သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္ဆန္လြန္းတဲ့ Quantun ကြန္ပ်ဴတာ စမ္းသပ္ေအာင္ျမင္


( Zawgyi/ Unicode)

သမား႐ိုးက် ဆူပါကြန္ျပဴတာေတြ ႏွစ္ေပါင္း ၁၀,၀၀၀ အခ်ိန္ယူလုပ္ရမယ့္ တြက္ခ်က္မႈေတြကို စမ္းသပ္ဆဲ quantum process တခုက ႀကီးမားတဲ့ တြက္ခ်က္မႈတခုနဲ႔ မိနစ္ပိုင္းေတြ အတြင္း ၿပီးေအာင္လုပ္ႏိုင္ လိုက္ၿပီလို႔ ဆိုၿပီး နည္းပညာဆိုင္ရာ သမိုင္း ဝင္ ေအာင္ျမင္မႈတခု ရလိုက္ၿပီျဖစ္တဲ့အေၾကာင္း Google ကုမၸဏီက ေၾကညာပါတယ္။

Google က ဗုဒၶဟူးေန႔မွာ ေၾကညာတဲ့ ေနာက္မ်ိဳးဆက္ quantum တြက္ခ်က္လုပ္ငန္း ေအာင္ျမင္မႈဟာ အသိဉာဏ္တု နည္းပညာ၊ ကြန္ျပဴတာ ဘာသာစကားေရးတဲ့ နည္းပညာ၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ ေဆးဝါးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရး တို႔မွာ ႀကီးမားတဲ့ ျဖစ္ထြန္း တိုးတက္မႈေတြ ရလာေစမယ္လို႔ ကြၽမ္းက်င္သူေတြကေျပာပါတယ္။ ဒါေပမယ့္ Google ရဲ႕ၿပိဳင္ဘက္ကုမၸဏီ တခုျဖစ္တဲ့ IBM ကေတာ့ ဒီေၾကညာခ်က္ရဲ႕ အဓိကအပိုင္းတခုအေပၚ ျပန္ျငင္းခ်က္ ထုတ္ပါတယ္။

တခုတည္းေသာ တြက္ခ်က္မႈကို ဒီပ႐ိုဆက္ဆာက ၿပီးေအာင္လုပ္ႏိုင္စြမ္းဟာ အကန႔္အသတ္ ရွိႏိုင္ေပမယ့္လည္း ဒါဟာ ပထမ အဆင့္ပါပဲလို႔ Google ကဆိုပါတယ္။

Google ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Sundar Pichai က ပထမဆုံးေလယာဥ္ဟာ ၁၂ စကၠန႔္ပဲ ပ်ံႏိုင္ခဲ့ပါတယ္။ ဆိုေတာ့ အဲဒါ အတြက္ လက္ေတြ႕က်တဲ့ အသုံးခ်မႈမရွိပါဘူး။ ဒါေပမယ့္ ေလယာဥ္တစင္း ပ်ံေအာင္ လုပ္လို႔ရႏိုင္ေျခ ရွိတယ္ဆိုတာ အဲဒါက သက္ေသျပခဲ့ ပါတယ္လို႔ ေျပာပါတယ္။

Quantum ႐ူပေဗဒေပၚအေျခခံတဲ့ quantum ကြန္ျပဴတာနည္းပညာဟာ သတင္း အခ်က္အလက္ နည္းပညာ ပိုၿပီး အရွိန္ျမင့္လာေစဖို႔ အတြက္ စမ္းသပ္ေနတဲ့ နည္းပညာတခု ျဖစ္ပါတယ္။

(Unicode)

မြန်ဆန်လွန်းတဲ့ Quantun ကွန်ပျူတာ စမ်းသပ်အောင်မြင်

သမားရိုးကျ ဆူပါကွန်ပြူတာတွေ နှစ်ပေါင်း ၁၀,၀၀၀ အချိန်ယူလုပ်ရမယ့် တွက်ချက်မှုတွေကို စမ်းသပ်ဆဲ quantum process တခုက ကြီးမားတဲ့ တွက်ချက်မှုတခုနဲ့ မိနစ်ပိုင်းတွေ အတွင်း ပြီးအောင်လုပ်နိုင် လိုက်ပြီလို့ ဆိုပြီး နည်းပညာဆိုင်ရာ သမိုင်း ဝင် အောင်မြင်မှုတခု ရလိုက်ပြီဖြစ်တဲ့အကြောင်း Google ကုမ္ပဏီက ကြေညာပါတယ်။

Google က ဗုဒ္ဓဟူးနေ့မှာ ကြေညာတဲ့ နောက်မျိုးဆက် quantum တွက်ချက်လုပ်ငန်း အောင်မြင်မှုဟာ အသိဉာဏ်တု နည်းပညာ၊ ကွန်ပြူတာ ဘာသာစကားရေးတဲ့ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးဝါးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ကြီးမားတဲ့ ဖြစ်ထွန်း တိုးတက်မှုတွေ ရလာစေမယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ဒါပေမယ့် Google ရဲ့ပြိုင်ဘက်ကုမ္ပဏီ တခုဖြစ်တဲ့ IBM ကတော့ ဒီကြေညာချက်ရဲ့ အဓိကအပိုင်းတခုအပေါ် ပြန်ငြင်းချက် ထုတ်ပါတယ်။

တခုတည်းသော တွက်ချက်မှုကို ဒီပရိုဆက်ဆာက ပြီးအောင်လုပ်နိုင်စွမ်းဟာ အကန့်အသတ် ရှိနိုင်ပေမယ့်လည်း ဒါဟာ ပထမ အဆင့်ပါပဲလို့ Google ကဆိုပါတယ်။

Google ရဲ့ အမှုဆောင်အရာရှိချုပ် Sundar Pichai က ပထမဆုံးလေယာဉ်ဟာ ၁၂ စက္ကန့်ပဲ ပျံနိုင်ခဲ့ပါတယ်။ ဆိုတော့ အဲဒါ အတွက် လက်တွေ့ကျတဲ့ အသုံးချမှုမရှိပါဘူး။ ဒါပေမယ့် လေယာဉ်တစင်း ပျံအောင် လုပ်လို့ရနိုင်ခြေ ရှိတယ်ဆိုတာ အဲဒါက သက်သေပြခဲ့ ပါတယ်လို့ ပြောပါတယ်။

Quantum ရူပဗေဒပေါ်အခြေခံတဲ့ quantum ကွန်ပြူတာနည်းပညာဟာ သတင်း အချက်အလက် နည်းပညာ ပိုပြီး အရှိန်မြင့်လာစေဖို့ အတွက် စမ်းသပ်နေတဲ့ နည်းပညာတခု ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG