တရုတ်လုံခြုံရေး ဒုဝန်ကြီးကို နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲ ခန့်

တရုတ်လုံခြုံရေး ဒုဝန်ကြီး Meng Hongwei

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol အကြီးအကဲ အသစ် အဖြစ် တရုတ်နိုင်ငံရဲ့ အဆင့်မြင့်လုံခြုံရေးအရာရှိတဦးကို ခန့်အပ်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ (၈၅)ကြိမ်မြောက် Interpol အဖွဲ့ကြီးရဲ့ အထွေထွေညီလာခံမှာ တရုတ်နိုင်ငံရဲ့ ဒုတိယ ပြည်သူ့လုံခြုံရေးဝန်ကြီး Meng Hongwei ကို ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

လက်ရှိ Interpol ဥက္ကဌ Mireille Ballestrazzi က ဦးစီးပြီး သုံးရက်ကြာကျင်းပတဲ့ ညီလာခံမှာ နိုင်ငံတကာအကြမ်းဖက်ဝါဒ၊ အကွက်ကျကျပြုလုပ်တဲ့ ပြစ်မှုနဲ့ ဆိုင်ဘာပြစ်မှု စတာတွေ တိုက်ဖျက်ရေး နည်းလမ်းတွေရှာဖွေဖို့ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

အဖွဲ့ဝင် ၁၆၇ နိုင်ငံရဲ့ ကိုယ်စားလှယ်ပေါင်း ၁၂၀၀ကနေ ဥက္ကဌ အသစ်ကိုမဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Meng ဟာ ဝါရင့် တရုတ်ရဲအရာရှိကြီးတဦးဖြစ်သလို Interpol အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို သိသိသာသာတိုးတက်စေခဲ့သူဖြစ်တယ်လို့ Interpol အဖွဲ့ကပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

တရုတ်လုံခြုံရေး ဒုဝန်ကြီးကို နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲ ခန့်