ဗြိတိန်ဝန်ကြီးချုပ်သစ်ရွေးပွဲ ယှဉ်ပြိုင်သူ ၆ ဦးကျန် 

ဗြိတိန်ဝန်ကြီးချုပ်သစ်ရွေးပွဲ ယှဉ်ပြိုင်သူ ၆ ဦးကျန် 

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson နေရာမှာ အစားထိုးမယ့်သူတွေကို မဲခွဲရွေးချယ်နေရာမှာ အခုနောက်ဆုံး ယှဉ်ပြိုင်သူ ကိုယ်စားလှယ် ၆ ဦးပဲ ကျန်ပါတော့တယ်။ ဒီမဲပေးမှုနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောတူညီထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း Jeremy Hunt နဲ့ Nadhim Zahawi တို့ထွက်သွားရပါပြီ။


ဗြိတိန်ဝန်ကြီးချုပ်သစ်ရွေးပွဲ ယှဉ်ပြိုင်သူ ၆ ဦးကျန်

{{Zawgyi/Unicode}}
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson နေရာမှာ အစားထိုးမယ့်သူတွေကို မဲခွဲရွေးချယ်နေရာမှာ အခုနောက်ဆုံး ယှဉ်ပြိုင်သူ ကိုယ်စားလှယ် ၆ ဦးပဲ ကျန်ပါတော့တယ်။ ဒီမဲပေးမှုနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောတူညီထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း Jeremy Hunt နဲ့ Nadhim Zahawi တို့ထွက်သွားရပါပြီ။ ကျန်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ မနက်ဖြန်မှာဆက်ပြီး ဒုတိယအကျော့ မဲပေးရွေးချယ်ကြမှာပါလို့ ပါတီရေးရာ လွှတ်တော်ကော်မတီဥက္ကဌ Graham Brady ကပြောသွားတာပါ။

နောက်တဆင့်ဝင်ပြိုင်ဖို့ အမတ် ၃၀ တို့ရဲ့ထောက်ခံမဲ မရခဲ့တဲ့အတွက် ဘဏ္ဍာရေးဝန်ကြီး Zahawi နဲ့ ကျန်းမာရေးဝန်ကြီးဟောင်း Jeremy Hunt တို့ထွက်သွားရတာဖြစ်ပါတယ်။ ပြိုင်ဆိုင်ခွင့်ရသူ ဆန်ကာတင် ၂ ဦးပဲ ကျန်တဲ့ထိ နောက်တပတ်ထဲမှာ ဆက်ပြီးမဲပေးရွေးချယ်ကြဦးမှာဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ် ၂ ဦးထဲကို တဦးကို နိုင်ငံတဝန်းလုံးမှာရှိတဲ့ ကွန်ဆာဗေးတစ်ပါတီဝင် ၁ သိန်း၈ သောင်းတို့က ပါတီခေါင်းဆောင်အဖြစ် ထပ်ပြီးမဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။ အနိုင်ရသူကို စက်တင်ဘာလ ၅ ရက်နေ့မှာ ကြေညာမှာဖြစ်ပြီး ဝန်ကြီးချုပ်တာဝန်ကို ချက်ချင်းထမ်းဆောင်ရမှာဖြစ်ပါတယ်။

ဆက်ပြီးပြိုင်ဆိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကတော့ နိုင်ငံခြားရေးဝန်ကြီး Liz Truss ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak၊ ကုန်သွယ်ရေးဝန်ကြီး Penny Mordaunt ၊ လွှတ်တော်အမတ် Tom Tugendhat ၊ အမျိုးသမီးနဲ့ သာတူညီမ ျှရေး ဝန်ကြီးဟောင်း Kemi Badenoch နဲ့ ရှေ့နေချုပ် Suella Braverman တို့ဖြစ်ပါတယ်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေနဲ့ လချီရင်ဆိုင်နေရချိန်မှာပဲ ပြီးခဲ့တဲ့တပတ်ထဲမှာ ဝန်ကြီးချုပ် Johnson ရာထူးက နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ သူ့နေရာမှာအစားထိုးမယ့် ဝန်ကြီးချုပ်သစ်ရွေးချယ်ပြီးတဲ့အချိန်ထိတော့ မစ္စတာ Johnson ကရာထူးတာဝန်ကိုဆက်ပြီးထမ်းဆောင်နေမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်ဝန်ကြီးချုပ်သစ်ရွေးပွဲ ယှဉ်ပြိုင်သူ ၆ ဦးကျန်

.......................................................



{{Zawgyi/Unicode}}


