သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားလက္နက္ႀကီးေၾကာင့္ Donetsk ျပည္နယ္ အရပ္သားငါးဦးေသဆုံး


႐ုရွားအေျမႇာက္ဆံထိၿပီး မီးခိုးေတြထြက္ေနတဲ့ ယူကရိန္းႏိုင္ငံ Donetsk ၿမိဳ႕ကို ဇူလိုင္လ ၆ ရက္ေန႔မွာ ေတြ႕ရစဥ္

[[Zawgyi/Unicode]]

႐ုရွား က လက္နက္ႀကီးေတြ နဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ေၾကာင့္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာ အရပ္သား ငါးေယာက္ ေသဆုံးခဲ့ၿပီး၊ ၂၁ ေယာက္ ဒဏ္ရာရရွိခဲ့တယ္လို႔ ယူကရိန္း အေရွ႕ပိုင္း Donetsk ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

Avdiivka, Sloviansk, Krasnohorivka နဲ႔ Kurakhove ၿမိဳ႕ေတြမွာ လူေတြ ေသဆုံး ထိခိုက္ခဲ့တာ ျဖစ္တယ္လို႔ Pavlo Kyrylenko က Telegram လူမႈ စာမ်က္ႏွာမွာ တင္ထားပါတယ္။

Sloviansk ၿမိဳ႕ကို အဂၤါေန႔ က လက္နက္ႀကီးေတြ နဲ႔ အႀကီးအက်ယ္ ပစ္ခတ္ခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဝန္ Vadim Lyakh က ေျပာပါတယ္။

ကပ္လ်က္ Luhansk ျပည္နယ္ ကို ႐ုရွားက သိမ္းပိုက္လိုက္ၿပီးတဲ့ေနာက္ Donetsk ျပည္နယ္ရဲ႕ အတြင္းပိုင္း Sloviansk နဲ႔ Bakhmut ၿမိဳ႕ေတြကို ႐ုရွားက ဆက္လက္ တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။ Donetsk ျပည္နယ္ရဲ႕ တစ္ဝက္ကိုလည္း ႐ုရွားက ထိန္းခ်ဳပ္ထားၿပီး ျဖစ္ပါတယ္။

စစ္ပြဲရဲ႕အစပိုင္းမွာ ယူကရိန္း ၿမိဳ႕ေတာ္ ကိဗ္ကို သိမ္းႏိုင္ေအာင္ ႀကိဳးစားခဲ့ရာမွာ မေအာင္ျမင္ခဲ့တဲ့ ေနာက္ပိုင္း Luhansk and Donetsk နဲ႔ ျပည္နယ္ ၂ ခု ရွိတဲ့ ဒြန္ဘ ေဒသ ကို သိမ္းႏိုင္ေအာင္ ထိုးစစ္ ေျပာင္းလဲ ဆင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ရုရှား က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အရပ်သား ငါးယောက် သေဆုံးခဲ့ပြီး၊ ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း အရှေ့ပိုင်း Donetsk ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Avdiivka, Sloviansk, Krasnohorivka နဲ့ Kurakhove မြို့တွေမှာ လူတွေ သေဆုံး ထိခိုက်ခဲ့တာ ဖြစ်တယ်လို့ Pavlo Kyrylenko က Telegram လူမှု စာမျက်နှာမှာ တင်ထားပါတယ်။

Sloviansk မြို့ကို အင်္ဂါနေ့ က လက်နက်ကြီးတွေ နဲ့ အကြီးအကျယ် ပစ်ခတ်ခဲ့တယ်လို့ မြို့တော်ဝန် Vadim Lyakh က ပြောပါတယ်။

ကပ်လျက် Luhansk ပြည်နယ် ကို ရုရှားက သိမ်းပိုက်လိုက်ပြီးတဲ့နောက် Donetsk ပြည်နယ်ရဲ့ အတွင်းပိုင်း Sloviansk နဲ့ Bakhmut မြို့တွေကို ရုရှားက ဆက်လက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ Donetsk ပြည်နယ်ရဲ့ တစ်ဝက်ကိုလည်း ရုရှားက ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

စစ်ပွဲရဲ့အစပိုင်းမှာ ယူကရိန်း မြို့တော် ကိဗ်ကို သိမ်းနိုင်အောင် ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့ နောက်ပိုင်း Luhansk and Donetsk နဲ့ ပြည်နယ် ၂ ခု ရှိတဲ့ ဒွန်ဘ ဒေသ ကို သိမ်းနိုင်အောင် ထိုးစစ် ပြောင်းလဲ ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG