(Zawgyi / Unicode)
အီသီယိုးပီးယားနိုင်ငံ Tigray ဒေသရဲ့ မြို့တော် Mekelle ကို ပြည်ထောင်စုအစိုးရ တပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ ဝန်ကြီးချုပ်နဲ့ စစ်တပ်အကြီးအကဲက စနေနေ့နှောင်းပိုင်းမှာ ပြောဆိုထားပါတယ်။
ပြည်ထောင်စုအစိုးရတပ်က ဒေသတွင်းမှာ အပြီးသတ် ထိုးစစ်ဆင်နေပြီး လူဦးရေ ၅၀၀,၀၀၀ ရှိတဲ့ Mekelle မြို့က အရပ်သားတွေကို ကာကွယ်ပေးမယ်လို့ အစောပိုင်းမှာ အာဏာပိုင်တို့က ပြောဆိုထားတာပါ။
ပြီးခဲ့တဲ့ သီတင်းသုံးပတ်လုံး အစိုးရတပ်တွေနဲ့ တိုက်နေတဲ့ မြောက်ပိုင်းဒေသက Tigrayan တပ်တွေဘက်ကတော့ လတ်တလော ပြောဆိုချက် မရှိသေးပါဘူး။
SEE ALSO:
Tigray လွတ်မြောက်ရေးတပ်ဦး ကို အပြီးသတ်ထိုးစစ်ဆင်ဖို့ အီသီယိုပီးယားဝန်ကြီးချုပ် အမိန့်ပေးလိုက်ပြီMekelle မြို့ကို ပြည်ထောင်စုအစိုးရက အပြည့်အဝ ထိန်းချုပ်ထားပြီလို့ ဝန်ကြီးချုပ် Abiy Ahmed က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာတင်ထားတဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဒီနောက် စစ်တပ်ရဲ့ တရားဝင် လူမှုကွန်ရက် Facebook Page မှာ တင်ထားတဲ့ တပ်ချုပ် Birhanu Jula ရဲ့ ကြေညာချက်ထဲမှာလည်း အလားတူ ပြောဆိုထားပါတယ်။
တိုက်ပွဲတွေစတဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက ဒေသတွင်းမှာ တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက် အသုံးပြုခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး လိုင်းတွေလည်း ကျနေတာကြောင့် ဘက်အားလုံးက ပြောဆိုချက်တွေကို သီးခြား အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။
ဒေသခံတွေ နောက် Tigrayan တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်နဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတဲ့ သံတမန်တဦးကတော့ Mekelle ကို သိမ်းပိုက်ရေးအတွက် ပြည်ထောင်စုအစိုးရ တပ်တွေက စပြီး ထိုးစစ်ဆင်နေပြီလို့ စနေနေ့ အစောပိုင်းမှာ ပြောပါတယ်။
Tigray ပြည်သူ့လွတ်မြောက်ရေးတပ်ဦး TPLF အနေနဲ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး လက်နက်ချမလား၊ မြို့ကို တိုက်ခိုက်ခံမလားဆိုပြီး အစိုးရက ရာဇသံပေးထားတာပါ။
ပဋိပက္ခအတွင်း သေဆုံးသူ ထောင်နဲ့ချီရှိမယ်လို့ ခန့်မှန်းထားပြီး အိမ်နီးချင်း ဆူဒန်ကို ထွက်ပြေးသူ ဒုက္ခသည် ၄၃,၀၀၀ လောက် ရှိပါတယ်။
Your browser doesn’t support HTML5
Tigray ဒေသ မြို့တော်ကို ထိန်းချုပ်နိုင်ပြီဟု အီသီယိုးပီးယား ကြေညာ
-------------------------
(Unicode)
SEE ALSO:
Tigray ပွညျသူ့လှတျမွောကျရေးတပျဦး TPLF အနနေဲ့ ဗုဒ်ဓဟူးနေ့ နောကျဆုံးထားပွီး လကျနကျခမြလား၊ မွို့ကို တိုကျခိုကျခံမလားဆိုပွီး အစိုးရက ရာဇသံပေးထားတာပါ။