တရုတ် မြန်မာနိုင်ငံတကာ ရထားလမ်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ဥမင်လှိုဏ်ခေါင်းအရှည်တခု တည်ဆောက်ဖေါက်လုပ်မှုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲမှာလုပ်ဆောင်နေပြီလို့ ဒေသခံရထား အာဏာပိုင်တွေက ပြောတဲ့အကြောင်း တရုတ်အစိုးရပိုင်ရှင်ဟွာသတင်းမှာ မနေ့ဖေါ်ပြထားပါတယ်။
လောလောဆယ် အဲဒီ ဥမင်လှိုဏ်ခေါင်း တူးဖေါ်မှုက မီတာ ၃၇၀၀ ကျော် နေပြီလို့ဆိုပါတယ်။
ဒီရထားလမ်း အရှည်က၂၀၂ ကီလိုမီတာရှိပြီး တနာရီကို မိုင် ၁၆၀နှုန်းနဲ့ မောင်းနိုင်ဖို့ စီစဉ်ထားတာပါ။ ဒီရထားလမ်းကို ၂၀၂၁ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။
အခုဖေါက်လုပ်နေတဲ့ လှိုဏ်ခေါင်းကို ၂၀၁၆ခုနှစ်မေလမှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းကတော့ ဒီလှိုဏ်ခေါင်းကနေ အဆိပ်ငွေ့တွေ ထွက်လာတာခဲ့တဲ့အကြောင်း အခုတော့ ဖေါက်လုပ်ရေးလုပ်ငန်းတွေ ပုံမှန်ဆက်ပြီး လုပ်ဆောင်နေတယ်လို့ ရှင်ဟွာသတင်းကဆိုပါတယ်။
Your browser doesn’t support HTML5
တရုတ်-မြန်မာ ရထားလမ်း မြေအောက်ဥမင် ဖောက်လုပ်