သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္အစုိးရ အေျပာင္းအလဲေၾကာင့္ ေထာက္ခံမႈ ေလ်ာ့မသြားဖုိ႔ ယူကရိန္းသမၼတေမွ်ာ္လင့္


Boris Johnson and Volodymir Zelensky in Kyiv

[[ ZAWGYI / UNICODE ]]

ၿဗိတိန္အစုိးရ အေျပာင္းအလဲေၾကာင့္ ေထာက္ခံမႈေလ်ာ့မသြားဖုိ႔ ယူကရိန္းသမၼတေမွ်ာ္လင့္

ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson က ရာထူးကႏုတ္ထြက္ေၾကာင္း ၾကာသပေတးေန႔မွာ ေၾကညာလိုက္ၿပီးေနာက္မွာေတာ့ ၿဗိတိန္ ၀န္ႀကီးခ်ဳပ္သစ္တဦး အစားထိုး ရာထူး ရယူၿပီးခ်ိန္မွာလည္း ႐ုရွား က်ဴးေက်ာ္စစ္ကို တြန္းလွန္ေနရတဲ႔ ယူကရိန္းကို ၿဗိတိန္ဘက္က ခိုင္ခိုင္မာမာ ဆက္လက္ ေထာက္ခံဖို႔ ေမွ်ာ္လင့္ေၾကာင္း ယူကရိန္းက ေျပာဆိုလိုက္ပါတယ္။ ၿဗိတိန္ရဲ႕ ယူကရိန္း အတြက္ ေထာက္ပံ႔ကူညီမႈေတြ အေျပာင္းအလဲျဖစ္မွာ မဟုတ္ေၾကာင္း ၿဗိတိန္ကာကြယ္ေရး၀န္ႀကီး ကလည္း ေျပာဆိုထားပါတယ္။ မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က အာဏာရ Conservative ပါတီ ေခါင္းေဆာင္ေနရာကေန ႏုတ္ထြက္ေပးမယ္လို႔ ၾကာသပေတးေန႔မွာ ေၾကညာခဲ့ပါတယ္။ ပါတီေခါင္းေဆာင္သစ္ ေ႐ြးခ်ယ္တဲ့လုပ္ငန္းစဥ္ေတြကို အခု စတင္ေနၿပီး ေခါင္းေဆာင္သစ္ တက္မလာခင္အထိ ဒီတာဝန္ေတြကို ဆက္ၿပီး ထမ္းေဆာင္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Johnson က ေဒါင္းနင္းလမ္း ေနအိမ္ေရွ႕မွာ မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။

" ပါတီမွာ ေခါင္းေဆာင္သစ္နဲ႔ ၀န္ႀကီးခ်ဳပ္သစ္ ေျပာင္းသင့္တယ္ဆိုတဲ႔ ကြန္ဆာေဗးတစ္ပါတီ လႊတ္ေတာ္ အမတ္မ်ားရဲ႕ သေဘာဆႏၵ ရွင္းရွင္းလင္း ျဖစ္သြားပါၿပီ။ "

လႊတ္ေတာ္အမတ္ေတြၾကားမွာ ပါတီေခါင္းေဆာင္သစ္ေ႐ြးခ်ယ္မႈကို စတင္ေဆာင္႐ြက္ေနၿပီး အခ်ိန္ကာလ သတ္မွတ္ခ်က္ကို ေရွ႕သီတင္းပတ္မွာ ေၾကညာမယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Johnson က မိန႔္ခြန္းထဲမွာ ေျပာၾကားခဲ့ပါတယ္။

႐ုရွား က်ဴးေက်ာ္စစ္နဲ႔ ရင္ဆိုင္ေနရတဲ႔ ယူကရိန္းကေတာ့ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Johnson ရဲ႕ ယူကရိန္းအေပၚ ေထာက္ခံမႈေတြကို ေက်းဇူးတင္ေၾကာင္း ယူကရိန္း သမၼတ Volodymyr Zelenskyy က ေခါင္းေဆာင္ႏွစ္ဦး တယ္လီဖုန္း ဆက္စဥ္မွာ ေျပာခဲ႔ပါတယ္။

