အာရှဒေသတွင်း COVID-19 ကူးစက်မှုအများဆုံး အိန္ဒိယမှာ အသွားအလာ ကန့်သတ်မှု သီတင်း ၂ ပတ်ထပ်တိုး

နယူးဒေလီရှိ ဘူတာရုံတခုတွင် ရထားစီးရန် တန်းစီ စောင့်ဆိုင်းနေသူများ။ (မေ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှု ဆက်မဖြစ်ရအောင် တားဆီးနိုင်ဖို့ အသွားအလာ ကန့်သတ်မှုအမိန့်ကို နောက်ထပ် သီတင်း ၂ ပတ် တိုးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

အပြင်မထွက်ရလို့ တားမြစ်ထားပေမယ့် ရောဂါကူးစက်မှုနည်းတဲ့ ဒေသတွေမှာ ဖြေလျှော့မှု အတော်များများ လုပ်သွားမှာဖြစ်ပြီး ရောဂါကူးစက်နိုင်ခြေနည်းတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးသွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒီသီတင်းပတ်ကုန် ကာလအတွင်း ကိုဗစ်ကူးစက်သူ အတည်ပြုလူနာ ဦးရေဟာ တရုတ်နိုင်ငံက အရေအတွက်ထက် ကျော်လွန်သွားတာကြောင့် အာရှမှာ ရောဂါပိုး အကူးစက်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။

အခုဆိုရင် အိန္ဒိယနိုင်ငံမှာ COVID ကူးစက်သူ ၉၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂,၈၀၀ ကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ်စင်တာ စာရင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ နိုင်ငံတကာလေဆိပ် အဝင်အထွက်တွေ မပိတ်ခင် မတ်လထဲမှာ ရာနဲ့ချီတဲ့ ပြည်ပရောက် အိန္ဒိယနိုင်ငံသားတွေကို ပြန်ခေါ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

အာရှဒေသတွင်း COVID-19 ကူးစက်မှုအများဆုံး အိန္ဒိယမှာ အသွားအလာ ကန့်သတ်မှု သီတင်း ၂ ပတ်ထပ်တိုး

-------------------------------

(Unicode)





