စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဝန်ကြီး Blinken တိုက်တွန်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာတွေ့ရတဲ့ ဝန်ကြီး Blinken

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်သွားအောင်နဲ့ ဒီမိုကရေစီအစိုးရ ပြန်လည် ပေါ်ပေါက်အောင် စစ်အာဏာပိုင်တွေကို ဖိအားပေးရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကဒီနေ့ပြောကြားလိုက်ပါတယ်။ အင်နီးရှားနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးစဉ် ဝန်ကြီး Blinken ကခုလိုပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးနဲ့ ဒီမိုကရေစီ အစိုးရတရပ် ပြန်လည် တည်ထောင်နိုင်ရေး အတွက် ဖိအားပေးရမှာဖြစ်ပါတယ်။ ဒေသတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေအတွက် အမေရိကန်ဒေါလာ ၇၄ သန်းကျော်ပေးမယ်လို့ ကြာသပတေးနေ့ကပဲ အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီပံ့ပိုးမယ့် ဒေါ်လာ ၆၁ သန်းကျော် ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ဒီနေ့ ဂျကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံယဝန်ကြီးအစည်းအဝေးလွန်ညီလာခံမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ ဒီညီလာခံကို တရုတ်အကြီးတန်းသံတမန် Wang Yi လည်း တက်ရောက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံ နိုင်ငံတွေရဲ့ ဆက်ဆံရေးဟာ အင်ဒိုပစိဖိတ်ဒေသနဲ့ ဆက်ဆံရေးမှာ အဓိက ကျတဲ့အကြောင်းနဲ့ ဒီဒေသဟာ တခြားဒေသတွေထက်၂၁ ရာစုကို လမ်းကြောင်းချ ပုံဖေါ်မယ့် ဒေသ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ကညီလာခံမှာ ပြောကြားသွားခဲ့ပါတယ်။ အာဆီယံကို ဗဟိုထားတဲ့၊ အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်ပြီး ကြွယ်ဝ ချမ်းသာတဲ့၊ လုံခြုံမှု ရှိပြီး ဆက်သွယ်ပေါင်းစည်းနိုင်တဲ့၊ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ ဒေသဖြစ်ဖို့ မျှော်မှန်းချက်တွေအပေါ် အမေရိကန်ပြည်ထောင်စုက ထပ်တူ သဘောထားရှိတဲ့ အကြောင်း ပြောဆိုသွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ ဆွေးနွေးမှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်၊

Your browser doesn’t support HTML5

စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဝန်ကြီး Blinken တိုက်တွန်း