လစ်ဗျား နိုင်ငံမှာ အနည်းဆုံး လူပေါင်း ၄၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တဲ့ အင်္ဂါနေ့ည ဗုံးခွဲ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ထရီပိုလီမှာ ရှိနေတဲ့ ကုလသမဂ္ဂ သံတမန်က ဆိုပါတယ်။
အသက်မသေဘဲ ကျန်ရစ်တဲ့ ဆိုမာလီ အမျိုးသမီး တဦးက ဆိုရင် ကျမတို့က ငြိမ်းချမ်းရေးကို လိုချင်လို့ ဆိုမာလီကနေ ယီမင်၊ ယီမင်ကနေ ဆူဒန်၊ ဆူဒန်ကနေ တဆင့် ဒီ လစ်ဗျားနိုင်ငံထရီပိုလီကို ရောက်လာတာ။ ဒီမှာလည်းဘဲ ဆိုမာလီယာနဲ့ ဘာမှ မထူးဘူးလို့ ပြောကြားပါတယ်။
လစ်ဗျားမြို့တော် ထရီပိုလီ ရင်ခွဲရုံမှာတော့ အဝတ်နဲ့ ပတ်ထားတဲ့ လူသေအလောင်းတွေကို စစ်ဆေးဖို့ ပြင်ဆင်ထားပြီး ဆေးရုံမှာ ကုသနေတဲ့ ဒဏ်ရာရသူတွေထဲက တချို့ဟာ သတိလစ်နေကြဆဲပါ။
တိုက်ခိုက်မှုဟာ အင်္ဂါနေ့ည ၁၁ နာရီ ၃၀ မိနစ်လောက်မှာ ဖြစ်ပွားခဲ့ပြီး သူတို့ ထိန်းသိမ်းရေး စခန်း အပေါ်မှာ ဒရုန်းယာဉ်တွေ ဝဲနေတာ မကြာသေးမီ ရသတ္တပတ်တွေ အတွင်း ပုံမှန် ကြားနေခဲ့ရတယ်လို့ အသက်ရှင် ကျန်ရစ်နေသူတွေက ဆိုကြပါတယ်။
ထရီပိုလီ မြို့တော်က အရာရှိတွေကတော့ ဒီတိုက်ခိုက်မှုတွေက လစ်ဗျား အရှေ့ပိုင်းက စစ်တပ် အကြီးအကဲ Khalifa Haftar ရဲ့ လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ Haftar ရဲ့ တပ်ဖွဲ့တွေဟာ လစ်ဗျားမှာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရကို တိုက်ခိုက်ပြီးတော့ အာဏာသိမ်းဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5