အယ်လ်နီညိုအပူလှိုင်းကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းသွားနိုင်

Your browser doesn’t support HTML5

၂၀၂၃ ခုနှစ်နှောင်းပိုင်းဝင်လာမယ့် အယ်နီညို အပူလှိုင်းကြောင့် အေရှ့တောင်အာရှနိုင်ငံတွေအပါအ၀င် သြစတေးလျနဲ့ အမေရိကတိုက်မှာပါ ပုံမှန်မဟုတ်တဲ့ ရာသီဥတုမျိုးနဲ့ ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဥ်မှာ နန်းလောင်၀်က တင်ပြထားပါတယ်။ ..

ဒီနှစ်နှောင်းပိုင်းဝင်လာမယ့် အယ်နီညိုအပူလှိုင်းကြောင့် အေရှ့တောင်အာရှနိုင်ငံတွေအပါအ၀င် သြစတေးလျနဲ့ အမေရိကတိုက်မှာပါ ပုံမှန်မဟုတ်တဲ့ ရာသီဥတုမျိုးနဲ့ ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲ သူ့သဘာ၀အတိုင်း ဖြစ်ပေါ်လာတဲ့ အပူလှိုင်းကြောင့် အပူပိုင်းမုန်တိုင်းတွေ၊ မိုးသည်းထန်မှုတွေ၊ ရေကြီးရေလျှံမှုတွေဖြစ်လာနိုင်သလို ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာတော့ တောမီးရန်လည်း ရှိနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။