ကိုရိုနာရောဂါပိုးကို အနိုင်ရခဲ့တဲ့ အသက် ၁၀၀ အရွယ် မြန်မာအဖွား

Your browser doesn’t support HTML5

ကိုဗစ်အတည်ပြုလူနာတွေ တိုးလာပြီး ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းပါ မြင့်တက်လာတဲ့ မြန်မာနိုင်ငံမှာ ရောဂါကနေသက်သာပျောက်ကင်းသွားသူတွေလည်းအများအပြားပါ။ ဒီအထဲမှာတော့ အသက် ၁၀၀ အရွယ် မြန်မာအမျိုးသမီးကြီး တဦးလည်း ပါဝင်ပြီး မိသားစုဝင် ၁၀ ဦးလုံး ရောဂါပိုး ကူးစက်ခံရပေမဲ့ အခုတော့အားလုံး သက်သာပျောက်ကင်းကုန်ပါပြီ။