ဖေဖော်ဝါရီ ၈ ရက် ညသန်းခေါင်ယံအထိပဲ လှုပ်ရှားနိုင်တော့မယ့် အမေရိကန် အစိုးရယန္တရား ဆက်ပြီး လည်ပတ်စေနိုင်ရေးအတွက် လွှတ်တော်အမတ်တွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။ ကွန်ဂရက်က အစိုးရအသုံးစရိတ်အတွက် သက်တမ်းထပ်မတိုးပေးရင် ရပ်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။
၂ နှစ်တာ ဘတ်ဂျက်ငွေဆိုင်ရာ ပါတီကြီး ၂ ရပ်ရဲ့ သဘောတူညီချက်ကို အထက်လွှတ်တော်က ပထမမဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပင်တာဂွန် စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့နဲ့ ဒေါ်လာ ဘီလျံရာပေါင်းများစွာကုန်မယ့် ပြည်တွင်းအစီအစဉ်တွေဆိုင်ရာ အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး အခုထိ သဘောတူညီချက် မရကြသေးပေမယ့် ပါတီကြီး ၂ ရပ်စလုံးက အတည်ပြုပေးမယ်လို့ မျှော်လင့်နေကြတာပါ။
ရီပတ်ဘလစ်ကင်ပါတီ အများစုခေါင်းဆောင် Kentucky ပြည်နယ်က Mitch McConnell ကတော့ ပါတီ ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေ ကိုယ်တိုင် ဒီ ဥပဒေဟာ ကောင်းမွန်ပြည့်စုံတဲ့ ဥပဒေ မဟုတ်ဖူးလို့ ယုံကြည်ကြပေမယ့် ဒါဟာ အမေရိကန်ပြည်သူတွေကို တိုက်ရိုက် သက်ရောက်စေမယ့် ကိစ္စရပ်တွေအတွက် တိုးတက်လာစေဖို့အပြင် အမေရိကန်စစ်တပ် ပြန်လည်တည်ဆောက်ရေးကို စတင်နိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်းဖြစ်တယ် ဆိုတာ သူကိုယ်တိုင်လည်း ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။
နယူးရောက်ပြည်နယ်က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်Chuck Schumer ကတော့ ဒီသဘောတူညီချက်ဟာ ကောင်းမွန်တဲ့ သဘောတူညီချက်တရပ် ဖြစ်ကြောင်းနဲ့ ဒါဟာ နိုင်ငံကောင်းစားရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်နိုင်သလို အတားအဆီး အခက်အခဲတွေကို ဖြေရှင်းနိုင်တယ် ဆိုတာကို ခိုင်ခိုင်မာမာ ပြသလိုက်တာ ဖြစ်ကြောင်းပြောပါတယ်။
Your browser doesn’t support HTML5
အစိုးရယန္တရား မရပ်ဆိုင်းရေး ကန်အမတ်တွေ ညှိ မရသေး