ေအာင္ျမင္ေက်ာ္ၾကားခ်င္တယ္။

ေမး ။ ။ အင္းဝသင္တန္းေက်ာင္းက သင္တန္းသူ၊ သင္တန္းသားေတြအတြက္ စားဝတ္ေနေရးကအစ တာဝန္ယူထားေပးၿပီးေတာ့ ဂီတနဲ႔ သဘင္ပညာ အေျခခံေတြကို သင္ယူရင္နဲ႔ တဘက္ကလဲ အလယ္တန္းနဲ႔ အထက္တန္းေက်ာင္းေတြမွာ ပညာဆက္လက္သင္ယူႏုိင္ေအာင္ စီစဥ္ေပးထားတယ္လို႔ ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴးအဖြဲ႔က ရွင္းျပပါတယ္။ ဒီေက်ာင္းအတြက္ တဘက္တလမ္းက ဝင္ေငြရေအာင္။ ေနာက္သင္တန္းသား၊ သင္တန္းသူေတြကလဲ သူတုိ႔တတ္ထားတဲ့ ပညာေတြကို လက္ေတြ႔အစြမ္းျပႏိုင္ေအာင္အတြက္ ညေနခင္းေတြမွာ ကမာၻလွည့္ခရီးသြားေတြကို ေဖ်ာ္ေျဖတဲ့ အစီအစဥ္ေတြနဲ႔ ေရွ ႔မူမပ်က္ နယ္လွည့္ေဖ်ာ္ေျဖေနတယ္လို႔ ေက်ာင္းမန္ေနဂ်ာ ကိုေအာင္ေက်ာ္ထြန္းက ရွင္းျပပါတယ္။

ေျဖ ။ ။ သင္တန္းေက်ာင္းရဲ ႔ အဓိကရည္ရြယ္ခ်က္ကေတာ့ ျမန္မာ့ရိုးရာ ယဥ္ေက်းမႈအေမြအနစ္ေတြ - အထူးသျဖင့္ ဆရာႀကီး၊ ဆရာမႀကီးက သူတုိ႔ရဲ ႔ ပညာရပ္ေတြကို မ်ဳိးဆက္သစ္ေတြကို လက္ဆင့္ကမ္းလွမ္းတာကေတာ့ အဓိက ျဖစ္ပါတယ္။

လက္ဆင့္ကမ္းတာကို မ်ဳိးဆက္သစ္ေတြက လိုက္နာခံယူၿပီးေတာ့ အဲဒါေတြကို အသက္ေမြးလမ္းေၾကာင္းျပဳမယ္။ အဲဒါမ်ဳိး အသက္ေမြးလမ္းေၾကာင္း ျပဳႏုိင္တဲ့အထိကို အသက္လမ္းေၾကာင္း ျပဳႏိုင္ဖို႔ - အဲဒါေတြကို တိုးခ်ဲ ႔ဖို႔။ ဒီႏွစ္မွာဆိုရင္ ၿပီးခဲ့ႏွစ္က ေအာင္ျမင္တဲ့ လမ္းေၾကာင္းရိွတယ္။ ျမန္မာ့ကဇာတ္ရံု ရိွမယ္။ ဒီႏွစ္မွ အသစ္တခု ထပ္တိုးတာ ဘာလဲဆိုေတာ့ အက ဘာလဲဆိုေတာ့ အင္းဝေျမဝိုင္းသဘင္ဆိုတာေလးကို ဖြဲ႔လိုက္တယ္။ ဖြဲ႔လိုက္တာလဲ က်ေနာ္တို႔မွာ ေက်ာင္းၿပီးတဲ့ ေက်ာင္းသား (၅) ေယာက္နဲ႔ အင္းဝေျမဝိုင္းသဘင္ ဆိုတာကိုဖြဲ႔တယ္။ ဖြဲ႔ၿပီးေတာ့ သူတို႔ကိုယ္တိုင္ ပါဝင္တဲ့ ေက်ာင္းသားေတြအေပၚ။ ရပ္ကြက္ဘုရားပြဲေတြမွာ လိုက္လံကျပၿပီးေတာ့၊ ေနာက္ၿပီးေတာ့ ေၾကညာထားရိွၿပီး ေက်ာင္းသားေတြကိုလည္း အလုပ္အကိုင္ေပးၿပီးေတာ့ ျမန္မာ့ယဥ္ေက်းမႈကို လူထုၾကားမွာ ျပန္႔ခ်ျပတာမ်ဳိး ေလာေလာဆယ္ဆိုရင္ ျမစ္ႀကီးနားဘက္မွာ ကၿပီးၿပီ။ ေနျပည္ေတာ္မွာ ကၿပီးၿပီ။ ဆက္လက္ၿပိး လူေတြရဲ ႔ တံု႔ျပန္မႈက ဘာလဲဆိုရင္ ျမန္မာ့ယဥ္ေက်းမႈစစ္စစ္ကို ၾကည့္ရတဲ့အတြက္ သူတုိ႔ ဝမ္းေျမာက္ၾကပါတယ္။ ေျမဝိုင္းသဘင္ဆိုတဲ့အတိုင္း ေျမႀကီးေပၚမွာ ေကာေဇာေလးေတြ ခင္းလိုက္တယ္။ စပီကာေလးေတြ ေထာင္လိုက္တယ္။ ပတၱလာေလးနဲ႔ ဒိုးေၾကာင္းေလး၊ အုတ္စံုေလးနဲ႔ လူတစ္ရာႏွစ္ရာေလာက္ ေအးေအးေဆး ရိွပါတယ္။ အဲဒါေလးေတြေတာ့ ထပ္ၿပီးေတာ့ တိုးခ်ဲ ႔ထားပါတယ္။

== Unicode ==-

မန္တလေးမြို့က အင်းဝအကသင်တန်းကျောင်းဆိုတာ ဝါရင့်သဘင်ပညာရှင်ကြီးတွေက ကျေးလက်ဒေသက ဆိုကရေးတီး ဝါသနာရှင်လူငယ်လေးတွေအတွက် မြန်မာ့ရိုးရာ သဘင်ပညာကို ရှေးမူမပျက် လက်ဆင့်ကမ်းသင်ကြားပေးနေတဲ့ အနုပညာကျောင်း ဖြစ်ပါတယ်။ မန္တလေးမြို့က အင်းဝအကသင်တန်းကျောင်းကို ဒေါ်ခင်စိုးဝင်းနဲ့ အတူ လေ့လာကြရအောင်ပါ။
မေး ။ ။ မန္တလေးမြို့မှာရှိတဲ့ အင်းဝအကသင်တန်းကျောင်းလေးမှာ ဆိုကရေးတီး အနုပညာတွေကို သင်ကြားပို့ချပေးနေတဲ့ ဝါရင့်အနုပညာရှင်ကြီး မန်းမြို့ပန်တျာဦးကျော်ဝင်းကတော့ ရှေ့မှုမပျက်တဲ့ဟန်နဲ့ သင်တန်းပေးနေတယ်လို့ အခုလိုပြောဆိုပါတယ်။
ဖြေ ။ ။ ရှေ့ဟောင်းရဲ့ ရိုးရာယဉ်ကျေးမှု ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို နံပတ်တစ် ဘဘတို့ သင်ပေးပါတယ်။ သင်တဲ့အခါကြတော့ မြန်မာ့ဇာတ်သဘင်မှာ ရိုးရာအသံ (၈) မျိုး ရှိတယ်။ အဲဒါတွေက ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ တေးထပ်၊ သဖြန်း၊ ဘောလယ် - အဲဒါ ပင်မအခြေခံထားတာပါ။ ဘဘတို့က ကလေးတွေကို ရောက်ရောက်ချင်းပဲ အသံ (၈) မျိုးကို ဦးစွာသင်တယ်။ သင်ပေးတဲ့အခါကြတော့ ဘာတေးတွေ သင်သလဲဆိုတော့ အဆိုပညာ၊ အကပညာ - အဲဒီအကပညာကို ချုပ်တာက ဘာလဲဆိုတော့ စည်းဝါး။ အဲဒီတော့ မြန်မာ့ရဲ့ ရိုးရာဂီတမှာ စည်းဝါး ဘယ်နှစ်မျိုး ရှိသလဲဆိုတာကို သင်ပေးတယ်။
မေး ။ ။ မြန်မာအကဆိုတာ ခြေနဲ့ခါး၊ ခေါင်းနဲ့ကိုယ်၊ ဟန်အနေအထား အချိုးကျကျ လေ့ကျင့်ကြရပြီး၊ ဂန္ဓဝင်မြောက် ဆရာကြီးရွှေဒေါင်းညို နဲ့ ဆရာမကြီးသြဘာသောင်းတို့ရဲ့ စံတွေအရ သင်ကြားပေးနေတာလို့ မန်းမြို့ပန်တျာဦးကျော်ဝင်း က ရှင်းပြပါတယ်။
ဖြေ ။ ။ အမေသောင်းရဲ့ ကကွက်တွေက ဆရာကြီးရွှေဒေါင်းညိုက အမေသောင်းရဲ့ ကကွက်ထဲမှာ .. “ဘယ်ခြေ၊ ညာလက်၊ မြင်းကွက်ကို ပုံစံယူရတာ .. သွားတဲ့အခါမှာ ဟော့ဒီလို လှမ်းကာ ..လှမ်းကာ …လှမ်းကာ … လှမ်းကာလာ .. ဆင်မယဉ်သာ ခြေကိုလှမ်းလို့” .. အဲဒီ ဆင်မယဉ်သာခြေကိုလှမ်းတဲ့ အမေသောင်းရဲ့ လက်တွေက တကယ့်အရုပ်လက်ကလေးတွေ။ အရုပ်ကြိုးကလေး တံတောင်ဆစ်ကလေးဆွဲပြီး နောက်ဆုတ်လိုက်တာကို အခုထိ မျက်စိထဲက မထွက်ဘူး။ အဲဒီနောက်လာတဲ့ စာသားလေးက “ဟောဒီလိုလာခါ ရှေ့ကိုတိုးလို့ တမျိုးဟန် ထိုင်ရတာ” ..
မေး ။ ။ အကနဲ့အဆို နည်းပြဆရာမကြီး ပန်တျာဒေါ်မေမြတ်ကြည်ကလည်း ဂီတနဲ့ သဘင်ပညာကို အခြေခံသင်ရိုးတွေနဲ့ မျိုးဆက်သစ်လူငယ်တွေကို ဆိုကရေးတီးပညာ လက်ဆင့်ကမ်းပေးနေတယ်လို့ ဆိုပါတယ်။
ဖြေ ။ ။ အမေတတ်ခဲ့တဲ့၊ သင်ခဲ့ရတဲ့ အနုပညာ အဆို၊ အငို၊ အပြော၊ အဲဒါတွေကို အမေတို့က လက်ဆင့်ကမ်းအမွေအဖြစ် ပြန်ပြီးတော့ ဖြန့်ဝေရမယ်။ အခု ဒီဘက်ခေတ်ပိုင်းမှာက အဆို၊ အငို၊ အပြောတွေက တော်တော်လေးကို ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့အချိန်မှာ အမေတို့က ဒီမျိုးဆက်သစ်တွေကို ပြန်ပြီးတော့ သူတို့ရဲ့အပိုင်းက ဒီဥစ္စာကို ပြန်ပြီးတော့ လုပ်စားချင်ရင်လုပ်စား၊ လုပ်မထားရင် သူတို့တတ်ထားရမယ်။ အများနဲ့တွေ့တဲ့အခါမှာ ဒီဟာက ဟော့ဒီလိုပြောတယ်။ ဒါက ဒီလိုဆိုတယ်။ ဒါက ဒီလိုငိုတယ်။ ဒီတေးထပ်က ဒီလိုဆိုရတယ်။ ဒီရတုက ဒီလိုဆိုရတယ်ဆိုတာတွေကို သူတို့ရဲ့ ရင်ထဲမှာ ပြန်ပြီးတော့ ဖြန့်ဝေနိုင်တယ်ဆိုရင် အမေတို့က သင်ရကြိုးနပ်ပါတယ်။
မေး ။ ။ ဒီလိုမျိုးဆက်သစ်တွေကို သင်ကြားပေးရတဲ့နေရာမှာ အခက်အခဲ စိတ်ခေါ်မှုတွေနဲ့ ကြုံရတယ်လို့ ဆရာမကြီးက ရင်ဖွင့်ပြောဆိုပါတယ်။
ဖြေ ။ ။ အကဆိုတာက ခြေဆစ်လက်ဆစ်၊ ခြေချိုးလက်ချိုး သင်ပေးလို့ရတယ်။ အသံမှာကြတော့ နည်းနည်းလေး အခက်အခဲတွေ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသံပါရမီကြတော့ ပြည့်တဲ့လူကြတော့ တအားပြည့်တယ်။ အသံပါရမီနည်းနေတဲ့ လူကြတော့ သင်ရတာကြတော့ နည်းနည်းပါးပါးတော့ အခက်တွေ့တယ်။ ဒါပေမဲ့ ရအောင်သင်တယ်။ ဒီနေ့မရရင် မနက်ဖြန် သူတို့ရရမယ်။ မနက်ဖြန်မရရင် နောက်ရက်ကို ရရမယ်ဆိုတဲ့စိတ်နဲ့ သင်ပေးပါတယ်။ ရှေ့လူထက် နောက်လူက တော်ရမယ်။ ဆရာထက် တပည့်ကတော်ရမယ်။ မိဘထက် သားသမီးက တော်ရမယ်ဆိုတဲ့ အစိတ်အပိုင်းလေးတွေ ရှိနေတော့ အမေတို့က ဒီအနုပညာကို အမေတို့ရဲ့ မြန်မာ့ရိုးရာ၊ လူမျိုးတိုင်း လူမျိုးတိုင်းဟာ ရိုးရာဆိုတာ ရှိကြတယ်။ အဲဒီတော့ တခြားလူမျိုးတွေကလဲ သူတို့ရိုးရာကို ထိန်းသိမ်းသလို၊ အမေတို့ဘက်က မြန်မာ့ရိုးရာကိုလည်း ထိန်းသိမ်းရမယ်ဆိုတဲ့ မြန်မာ့အနုပညာ - စောစောက ဘဘပြောသွားသလို၊ ကျေးလက်ဂီတ၊ မြန်မာ့ဂီတ၊ မဟာဂီတ သီချင်းမျိုးတွေ ပျောက်ပျက်မသွားရအောင် အမေတို့က ထိန်းသိမ်းသလို၊ ကျန်တဲ့မျိုးဆက်သစ်တွေလည်း ထိန်းသိမ်းနိုင်ပါစေလို့ပဲ အမေက ဆန္ဒပြုပါတယ်။
မေး ။ ။ ကလေးသူငယ်တွေရဲ့ အခွင့်အရေး မြှင့်တင်ပေးထိုက်တာတွေကအစ ကျောင်းအုပ်ချုပ်ရေးအဆုံး တာဝန်ယူပေးနေတဲ့ ကျောင်းအုပ်ဆရာမလေး ဒေါ်ဌေးဌေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဖြေ ။ ။ နောက်ပိုင်းမှာ သူတို့ကို လုပ်ပေးချင်တာလေးတွေ ရှိတယ်။ စကေးပိုင်း Sexual Education, Child Production ပိုင်းနဲ့ ကလေးတွေအတွက် Child Rights သူတို့ကိုယ်သူတို့ ကာကွယ်တတ်အောင်၊ သူတို့ရဲ့ အခွင့်အရေးတွေကို နားလည်တတ်အောင် ဒါမျိုးတွေကို လုပ်ပေးချင်တာရှိတယ်။ ပြီးနောက် Self-awareness လေးတွေပါ။ အခုလောလောဆယ် လုပ်ပေးနိုင်သလောက် လုပ်ပေးထားတာတွေကတော့ Publicity & Privacy ဘယ်လိုမျိုး နေထိုင်ကျင့်သုံးရမလဲ။ ဘယ်လိုမျိုး အချက်အလက်တွေကို လိုက်နာရမယ်ဆိုတာတွေကို အဲဒါမျိုးလောက်တော့ လုပ်ပေးထားပါတယ်။ လုပ်ပေးချင်တာတွေကတော့ အများကြီးပါ။ ဒီကျောင်းကို ကိုယ်ကိုယ်တိုင် ကျောင်းအုပ်လုပ်ပြီး ဒီကလေးတွေကိုကြည့်ပြီးတော့ တော်တော်ခက်တယ် - သူတို့တွေ တကယ်ကို Talent ရှိလို့သာလျှင် လုပ်နိုင်တယ်။ တကယ်လဲစိတ်ဝင်စားလို့ - သူတို့တွေကို တကယ်ကိုချီးကျူးတယ်။ အရမ်းလည်းဂုဏ်ယူတယ်။ အဲဒီလိုမျိုး မြန်မာအကကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကလေးငယ်တွေ စိတ်ဝင်စားတယ်ဆိုရင် ကြိုဆိုပါတယ်။ တော်တော်များများက ညီမလို မြန်မာအက ကလွယ်တယ်။ သင်္ကြန်အကလောက်ပဲ ထင်ထားတာဆိုတော့ အဲဒီလောက်က လွယ်တယ်လို့ ထင်ထားတာဆိုတော့ တကယ်တမ်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်ပါ။ မြန်မာအကက အရမ်းကို သူ့နည်းသူ့စနစ်နဲ့ ရှိတယ်။ အဲဒါတွေကို ထဲထဲဝင်ဝင်သိအောင် မြန်မာလူမျိုးတွေ လာရောက်ပြီးလေ့လာကြပါလို့ ပြောချင်ပါတယ်။
မေး ။ ။ အင်းဝအကသင်တန်းကျောင်းရဲ့ မန်နေဂျာ ကိုအောင်ကျော်ထွန်းကတော့ ခေတ်ပြောင်းလာတာနဲ့အမျှ မိဘတွေကလည်း သားသမီးတွေကို အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းကြမှာကို ဘဝင်မကျတာတွေလဲ ရှိနေတာမို့ ဆိုကရေးတီး ဝါသနာရှင်တွေ ရှာရတာ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
ဖြေ ။ ။ အဓိက စိတ်ဝင်စားမှုရှိတဲ့ ကျောင်းသားတွေ ရှာရတာ အခက်အခဲတွေ ရှိပါတယ်။ ဒီနှစ်မှာ ကျောင်းသား (၁၃) ယောက် ရှိပါတယ်။ အများဆုံး (၁၃) ယောက်မှာဆိုရင် (၁၂) ယောက်က နယ်ကကျောင်းသားတွေ။ ကျနော်တို့က နယ်တွေကိုလိုက်ပြီးတော့ ကျောင်းသားရှာရတယ်။ ကျောင်းသားရှာရတဲ့နေရာမှာ တချို့ကလေးတွေက ဝါသနာပါတယ်။ ဒါပေမဲ့ တချို့မိဘတွေက သားသမီးတွေကို အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းတာကို မလုပ်စေချင်ကြဘူး။ တချို့ကလေးတွေဆိုရင် ကျောင်းကိုရောက်လာတယ်။ မိဘတွေမသိဘဲနဲ့ ခိုးပြီးလာကြတယ်။ အဲဒီလူတွေကို ပြန်လွှတ်ရတာတွေလည်း ရှိပါတယ်။ အဓိကတော့ ကျောင်းသားရှာတဲ့နေရာမှာ ရိုးရိုးကျောင်းသားရှာတာနဲ့ မတူဘူး။ အနုပညာ ပါရမီ ရှိမရှိကို ကျနော်တို့ စစ်ရပါတယ်။ တချို့ကျောင်းသားတွေ လာကြတယ်။ သူတို့ကို စစ်ကြည့်တဲ့အခါမှာ အသံက မကိုက်ဘူး။ အကမှာလည်း စည်းချက်ဝါးကျ မရှိဘူး။ အဲဒီအခါကြတော့ ပါရမီ မရှိတဲ့ကလေးဆို သင်လို့မရဘူး။ အဲဒီလိုမျိုး ကလေးတွေလည်း ရှိပါတယ်။ အဓိကခြုံပြီးပြောရရင်တော့ ကျောင်းသားရှာရတဲ့ အခက်အခဲပါ။
မေး ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကနေ သင်တန်းကျောင်း လာတက်တဲ့ မောင်မြတ်သူအောင်ကတော့ … Facebook မှာ ဒီကျောင်းရဲ့ ကြော်ငြာကိုတွေ့ပြီးတော့ ဇာတ်မင်းသားအဖြစ် ကိုယ်တိုင်သရုပ်ဆောင်ပြီးတော့ ဧည့်ခံဖျော်ဖြေချင်ပါတယ်။
ဖြေ ။ ။ မြန်မာအကကို ဘာကြောင့် ကြိုက်ရသလဲဆိုရင် ကျနော်တို့ငယ်ငယ်တုန်းဆိုရင် ရွာမှာဇာတ်ပွဲတွေ လာကကြတယ်။ ဇာတ်ပွဲတွေ ကြည့်တာများတော့ စင်ပေါ်မှာ ပရိတ်သတ်တွေကို ဖျော်ဖြေနေရတဲ့ အရသာကို ကိုယ်တိုင်ကိုယ်ကြိုက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ဖျော်ဖြေချင်တယ်။ အဲဒါကတချက်။ နောက်ထပ် မြန်မာအကဆိုတာ … မြန်မာလူမျိုးလည်း ဖြစ်နေတယ်။ မြန်မာ့အမွေးအနစ်ကိုလဲ ကမ္ဘာကသိအောင် ပြချင်နေတဲ့သဘောကြောင့် မြန်မာအကကို ဝါသနာပါတာပါ။ မိဘက သဘောတူသလားဆိုတော့ ငယ်ငယ်ကတည်းက ခွင့်တောင်းခဲ့တယ်။ မိဘတွေက ခွင့်မပြုဘူး - (၇) တန်းကျောင်းထွက်ပြီး အသက် (၁၈) လောက်ရမှ ဒီကိုလာဖို့ ခွင့်ပြုတယ်။ ပြောတာတော့ ခဏခဏပါ မြန်မာအကကို ဝါသနာပါပြီးတော့ တက်ချင်တဲ့အမေ။ အမေကတော့ မတတ်နဲ့ ဘာညာပေါ့ -- မခွဲခွါချင်တာလဲ ပါတယ်။ အဲဒီလိုနဲ့ ခွင့်မပြုဘူး ဖြစ်ခဲ့တယ်။ တက်ချင်တယ်ဆိုရင် အင်တာဗျူးသွားဖြေ။ ဖြေလို့အောင်ရင် အမေလိုက်ပို့ပေးမယ်ဆိုတော့ အင်တာဗျူးဖြေတယ်၊ အောင်တော့ အမေ လိုက်ပို့ပေးတယ်။
မေး ။ ။ ကချင်ပြည်နယ် ပူတာအိုမြို့ကနေ အင်းဝအကသင်တန်းကျောင်းကို လာတက်သူကတော့ ဝါသနာရှင် မဖြူဖြူဝေ ဖြစ်ပါတယ်။
ဖြေ ။ ။ သွေးက အဲဒီလိုပဲ ပါလာတာ။ အဖေက အတီးတွေဘာတွေ လိုက်တယ်။ နိုင်ငံကျောင် ဖြစ်ချင်တယ်။ အောင်မြင်ကျော်ကြားချင်တယ်။
မေး ။ ။ အင်းဝသင်တန်းကျောင်းက သင်တန်းသူ၊ သင်တန်းသားတွေအတွက် စားဝတ်နေရေးကအစ တာဝန်ယူထားပေးပြီးတော့ ဂီတနဲ့ သဘင်ပညာ အခြေခံတွေကို သင်ယူရင်နဲ့ တဘက်ကလဲ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ ပညာဆက်လက်သင်ယူနိုင်အောင် စီစဉ်ပေးထားတယ်လို့ ကျောင်းအုပ်ချုပ်ရေးမှူးအဖွဲ့က ရှင်းပြပါတယ်။ ဒီကျောင်းအတွက် တဘက်တလမ်းက ဝင်ငွေရအောင်။ နောက်သင်တန်းသား၊ သင်တန်းသူတွေကလဲ သူတို့တတ်ထားတဲ့ ပညာတွေကို လက်တွေ့အစွမ်းပြနိုင်အောင်အတွက် ညနေခင်းတွေမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဖျော်ဖြေတဲ့ အစီအစဉ်တွေနဲ့ ရှေ့မူမပျက် နယ်လှည့်ဖျော်ဖြေနေတယ်လို့ ကျောင်းမန်နေဂျာ ကိုအောင်ကျော်ထွန်းက ရှင်းပြပါတယ်။
ဖြေ ။ ။ သင်တန်းကျောင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနစ်တွေ - အထူးသဖြင့် ဆရာကြီး၊ ဆရာမကြီးက သူတို့ရဲ့ ပညာရပ်တွေကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းလှမ်းတာကတော့ အဓိက ဖြစ်ပါတယ်။
လက်ဆင့်ကမ်းတာကို မျိုးဆက်သစ်တွေက လိုက်နာခံယူပြီးတော့ အဲဒါတွေကို အသက်မွေးလမ်းကြောင်းပြုမယ်။ အဲဒါမျိုး အသက်မွေးလမ်းကြောင်း ပြုနိုင်တဲ့အထိကို အသက်လမ်းကြောင်း ပြုနိုင်ဖို့ - အဲဒါတွေကို တိုးချဲ့ဖို့။ ဒီနှစ်မှာဆိုရင် ပြီးခဲ့နှစ်က အောင်မြင်တဲ့ လမ်းကြောင်းရှိတယ်။ မြန်မာ့ကဇာတ်ရုံ ရှိမယ်။ ဒီနှစ်မှ အသစ်တခု ထပ်တိုးတာ ဘာလဲဆိုတော့ အက ဘာလဲဆိုတော့ အင်းဝမြေဝိုင်းသဘင်ဆိုတာလေးကို ဖွဲ့လိုက်တယ်။ ဖွဲ့လိုက်တာလဲ ကျနော်တို့မှာ ကျောင်းပြီးတဲ့ ကျောင်းသား (၅) ယောက်နဲ့ အင်းဝမြေဝိုင်းသဘင် ဆိုတာကိုဖွဲ့တယ်။ ဖွဲ့ပြီးတော့ သူတို့ကိုယ်တိုင် ပါဝင်တဲ့ ကျောင်းသားတွေအပေါ်။ ရပ်ကွက်ဘုရားပွဲတွေမှာ လိုက်လံကပြပြီးတော့၊ နောက်ပြီးတော့ ကြေညာထားရှိပြီး ကျောင်းသားတွေကိုလည်း အလုပ်အကိုင်ပေးပြီးတော့ မြန်မာ့ယဉ်ကျေးမှုကို လူထုကြားမှာ ပြန့်ချပြတာမျိုး လောလောဆယ်ဆိုရင် မြစ်ကြီးနားဘက်မှာ ကပြီးပြီ။ နေပြည်တော်မှာ ကပြီးပြီ။ ဆက်လက်ပြိး လူတွေရဲ့ တုံ့ပြန်မှုက ဘာလဲဆိုရင် မြန်မာ့ယဉ်ကျေးမှုစစ်စစ်ကို ကြည့်ရတဲ့အတွက် သူတို့ ဝမ်းမြောက်ကြပါတယ်။ မြေဝိုင်းသဘင်ဆိုတဲ့အတိုင်း မြေကြီးပေါ်မှာ ကောဇောလေးတွေ ခင်းလိုက်တယ်။ စပီကာလေးတွေ ထောင်လိုက်တယ်။ ပတ္တလာလေးနဲ့ ဒိုးကြောင်းလေး၊ အုတ်စုံလေးနဲ့ လူတစ်ရာနှစ်ရာလောက် အေးအေးဆေး ရှိပါတယ်။ အဲဒါလေးတွေတော့ ထပ်ပြီးတော့ တိုးချဲ့ထားပါတယ်။

XS
SM
MD
LG