၀န္ႀကီးခ်ဳပ္ Johnson ႏုတ္ထြက္တဲ႔အေၾကာင္းကို ၀မ္းနည္းစြာ ၾကားသိရပါတယ္။ သူတင္ မဟုတ္ပဲ ယူကရိန္း လူမႈအသိုင္းအဝိုင္း တခုလံုးကလည္း ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ကို စာနာပါေၾကာင္း ယူကရိန္း သမၼတရံုးရဲ႕ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ ၿဗိတိန္အေနနဲ႔ ယူကရိန္းကို ဆက္လက္ ေထာက္ခံ ပံ႔ပိုးသြားမယ္ဆိုတာကို ယံုမွားသံသယ မရွိေၾကာင္း ဒါေပမယ့္လည္း ၀န္ႀကီးခ်ဳပ္ Johnson ရဲ႕ ဦးေဆာင္မႈနဲ႔ ၾသဇာေၾကာင့္ ဒီ ေဆာင္ရြက္ခ်က္ ပိုၿပီး ထူးျခားေစေၾကာင္းလည္း ယူကရိန္းသမၼတရံုးရဲ႕ ေၾကညာခ်က္က ေဖာ္ျပပါတယ္။

႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံေနတဲ႔ ယူကရိန္းကို အေနာက္ႏိုင္ငံေတြရဲ႕ ေထာက္ခံ ပံ႔ပိုးမႈေတြကို ႐ုရွားကေတာ့ ပ်က္ရယ္ ျပဳပါတယ္။

လစ္ဘရယ္ အစိုးရေတြဟာ ႏိုင္ငံေရး၊ အယူဝါဒေရးရာနဲ႔ စီးပြားေရး ျပႆနာႀကီးေတြနဲ႔ ၾကံဳေနရတယ္ဆိုတာ လူတိုင္း သိျမင္ေနၾကပါတယ္။ ၿဗိတိန္ရဲ႕ သက္တမ္း၀က္ အေျခအေနဟာ စိုးရိမ္စရာ ျဖစ္ပါတယ္။ ထိန္းမႏိုင္သိမ္းမရ၊ ၀႐ုန္းသုန္းကား၊ ေဇာက္ထိုး ဆင္းေနတယ္ဆိုၿပီး ကြ်မ္းက်င္သူေတြက ေဖာ္ၫႊန္းၾကပါတယ္လို႔ ႐ုရွား ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Maria Zakharova က ေျပာပါတယ္။

႐ုရွား သမၼတရံုး ေျပာခြင့္ရ Dmitry Peskov ကေတာ့ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Johnson က ႐ုရွားကို အလြန္မွ မႏွစ္သက္သူ ျဖစ္သလို ႐ုရွားကလည္း သူ႔ကို မႀကိဳက္ပါဘူးလို႔ ေျပာဆိုခဲ႔ပါတယ္။ ၿဗိတိန္ အစိုးရတြင္း ႏိုင္ငံေရး ရႈပ္ေထြးမႈေၾကာင့္ ယူကရိန္းအေပၚ ၿဗိတိန္ရဲ႕ ေထာက္ခံပံ႔ပိုးမႈ အေပၚမွာ ထိခိုက္စရာ မရွိဘူးလို႔ ၿဗိတိန္ ကာကြယ္ေရး၀န္ႀကီး Ben Wallace က ဇူလိုင္လ ၇ ရက္ေန႔ ၾကာသပေတးေန႔မွာ ေျပာပါတယ္။

"က်ေနာ္တို႔ ယူကရိန္းကို ေပးေနတဲ႔ အေထာက္အပံ႔ေတြဟာ လူတဦးတေယာက္က ေပးေနတာ မဟုတ္ပါဘူး။ ၊ က်ေနာ္က ေပးေနတာ မဟုတ္ပါဘူး။ ၀န္ႀကီးခ်ဳပ္က ေပးေနတာ မဟုတ္ပါဘူး။ အားလံုးရဲ႕ ႀကိဳးပမ္းမႈ ျဖစ္ပါတယ္။"

ၿဗိတိန္ႏိုင္ငံ EU ထဲက ႏုတ္ထြက္ႏိုင္ခဲ့တာအပါအဝင္ သူ႔အစိုးရလက္ထက္မွာ ေအာင္ျမင္ခဲ့တဲ့ ကိစၥေတြအတြက္ ဂုဏ္ယူသလို ေဆာင္႐ြက္ႏိုင္ျခင္းမရွိတဲ့ ကိစၥေတြအတြက္လည္း စိတ္မေကာင္းဘူးလို႔လည္း ၿဗိတိန္၀န္ႀကီးခ်ဳပ္ Johnson က ၾကာသပေတးေန႔ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ႔ပါတယ္။

