ဓါတုနိုဘယ်ဆု မျိုးရိုးဗီဇဓါတ်ခွဲတည်းဖြတ်နည်းတီထွင်သူ ၂ ဦးရရှိ

ပြင်သစ်နိုင်ငံသူ Emmanuelle Chapenter နဲ့ အမေရိကန် နိုင်ငံသူ Jenniver Doudna။ (ဓာတ်ပုံ - TT News Agency/Henrik Montgomery/Pool via REUTERS - အောက်တိုဘာ ၇၊ ၂၀၂၀)

[Zawgyi/Unicode]

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို မျိုးရိုးဗီဇ ဓာတ်ခွဲတည်းဖြတ်နည်းတီထွင်ပေးတဲ့ အမျိုးသမီး နှစ် ဦးကို ပူးတွဲပေးအပ်လိုက်ကြောင်း၊ ဆွီဒင်သိပ္ပံအကယ်ဒမီက ကြေညာလိုက်ပါပြီ။

ဒီသိပ္ပံအကယ်ဒမီရဲ့ အတွင်းရေးမှူးချုပ် Goran Hansson က ဒီနေ့ ကြေညာရာမှာ၊ ပြင်သစ်နိုင်ငံသူ Emmanuelle Chapenter နဲ့ အမေရိကန် နိုင်ငံသူ Jenniver Doudna တို့ကို၊ မျိုးရိုးဗီဇဓာတ်ခွဲတည်းဖြတ်မှု နည်းလမ်းသစ် ပူူးပေါင်းဖော်ထုတ်နိုင်မှုအတွက် ခုလိုဆုပေးအပ်လိုက်တာလို့ ဆိုပါတယ်။

ဒီနည်းသစ်ကြောင့် တနေ့နေ့မှာ၊ မျိုးရိုးလိုက်တဲ့ ရောဂါတွေအပြင်၊ ကင်ဆာကိုတောင် ကုသနိုင်ဖို့ လမ်းစဖွင့်ပေးလိုက်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဓာတုဗေဒဆိုင်ရာ နိုဘယ်ကော်မတီ ဥက္ကဋ္ဌ Cales Gustafsson ကလည်း ဒီ မျိုးရိုးဗီဇနည်းသစ်က တကယ့်ကိုအစွမ်းထက်ပြီး၊ အခြေခံသိပ္ပံပညာကို တော်လှန်ဆန်းသစ်လိုက်တာအပြင်၊ ကုထုံးသစ်ကြီးတွေနဲ့ ကောက်ပဲသီးနှံမျိုးသစ် တီထွင်မှုတွေ ဆက်ဖြစ်စေမယ်လို့ ဆိုပါတယ်။

SEE ALSO: ရူပဗေဒနိုဘယ်ဆု အာကာသတွင်းနက်လေ့လာသူသုံးဦး ရရှိ

ဒီ တန်ဖိုးမြင့်မားတဲ့ နိုဘယ်ဆုအတွက် ရွေတံဆိပ်နဲ့ ဆုကြေးတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁ သန်းကျော်တဲ့ ခရိုနာ ၁၀ သန်းလက်ခံရရှိမှာဖြစ်ပြီး၊ ဒီဆုကြေးပမာဏက မကြာခင်ကပဲ ငွေကြေးဖောင်းပွမှုကို ထည့်တွက်ပြီး မြှင့်ပေးခဲ့တာပါ။

ဒီဆုကြေးအတွက် ဒီဆုကိုဖန်တီးခဲ့တဲ့ ဆွီဒင်လူမျိုး သိပ္ပံပညာရှင် Alfred Nobel အနေနဲ့၊ ခုလိုထူးချွန်သူတွေအတွက် လွန်ခဲ့တဲရာစုနှစ်ကျော်က လှူဒါန်းခဲ့တဲ့အထဲက ပေးမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဓါတုနိုဘယ်ဆု မျိုးရိုးဗီဇဓါတ်ခွဲတည်းဖြတ်နည်းတီထွင်သူ ၂ ဦးရရှိ

[Unicode Version]






SEE ALSO: ဆေးပညာရပ်ဆိုင်ရာနိုဘယ်ဆု Hepatitis C ပိုးလေ့လာခဲ့သူ ပညာရှင်သုံးဦးရရှိ

