၂၀၁၉ မှာ အညံ့ဆုံး ကွန်ပျူတာ password များ

ကွန်ပျူတာ အသုံးပြုနေသောသူများ (စက်တင်ဘာ၊ ၀၃၊ ၂၀၀၉)

(Zawgyi/Unicode)

တခြားသူတွေ အလွယ်တကူ ခိုးယူနိုင်တဲ့ password စကားဝှက်တွေကို အချက်အလက်ကောက်ယူတဲ့ Splash Data ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း လူတွေ အလွယ်တကူ အသုံးများတဲ့ password တွေကတော့ ၁၂၃၄၅၆ ပါ။ မနှစ်ကလည်း ဒီပတ်စ်ဝပ်ကို လူတွေ အသုံးများပါတယ်။

အဲဒီလိုပဲ တခြား အသုံးများတဲ့ ပတ်စ်ဝပ် ၂၅ ခုထဲမှာ iloveyou, admin နဲ့ welcome စတာတွေလည်း ပါဝင်ပါတယ်။ ပြင်ပကို ပေါက်ကြားလာတဲ့ password ၅ သန်းကို အခြေခံပြီး အခုလို တွက်ချက်ထားတာပါ။

ကွန်ပျူတာ အသုံးပြုသူ ၁၀ ရာခိုင်နှုန်းဟာ အဆိုးရွားဆုံး၊ ခိုးယူလို့အလွယ်ဆုံး password ၂၅ ခုထဲက တခုကို အသုံးပြုကြလေ့ရှိပြီး အဲဒီထဲက ၃ ရာခိုင်နှုန်းကတော့ ခိုးယူရအလွယ်ဆုံး password ၁၂၃၄၅၆ ကို အသုံးပြုတာပါ။

အကောင့်ကို ခိုးယူချင်သူတွေ အလွယ်တကူ ခန့်မှန်းရိုက်ကူးလေ့ရှိတဲ့ password တွေထဲမှာ ကွန်ပျူ ကီးဘုတ်ကို ဘယ်လက်နဲ့ ရိုက်ကူးရာမှာ အလွယ်တကူ ရိုက်လို့ရတဲ့ qwerty, ၁၂၃၄၅၆, ၁၂၃၄၅၆၇, ၁၂၃၄၅၆၈, ၁၂၃၄၅, ၁၁၁၁၁၁, ၁၂၃၁၂၃ စတာတွေ ပါဝင်ပါတယ်။

အဲဒီလို သူများ အလွယ်တကူ ခန့်မှန်းရိုက်ကူးလို့ရတဲ့ password ကို အကောင့် တခုမကမှာ သုံးထားပြီဆိုရင်တောာ့ ကိုယ့်အကောင့်ကို သူများအလွယ်တကူ ခိုးယူနိုင်ဖို့ များပါတယ်။

Your browser doesn’t support HTML5

၂၀၁၉ မှာ အညံ့ဆုံး ကွန်ပျူတာ password များ

[Unicode Version]





