တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးလည်းဝန်ကြီးလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် လည်းဖြစ်သူ Wang Yi ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ် မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့စဥ်။ (သြဂုတ် ၁၄၊ ၂၀၂၄/ဓာတ်ပုံ- ဆင်ဟွာ-နေပြည်တော်)

တရုတ်နိုင်ငံခြားရေးလည်းဝန်ကြီးလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် လည်းဖြစ်သူ Wang Yi ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ် မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ပိုင် ဆင်ဟွာ သတင်းမှာဖော်ပြပါတယ်။

မြန်မာပြည်ကိုရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံစဥ်။ (Crd: နေပြည်တော်/ဆင်ဟွာ)

မြန်မာနိုင်ငံအရေးကိစ္စမှာ ပြည်ပကစွက်ဖက်မှုကို တရုတ်နိုင်ငံအနေနဲ့ အခိုင်အမာဆန့်ကျင်ပြီး မြန်မာနိုင်ငံပြည်တွင်း အမျိုးသားရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းပုံမူဘောင်အောက်ကနေ ဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံဘက်က ကာလရှည်ကြာကတည်းက ထောက်ပံ့ကူညီမှုတွေအတွက် ကျေးဇူးတင် ရှိကြောင်းနဲ့ တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးဆက်ဆံမှုနဲ့ နှစ်နိုင်ငံကြား ကြာရှည်စွာ၊ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ခဲ့တာတွေ အပြောင်းအလဲဖြစ်မှာမဟုတ်ဘူးဆိုတာတွေကို ဦးသန်းရွှေဘက်က မှတ်ချက်ပေးပြောဆိုခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ကိုလည်း သီးခြားစီတွေ့ဆုံခဲ့တာပါ။ ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ကြား၊ စစ်ကောင်စီလိုလားသူတွေကြားတရုတ်ဆန့်ကျင်ရေးပြောဆိုလှုံ့ဆော်မှုတွေရှိခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်တွေကို ငွေကြေး၊ ဆေးဝါး၊ လက်နက်၊ နည်းပညာနဲ့စီမံအုပ်ချုပ်မှုတွေကို နိုင်ငံတချို့က ထောက်ပံ့နေတယ်ဆိုပြီး မြန်မာစစ်ကောင်စီအကြီးအကဲက စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံခြားရေးဝမ်ယီကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခနဲ့ ကသောင်းကနင်းဖြစ်မှုကို မလိုလားကြောင်းနဲ့ ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေး ဖြစ်နိုင်သမျှ အမြန်ပြန်စနိုင်ဖို့ပဲ တိုက်တွန်းပြောဆို သွားတာ တွေ့ရပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာစစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့တွေ့ဆုံ