သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုးပီးယား Tigray ဒေသ မြို့တော်လူထု ဘေးလွတ်ရာ တိမ်းရှောင် 


(Zawgyi/Unicode)

ဒေသခံ သူပုန်တပ်ဖွဲ့တွေကို ချေမှုန်းဖို့ စစ်တပ်ရဲ့ နောက်ဆုံးအဆင့် ထိုးစစ်အတွက် အီသီယိုးပီးယား ဝန်ကြီးချုပ် Abiy Ahmed က အမိန့်ပေးလိုက်ပြီးတဲ့နောက် Tigray ဒေသ မြို့တော် Mekele မှာ ပြင်းထန်လာမယ့် တိုက်ပွဲအန္တရာယ်ကို လူအများ စိုးရိမ်ထိတ်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

လူဦးရေ သန်းတဝက်နေထိုင်တဲ့ Mekele မြို့ကို ထိုးစစ်ဆင်တဲ့နေရာမှာ မြို့ခံတွေအနေနဲ့ Tigray ခေါင်းဆောင်တွေနဲ့ အချိန်မှီ အဝေးမှာနေကြဖို့နဲ့ သူတို့ဘက်ကတော့ သက်ညှာမှုရှိမှာ မဟုတ်ဘူးလို့ အီသီယိုးပီးယားအစိုးရက သတိပေးထားပါတယ်။

စစ်တပ်တွေကို အမိန့်ပေးထားတဲ့အတွက် Mekele မြို့မှာ နေထိုင်သူတွေအနေနဲ့ လက်နက်ချကြဖို့နဲ့ အထဲမှာပဲ နေကြဖို့ သမ္မတ Abiy က သတိပေးထားပါတယ်။ ဒါပေမဲ့လည်း အရပ်သားတွေကို အကာအကွယ်ပေးမှာဖြစ်တယ်လို့Abiy အစိုးရက ကြေညာထားပါတယ်။

Tigray ပြည်သူ့လွတ်မြောက်ရေးတပ်ဦး TPLF အတွက် ငြိမ်းချမ်းရေးတံခါးတွေ ဖွင့်ထားခဲ့ပေမဲ့ အီသီယိုးပီးယားပြည်သူတွေကို မထီမဲ့မြင်ပြုမှုကြောင့် အခိုင်အမာ ပိတ်လိုက်ပြီဖြစ်တယ်လို့Abiy ရဲ့ကြာသာပတေးနေ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

TPLF အနေနဲ့ ၇၂ နာရီအတွင်း လက်နက်ချမလား ဒါမှမဟုတ် Mekele မြို့ပေါ် စစ်တပ်ရဲ့ ထိုးစစ်ကို ရင်ဆိုင်မလား ဆိုပြီး ဒီသီတင်းပတ်အစောပိုင်းက သမ္မတ Abiy က ရာဇသံပေးခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာပင် လူ ဦး ရေ ၆ သန်းနေထိုင်တဲ့ Tigray ဒေသမှာ စားနပ်ရိက္ခာနဲ့အခြားပစ္စည်းတွေ ပြတ်လပ်နေတာကြောင့် ဘက်လိုက်မှုမရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ခွင့်ပြုဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG