အာဆီယံပူးတွဲ ကျေညာချက်သည် စစ်အစိုးရကိုအသိအမှတ်ပြုဖို့မဟုတ် (Suryodipuro, အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာန)

Brunei's Second Minister of Foreign Affairs Erywan Pehin Yusof addresses the 74th session of the United Nations General Assembly at U.N. headquarters in New York City, New York, U.S., September 30, 2019. REUTERS/Brendan McDermid

{{Zawgyi/Unicode}}

အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြင့် ရွေးချယ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်ထိုက်သူတွေနဲ့ တွေ့ဆုံပြီး အကြမ်းဖက်မှုတွေ ရပ်ဆိုင်းသွားရေးအတွက် အစီအစဉ် ရေးဆွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ အာဆီယံပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ Sidharto Suryodipuro က ပြောပါတယ်။

ဒါအပြင် အာဆီယံဝန်ကြီးများအစည်းအဝေးက ပူးတွဲကြေညာချက်ဟာ စစ်အစိုးရကို အသိအမှတ်ပြုဖို့ မဟုတ်ဘူးလို့ လည်း သူက ပြောပါတယ်။ ဆက်လက်ပြီး Sidharto Suryodipuro က

“ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီး ရဲ့ မူဝါဒတွေ အတိုင်း အတူတကွပူးပေါင်းဆောင်ရွက်ရမယ်။ ဘာကြောင့်လည်းဆိုတော့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းအောင်မြင်မှုဟာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေဖြစ်ကြ တဲ့ နိုင်ငံရေးကိစ္စတင် သာမက ကျဆင်းနေတဲ့ စီးပွားရေး နဲ့ ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေးတို့လည်း ပါဝင်ပါတယ်” လို့ပြောသွားပါတယ်။

အဲဒီလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်ပေမယ့် ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရမယ် မရဘူးဆိုတာ မသေချာဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက လူထု့အုံကြွဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပြီး စစ်တပ်က အကြမ်းဖက်နိုမ်နင်းခဲ့တဲ့အတွက် လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

.................................................

Your browser doesn’t support HTML5

အာဆီယံပူးတွဲ ကျေညာချက်သည် စစ်အစိုးရကိုအသိအမှတ်ပြုဖို့မဟုတ် (Suryodipuro, အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာန)

{{Unicode}}




