ချက် ပါလီမန်ဥက္ကဋ္ဌ ထိုင်ဝမ်ခရီးစဉ် တရုတ်ပြင်းပြင်းထန်ထန်တုံ့ပြန်

ထိုင်ဝမ်နိုင်ငံ Taipei မြို့မှာ တွေ့ရတဲ့ ချက်သမ္မတနိုင်ငံ ပါလီမန်ဥက္ကဋ္ဌ Milos Vystrcil။ (သြဂုတ် ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ချက်သမ္မတနိုင်ငံ ပါလီမန်ဥက္ကဋ္ဌ Milos Vystrcil ဟာ ထိုင်ဝမ်ကို သွားရောက်လည်ပတ်တဲ့အပေါ်မှာ တန်ဖိုးကြီးကြီး ပြန်လည် ပေးဆပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။ ချက်သမ္မတနိုင်ငံ ပါလီမန်ဥက္ကဋ္ဌ Vystrcil က ထိုင်ဝမ်နဲ့ စီးပွားရေး တိုးမြှင့်ဖို့ တနင်္ဂနွေနေ့က ထိုင်ဝမ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

တရုတ် နိုင်ငံတော် ကောင်စီဝင် Wang Yi

တရုတ်တို့က ထိုင်ဝမ်ကို ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ပြည်နယ်အနေနဲ့ တစ်ခြားနိုင်ငံတွေနဲ့ တရားဝင် ဆက်ဆံရေး မလုပ်ရဘူးလို့ သတ်မှတ် ယူဆထားတာပါ။ ဒါကြောင့် ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် နိုင်ငံတော် ကောင်စီဝင် Wang Yi က ချက်ပါလီမန် ဥက္ကဋ္ဌရဲ့ အလည်အပတ်ခရီးအတွက် တုံ့ပြန် လက်စားချေမယ်လို့ ပြောပါတယ်။ တရုတ်အစိုးရနဲ့ ပြည်သူတွေက ဒီကိစ္စအပေါ် ဘာမှ မလုပ်ဘဲ ဒီ အတိုင်း ငြိမ်နေမှာ မဟုတ်သလို လွှတ်ထားမှာလည်း မဟုတ်ကြောင်း၊ အမျှော်အမြင်နည်းတဲ့ အပြုအမူအတွက် တန်ဖိုး ကြီးကြီး ပြန်လည် ပေးဆပ်ရမှာ ဖြစ်ကြောင်း နိုင်ငံတော် ကောင်စီဝင် Wang ကို ကိုးကားပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လို တုံ့ပြန်မှာလည်း ဆိုတာကိုတော့ Wang က ပြောကြားတာ မရှိပါဘူး။

SEE ALSO: ချက် အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို ရောက်

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek က ချက်အစိုးရအနေနဲ့ ပါလီမန် ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီးစဉ်ကို ထောက်ခံခြင်း မရှိပေမဲ့ Wang ရဲ့ ပြောကြားချက်က သိပ်ကို ပြင်းထန်လွန်းတာကြောင့် တရုတ်ဘက်က ရှင်းလင်းပေးဖို့ လိုအပ်တဲ့အတွက် တရုတ် သံအမတ်ကို ဆင့်ခေါ်သွားမယ်လို့ ပြောပါတယ်။

ဒီ ခရီးက နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက်တာ မှန်ပေမဲ့ တရုတ်တို့ ပြောတဲ့ စကားက စည်းဘောင်ကို ကျော်သွားခဲ့ကြောင်း၊ Wang ရဲ့ ဝေဖန်ချက်ဟာ ချက်သမ္မတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာဖြစ်ကြောင်းနဲ့ ချက်နိုင်ငံဟာ လွတ်လပ်မှု ရှိတဲ့ တိုင်းပြည် ဖြစ်ပြီး နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးပမ်းတာ ဖြစ်သလို နိုင်ငံရေး အရ ဘယ်သူနဲ့မှ ထိပ်တိုက် တွေ့ဖို့ ရည်ရွယ်ချက်မရှိဘူးလို့လည်း ချက်နိုင်ငံခြားရေး ဝန်ကြီးက CTK သတင်းကို ပြောပါတယ်။ ထိုင်ဝမ် စီးပွားရေး ဝန်ကြီး Wang Mei-hua ကတော့ တရုတ်နိုင်ငံကို တိုက်ရိုက် ရည်ညွှန်းပြောဆိုတာမျိုး မလုပ်ဘဲ ချက်နဲ့ ထိုင်ဝမ် နှစ်နိုင်ငံဟာ လွတ်လပ်ပြီး ဒီမိုကရေစီစနစ်ကျင့်သုံးသလို လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေဖြစ်လို့ ဘုံ တန်ဖိုးတွေ တူညီကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

ချက် ပါလီမန်ဥက္ကဋ္ဌ ထိုင်ဝမ်ခရီးစဉ် တရုတ်ပြင်းပြင်းထန်ထန်တုံ့ပြန်

[Unicode Version]




SEE ALSO: Coronavirus ကြောင့် ချက်နိုင်ငံ စာသင်ကျောင်းတွေ ပိတ် 


ထိုင်ဝမ် စီးပွားရေး ဝန်ကြီး Wang Mei-hua