ဥေရာပသမဂၢ EU ရဲ႕ Brexit ကိစၥ ညႇိႏိႈင္းေရးမွဴးေဟာင္း Michel Barnier ကေတာ့ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson ႏုတ္ထြက္မႈက ၿဗိတိန္နဲ႔ ဆက္ဆံေရးမွာ စာမ်က္ႏွာသစ္ ဖြင့္လွစ္လိုက္တာ ျဖစ္တယ္လို႔ ဇူလိုင္လ ၇ ရက္ေန႔ ၾကာသပေတးေန႔ တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။ ၿဗိတိန္မွာ ဝန္ႀကီးခ်ဳပ္သစ္ကို အစားမထိုးႏိုင္ခင္အထိ လက္ရွိ၀န္ႀကီးခ်ဳပ္ Johnson က ဆက္လက္ တာ၀န္ယူမွာ ျဖစ္ပါတယ္။

ၿဗိတိန္ႏိုင္ငံရဲ႕ ႏိုင္ငံေရးစနစ္အရ ေ႐ြးေကာက္ပြဲေတြ မက်င္းပႏိုင္ခ်ိန္မွာ အာဏာရပါတီဝင္ လႊတ္ေတာ္အမတ္ေတြကပဲ ဝန္ႀကီးခ်ဳပ္ကို ဖယ္ရွားႏိုင္တာျဖစ္ပါတယ္။ ျပည္သူေတြ အပ္ႏွင္းထားတဲ့ ဝန္ႀကီးခ်ဳပ္တာဝန္ကေန ႏုတ္ထြက္မွာ မဟုတ္ဘူးလို႔ ဗုဒၶဟူးေန႔အထိ Mr. Johnson ေျပာေနခဲ့တာပါ။ Boris Johnson ဟာ ၂၀၁၉ ခုႏွစ္မွာ Conservative ပါတီေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ တက္လာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

{{ UNICODE }}

ဗြိတိန်အစိုးရ အပြောင်းအလဲကြောင့် ထောက်ခံမှုလျော့မသွားဖို့ ယူကရိန်းသမ္မတမျှော်လင့်

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ရာထူးကနုတ်ထွက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာလိုက်ပြီးနောက်မှာတော့ ဗြိတိန် ဝန်ကြီးချုပ်သစ်တဦး အစားထိုး ရာထူး ရယူပြီးချိန်မှာလည်း ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းကို ဗြိတိန်ဘက်က ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံဖို့ မျှော်လင့်ကြောင်း ယူကရိန်းက ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ရဲ့ ယူကရိန်း အတွက် ထောက်ပံ့ကူညီမှုတွေ အပြောင်းအလဲဖြစ်မှာ မဟုတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ကလည်း ပြောဆိုထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က အာဏာရ Conservative ပါတီ ခေါင်းဆောင်နေရာကနေ နုတ်ထွက်ပေးမယ်လို့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ ပါတီခေါင်းဆောင်သစ် ရွေးချယ်တဲ့လုပ်ငန်းစဉ်တွေကို အခု စတင်နေပြီး ခေါင်းဆောင်သစ် တက်မလာခင်အထိ ဒီတာဝန်တွေကို ဆက်ပြီး ထမ်းဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Johnson က ဒေါင်းနင်းလမ်း နေအိမ်ရှေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

" ပါတီမှာ ခေါင်းဆောင်သစ်နဲ့ ဝန်ကြီးချုပ်သစ် ပြောင်းသင့်တယ်ဆိုတဲ့ ကွန်ဆာဗေးတစ်ပါတီ လွှတ်တော် အမတ်များရဲ့ သဘောဆန္ဒ ရှင်းရှင်းလင်း ဖြစ်သွားပါပြီ။ "

လွှတ်တော်အမတ်တွေကြားမှာ ပါတီခေါင်းဆောင်သစ်ရွေးချယ်မှုကို စတင်ဆောင်ရွက်နေပြီး အချိန်ကာလ သတ်မှတ်ချက်ကို ရှေ့သီတင်းပတ်မှာ ကြေညာမယ်လို့လည်း ဝန်ကြီးချုပ် Johnson က မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

ရုရှား ကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကတော့ ဗြိတိန်ဝန်ကြီးချုပ် Johnson ရဲ့ ယူကရိန်းအပေါ် ထောက်ခံမှုတွေကို ကျေးဇူးတင်ကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်း ဆက်စဉ်မှာ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် Johnson နုတ်ထွက်တဲ့အကြောင်းကို ဝမ်းနည်းစွာ ကြားသိရပါတယ်။ သူတင် မဟုတ်ပဲ ယူကရိန်း လူမှုအသိုင်းအဝိုင်း တခုလုံးကလည်း ဗြိတိန် ဝန်ကြီးချုပ်ကို စာနာပါကြောင်း ယူကရိန်း သမ္မတရုံးရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဗြိတိန်အနေနဲ့ ယူကရိန်းကို ဆက်လက် ထောက်ခံ ပံ့ပိုးသွားမယ်ဆိုတာကို ယုံမှားသံသယ မရှိကြောင်း ဒါပေမယ့်လည်း ဝန်ကြီးချုပ် Johnson ရဲ့ ဦးဆောင်မှုနဲ့ သြဇာကြောင့် ဒီ ဆောင်ရွက်ချက် ပိုပြီး ထူးခြားစေကြောင်းလည်း ယူကရိန်းသမ္မတရုံးရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ ထောက်ခံ ပံ့ပိုးမှုတွေကို ရုရှားကတော့ ပျက်ရယ် ပြုပါတယ်။

လစ်ဘရယ် အစိုးရတွေဟာ နိုင်ငံရေး၊ အယူဝါဒရေးရာနဲ့ စီးပွားရေး ပြဿနာကြီးတွေနဲ့ ကြုံနေရတယ်ဆိုတာ လူတိုင်း သိမြင်နေကြပါတယ်။ ဗြိတိန်ရဲ့ သက်တမ်းဝက် အခြေအနေဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ ထိန်းမနိုင်သိမ်းမရ၊ ဝရုန်းသုန်းကား၊ ဇောက်ထိုး ဆင်းနေတယ်ဆိုပြီး ကျွမ်းကျင်သူတွေက ဖော်ညွှန်းကြပါတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Maria Zakharova က ပြောပါတယ်။

ရုရှား သမ္မတရုံး ပြောခွင့်ရ Dmitry Peskov ကတော့ ဗြိတိန်ဝန်ကြီးချုပ် Johnson က ရုရှားကို အလွန်မှ မနှစ်သက်သူ ဖြစ်သလို ရုရှားကလည်း သူ့ကို မကြိုက်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဗြိတိန် အစိုးရတွင်း နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် ယူကရိန်းအပေါ် ဗြိတိန်ရဲ့ ထောက်ခံပံ့ပိုးမှု အပေါ်မှာ ထိခိုက်စရာ မရှိဘူးလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး Ben Wallace က ဇူလိုင်လ ၇ ရက်နေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။

"ကျနော်တို့ ယူကရိန်းကို ပေးနေတဲ့ အထောက်အပံ့တွေဟာ လူတဦးတယောက်က ပေးနေတာ မဟုတ်ပါဘူး။ ၊ ကျနော်က ပေးနေတာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်က ပေးနေတာ မဟုတ်ပါဘူး။ အားလုံးရဲ့ ကြိုးပမ်းမှု ဖြစ်ပါတယ်။"

ဗြိတိန်နိုင်ငံ EU ထဲက နုတ်ထွက်နိုင်ခဲ့တာအပါအဝင် သူ့အစိုးရလက်ထက်မှာ အောင်မြင်ခဲ့တဲ့ ကိစ္စတွေအတွက် ဂုဏ်ယူသလို ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ကိစ္စတွေအတွက်လည်း စိတ်မကောင်းဘူးလို့လည်း ဗြိတိန်ဝန်ကြီးချုပ် Johnson က ကြာသပတေးနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂ EU ရဲ့ Brexit ကိစ္စ ညှိနှိုင်းရေးမှူးဟောင်း Michel Barnier ကတော့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နုတ်ထွက်မှုက ဗြိတိန်နဲ့ ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ ဇူလိုင်လ ၇ ရက်နေ့ ကြာသပတေးနေ့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဗြိတိန်မှာ ဝန်ကြီးချုပ်သစ်ကို အစားမထိုးနိုင်ခင်အထိ လက်ရှိဝန်ကြီးချုပ် Johnson က ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ချိန်မှာ အာဏာရပါတီဝင် လွှတ်တော်အမတ်တွေကပဲ ဝန်ကြီးချုပ်ကို ဖယ်ရှားနိုင်တာဖြစ်ပါတယ်။ ပြည်သူတွေ အပ်နှင်းထားတဲ့ ဝန်ကြီးချုပ်တာဝန်ကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့အထိ Mr. Johnson ပြောနေခဲ့တာပါ။ Boris Johnson ဟာ ၂၀၁၉ ခုနှစ်မှာ Conservative ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဝန်ကြီးချုပ်အဖြစ် တက်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG