ကန်သမ္မတ ဗြိတိန်ကို တနင်္လာနေ့ ထွက်ခွာ

အမေရိကန်သမ္မတ Donald Trump နဲ့ ဝန်ကြီးချုပ် Theresa May (ဂျူလိုင်၊ ၁၃၊ ၂၀၁၈)

အမေရိကန်သမ္မတ Donald Trump ဟာ နိုင်ငံတော်ခရီးစဉ်နဲ့ လာမယ့် တနင်္လာနေ့မှာ ဗြိတိန်နိုင်ငံကို ၃ ရက်ကြာ သွားရောက်မှာပါ။

သမ္မတ Trump နဲ့ ဝန်ကြီးချုပ် ထရီဆာမေတို့ တွေ့ဆုံတဲ့အခါ ပြေလည်မှုရှိဖို့ ၂ ဦး ၂ ဘက် ဆန္ဒရှိနေကြတယ်လို့ သူတို့ရဲ့ အကြံပေးတွေကပြောပါတယ်။

ဗြိတိန်ဘုရင်မကြီးနဲ့ တွေ့ဆုံဖို့ နန်းတော်ကို အစဉ်အလာအတိုင်း မြင်းရထားနဲ့ သွားရောက်မယ့် အစီအစဉ်ကိုတော့ သမ္မတ Trump ကို ဆန့်ကျင်ဆန္ဒပြသူတွေကြောင့်ဆိုပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ထည့်သွင်းထားခြင်းမရှိပါဘူး။

သမ္မတ အိုဘားမား သွားရောက်ခဲ့တုန်းကလည်း အလားတူ အကြောင်းပြချက်နဲ့ပဲ အဲဒီ အစီအစဉ်ကို ပယ်ဖျက်ခဲ့တာပါ။ သမ္မတ Trump ရဲ့ နိုင်ငံတော် ခရီးစဉ် ချောမွေ့စေရေးအတွက် လန်ဒန်ရဲတွေလည်း အကြီးအကျယ် စီစဉ်ဆောင်ရွက်နေကြပါတယ်။

ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ပြီးနောက်ပိုင်း အမေရိကန်နဲ့ ဗြိတိန်ကြား ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဗြိတိန်တာဝန်ရှိသူတွေက သိချင်နေကြပါတယ်။

ဗြိတိန်တာဝန်ရှိသူတွေကလည်း အမေရိကန်နဲ့ ဗြိတိန်ကြား အထူးဆက်ဆံရေး ရှိတယ်ဆိုတဲ့ အခြေအနေမျိုး သတ်မှတ်နိုင်ဖို့ လိုလားနေကြတာဖြစ်ပါတယ်။ ဥတုရာသီပြောင်းလဲမှု၊ အီရန်အရေးကိစ္စအပြင် ဗြိတိန်နဲ့ တရုတ် ကုန်သွယ်ရေးလို ကိစ္စရပ်တွေအပါအဝင် ကမ္ဘာ့ရေးရာအတော်များများမှာတော့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံကြား သဘေားထား ကွဲလွဲနေကြတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်သမ္မတ ဗြိတိန်ကို တနင်္လာနေ့ ထွက်ခွာ